စပါးကို အနိုင်ရရှိပြီးနောက် ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို သတိပေး ‌စကားဆိုလိုက်တဲ့ ဗာရန်း

0
136

မန်ချက်စတာ ယူနိုက်တက် ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်း က ပြိုင်ဘက်ကောင်း စပါး အသင်းကို ထိုက်ထိုက်တန်တန် အနိုင် ရရှိိခဲ့တဲ့ ပွဲစဥ် အပြီးမှာ သူတို့ဆီက ဒီထက် ပိုကောင်းတဲ့ အရာတွေ ရောက်လာဖို့ ရှိသေးကြောင်း ပြိုင်ဘက်တွေကို သတိပေး စကား ဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ယနေ့ နံနက်က အိုးလ်ထရပ်ဖို့ဒ်မှာ




စပါး အသင််းကို ဧည့်ခံ ကစားခဲ့ရပြီး အဲရစ် တန်ဟက်ဂ် ကတော့ ရော်နယ်ဒို ကို အရန်ခုံပေါ် ထားခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်နဲ့ ကက်စမဲရိုး တို့ကို ထုတ်သုံးသွားခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဆန်ချို နဲ့ ဘရူနို တို့လို လှုပ်လှုပ်ရှားရှား ကစားပေးတတ်တဲ့ ကစားသမားတွေကို




ပွဲထုတ်ခဲ့တဲ့ အတွက် စပါး အသင်းရဲ့ ခံစစ်မှူးတွေဟာ အတော်လေး အလုပ်ရှုပ်သွားခဲ့ရပါတယ်။ ရလဒ် တစ်ခု အနေနဲ့ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပြန်ပါတယ်၊ ဒါပေမယ့် အဆုံးသတ် စွမ်းရည် ပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေးဆဲ ဖြစ်တဲ့ အတွက် ပထမပိိုင်းမှာ ဂိုးမရှိ သရေ ရလဒ်သာ




ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ဂိုးသမား ဟူဂိုလိုရစ် လက်စွမ်း ပြနိုင်ခဲ့တာကလည်း မန်ချက်စတာ ယူနိုက်တက် ကို ဂိုးကံခေစေခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်း အစမှာပဲ ဆန်ချို ရဲ့ ဖန်တီးပေးမှုက တဆင့် ဖရက်ဒ်ဟာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး (69) မိနစ်မှာ ဖာနန်ဒက်စ်က တစ်ဂိုး ဆက်သွင်းနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ




နောက်ထပ် အခွင့်အရေးကောင််း အချို့ ပိုင်ဆိုင်ခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့တဲ့ အတွက် ပွဲစဥ်ဟာ 2-0 နဲ့ ပြီးဆုံးသွားခဲ့ရပါတယ်၊ အဆိုပါ ပွဲစဥ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် (2) နေရာမှ မန်စီးတီး အသင်းအောက် (4) မှတ်၊ အဆင့်တစ် နေရာမှ အာဆင်နယ် အောက် (8) မှတ် အကွာကို ရောက်ခဲ့ပါတယ်။ အခုတော့




ပွဲစဥ်အပြီး MUTV နဲ့ အင်တာဗျူး အစီအစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ဗဟို နောက်ခံလူ ဖြစ်သူ ရာဖေးလ် ဗာရန်း က သူတို့ဟာ ဒီထက် ပိုပြီး ကောင်းမွန်အောင် ကစားနိုင်သေးကြောင်း ဒီထက် ပိုပြီးကောင်းတဲ့ စွမ်းဆောင်ရည်တွေ လာဦးမှာ ဖြစ်ကြောင်း ပြိုင်ဘက်တွေကို သတိပေး သွားခဲ့လိုက်ပါတယ်။ ဒါဟာ




အဲရစ် တန်ဟက်ဂ် လက်အောက် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒါတကယ့်ကို ခက်ခဲလွန်းတဲ့ ပွဲ တစ်ပွဲပါ၊ ကျွန်တော်တို့ အခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့ပြီး အခုထက် ဂိုးတွေ ပိုမို သွင်းယူ နိုင်ခဲ့သင့်ပါတယ်၊ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုပြီး ဖန်တီးနိုင်ခဲ့တယ်။ အသင်းရဲ့ ဖိအားပေး ကစားပုံ နဲ့




tempo တွေက တကယ်ပဲ ကောင်းမွန်ခဲ့တယ်လို့ ထင်မိပါတယ်၊ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ team work ကလည်း ကောင်းခဲ့ပါတယ်၊ လီဆန်ဒရို မာတီနက်ဇ် နဲ့ တွဲဖက် ကစားရတာကို တကယ်ပဲ နှစ်ခြိုက် ပျော်ရွှင်မိပါတယ်၊ သူဟာ တကယ့်ကို ကစားသမားကောင်း တစ်ဦးပါပဲ။ Clean Sheet ရရှိဖို့ ထိုက်တန်တဲ့ ခံစစ် ကစားပုံ ဖြစ်သွားခဲ့ရပါတယ် အံ့ဖွယ်ပါပဲ။

ဒီပွဲမှာ ကစားသမား (11) ဦးလုံး တူညီတဲ့ tempo၊ ရန်လိုမှု၊ အာရုံစိုက်ပြီး ကစားပြသွားနိုင် ခဲ့ကြပါတယ်၊ ပြီးတော့ ဖရက်ဒ် ကလည်း တစ်ချိန်လုံး ပြေးလွှား ကစားပြနိုင်ခဲ့ပါတယ်။ သူဟာ အသင်းအတွက် တကယ့်ကို အကူအညီ ဖြစ်စေနိုင်ခဲ့ပြီး ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါက တကယ့်ကို အပေါင်း လက္ခဏာ ဆောင်ကြဥ်းတဲ့ ပွဲကောင်း တစ်ပွဲပါ၊ ကျွန်တော်တို့ ဒီထက် ပိုကောင်းနိုင် ပါသေးတယ်၊ ကျွန်တော်တို့ ပွဲစဥ်ကို တကယ်ပဲ ပျော်ရွှင် ခံစားနိုင််ခဲ့ကြပါတယ်လို့ ဗာရန်း က ပြောဆိုလိုင်တာပဲ ဖြစ်ပါတယ်။

credit