စပါးနဲ့ ပွဲမှာ စည်းကမ်း ချိုးဖောက်ခဲ့လို့ အသင်းနဲ့ အဲရစ် တန်ဟက်ဂ် သဘောတူညီမှု ရယူပြီး ပိတ်ဆို့ အရေးယူခံလိုက်ရပြီ ဖြစ်တဲ့ ရော်နယ်ဒို

0
63

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဒီရာသီ အသင်းရဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းရဲ့ လူစာရင်းက ချန်လှပ်ခဲ့သလို အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းခွင့်လည်း ပိတ်ပင်လိုက်ပြီးကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနများ ဖော်ပြသွားခဲ့ပါတယ်။




၃၇ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံး ရာသီမှာတော့ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ သွင်းဂိုး နှစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ဝာ ဖြစ်ပြီး ဂိုးဖန်တီးမှု အနေနဲ့လည်း




တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဲရစ် တန်ဟက်ဂ် ရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို အသင်းက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်နေခဲ့ပြီး ၎င်းရဲ့ စည်းကမ်း ချိုးဖောက်မှုတွေက အနည်းဆုံး ၅ ကြိမ် အထက်ရှိကြောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။




၎င်းဟာ ယမန်နေ့ မနက် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ် မှာလည်း ပွဲမပြီးခင် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တွေကို အသိမပေးပဲ ကွင်းထဲက ထွက်ခွာသွားခဲ့ပြီး အဆိုပါ လုပ်ရပ်ကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ၎င်းကို အတော်လေး ဒေါသထွက်နေခဲ့ပြီး ယမန်နေ့ညမှာပဲ အဲရစ် တန်ဟက်ဂ် က




မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့နဲ့ တွေ့ဆုံပြီး ရော်နယ်ဒို ကို အပြစ်ပေးဖို့ တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ ကလည်း အကြိမ်ကြိမ် စည်းကမ်းချိုးဖောက် ထားတဲ့ ရော်နယ်ဒို ကို အပြစ်ပေးမယ့် အဲရစ် တန်ဟက်ဂ် ရဲ့ အစီအစဉ်ကို ထောက်ခံခဲ့ပြီး အဲရစ် တန်ဟက်ဂ် က ဘုတ်အဖွဲ့ရဲ့ သဘောတူညီမှုကို ရရှိပြီးနောက် ချဲလ်ဆီးနဲ့




ကစားရမယ့် ပွဲစဥ် အတွက် ပြင်ဆင်နေတဲ့ လူစာရင်းထဲက ရော်နယ်ဒို ကို ထုတ်ပယ်ခဲ့လိုက်ပြီး နောက်ထပ် ကြီးမားတဲ့ အပြစ်ပေးမှု တခု အဖြစ် ရော်နယ်ဒိုကို အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်ပင်လိုက်ပါတယ်။ နာမည်ကြီး သတင်းထောက် အချို့ရဲ့ ဖော်ပြချက် အရ

အဲရစ် တန်ဟက်ဂ် က ရော်နယ်ဒို ကို အသင်းရဲ့ လူစာရင်းထဲ ကနေ ထုတ်ပယ် ခဲ့ရုံသာမကပဲ နောက်ထပ် သုံးရက်တိတိ အသင်းကြီးနဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်လိုက်ပြီး ၎င်းဟာ အဆိုပါ သုံးရက်လုံးမှာ သူတစ်ယောက်ထဲသာ လေ့ကျင့်ခန်း ဆင်းရမယ်လို့ သိရပါတယ်။

credit