အင်္ဂလန် ခရီးလမ်း အစက ခက်ခဲကြောင်း ဖွင့်ဟရင်း စပါးကို နိုင်ခဲ့ပေမယ့် ငိုခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလာတဲ့ လီဆန်ဒရို မာတီနက်ဇ်
|မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ် က သူဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ အားပေးမှုတွေကို ကြားတိုင်း မျက်ရည်ဝဲတဲ့ထိ ပျော်ရွှင်မိတယ်လို့ စပါးနဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ၂၄ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ဟာ
ယခုနှစ် ဘောလုံးရာသီမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်ထိ ကာလရှည် စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ လီဆန်ဒရို မာတီနက်ဇ် ဟာ ဘောလုံးကိုင် ကစားရာမှာ ကျွမ်းကျင်သလို
တစ်ဦးချင်း လူကပ် ကစားရမှာလည်း အတော်လေး ထူးချွန်တဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်ပေမယ့် အရပ်အမြင့် ၅ ပေ ၁၀ လက်မသာ ရှိတာကြောင့် ကြံ့ခိုင်မှု အသားပေး ကစားလေ့ ရှိပြီး အင်္ဂလန် ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးတွေလည်း အပေးခံခဲ့ရပါတယ်။ ဒါပေမယ့် လီဆန်ဒရို မာတီနက်ဇ် ဟာ သူ့အပေါ် ဝေဖန်မှုတွေကို
ခြေစွမ်းကောင်းတွေနဲ့ အတူ ပြန်လည် တုံ့ပြန်ခဲ့ပြီး သူနဲ့ ဗာရန်း တို့ရဲ့ ခံစစ်အတွဲဟာ အချိန်တို အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ခံစစ်တွဲ ဖြစ်လာသလို မာတီနက်ဇ် ကလည်း ပရီးမီးယားလိဂ် အကောင်းဆုံး ဗဟိုခံစစ်မှူး ၁၀ ဦး စာရင်းထိပါ ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၎င်းဟာ မန်ချက်စတာ ယူနိုက်တက် ဆီ ရောက်ရှိကာစက အခက်အခဲတွေနဲ့
ရင်ဆိုင်ခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အားပေးမှုက သူ့အတွက် အားဆေးတခွက်လို ဖြစ်ကြောင်း၊ ပရိသတ်တွေက အာဂျင်တီးနား အာဂျင်တီးနားလို့ သူ့ နိုင်ငံရဲ့ နာမည်ကို အော်ဟစ် အားပေးတဲ့ အချိန်တွေ ဆိုရင် ဝမ်းသာလွန်းလို့ မျက်ရည်ပါလည်ကြောင်း ယခုလို ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ မာတီနက်ဇ်က
ကျွန်တော် ဒီအသင်းကို စရောက်တဲ့ အချိန်မှာ အခက်အခဲ တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒါပေမယ့် အခုတော့ အရာအားလုံး အဆင်ပြေနေပါပြီ၊ ပရိသတ်တွေက အာဂျင်တီးနား အာဂျင်တီးနား လို့ အားပေးတဲ့ အသံတွေကို ကြားမိတဲ့ အခါ ကျွန်တော် ငိုချင်လာတဲ့ထိ ပျော်ရွှင်ရပါတယ်၊ အရိုးသားဆုံး ပြောတာပါ။
ကျွန်တော့်ရဲ့ အင်္ဂလန် ခရီးလမ်း အစက ကြမ်းတမ်းခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ မိသားစုကြောင့် အဆင်ပြေပြေ ဖြတ်သန်း နိုင်ခဲ့ပါတယ်၊ ဒီအတွက် အဖေ့ကိုလည်း ကျေးဇူးတင်ချင်တယ်၊ အမေ့ကိုလည်း ကျေးဇူးတင်ချင်တယ်၊ ကျွန်တော့် ကောင်မလေးနဲ့ ညီမတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit