စည်းကမ်း ဖောက်ဖျက်မိလို့ ရော်နယ်ဒိုကို အရေးယူခဲ့ အဲရစ် တန်ဟက်ဂ်ကို ရည်ရွယ် ပြစ်တင် ပြောဆိုလာတဲ့ ရော်နယ်နယ်ဒိုရဲ့ အမ Elma Aveiro
|ချဲလ်ဆီး နဲ့ ကစားရမယ့် ပွဲစဉ် အတွက် အသင်းရဲ့ လူစာရင်းကနေ ခရစ္စတီယာနို ရော်နယ်ဒို ကို မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် မှ ချန်လှပ်လိုက် ပြီးနောက် ရော်နယ်ဒို ရဲ့အစ်မ ဖြစ်သူ Elma Aveiro က မကျေမနပ် ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကို
ရည်ရွယ်ပြီး ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်၊ မောင် ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့ ချိန်တိုင်းမှာ တဖက်အပေါ် အမြဲတမ်းလိုလို ဝေဖန် တိုက်ခိုက်လေ့ရှိတဲ့ Elma ဆီက နောက်ထပ် တုံ့ပြန်မှုလည်း ဖြစ်ပါတယ်၊ သူမက မန်ချက်စတာ ယူနိုက်တက်
နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ရဲ့ နာမည်ကို ထုတ်ဖော် မပြောဆိုခဲ့ပေမယ့် ဒါက ဘယ်သူါကို ရည်ညွှန်းတယ် ဆိုတာ အားလုံးက နားလည်ထားကြပြီး ဖြစ်ပါတယ်။ မက်ဒဲရား ကျွန်းမှာ ဒီဇိုင်နာ အဖြစ် လုပ်ကိုင်နေတဲ့ Elma က အရန်ခုံတန်းမှာ မျက်နှာ ညိုးငယ်နေတဲ့ ပုံနဲ့ ထိုင်နေတဲ့ ရော်နယ်ဒို ရဲ့ဓာတ်ပုံနဲ့
ရေးသား ပြောဆိုခဲ့ပြီး ပရိသတ်တွေကတော့ နောက်တကြိမ် ပွဲရှာခဲ့တယ်လို့ ဆိုခဲ့ပါတယ်၊ ရော်နယ်ဒိုရဲ့ အမက မင်း မလုပ်ချင်တဲ့ အရာကို ဆိုရင် မလုပ်ပါနဲ့၊ ဘုရားသခင်က ဘယ်တော့မှ မအိပ်စက်နေပါဘူး၊ မင်းက ငါ့ဘ၀ရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းနဲ့ ချစ်ခြင်းမေတ္တာပါ၊ ငါတို့ မသေမချင်း အမြဲတမ်း အတူတူ ရှိနေကြမှာပါလို့ သူမက ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကလည်း နယူးကာဆယ်နဲ့ ပွဲမှာ လူစားလဲ ခံခဲ့ရတဲ့ ရော်နယ်ဒို ကြောင့် သူမက အသင်းက ထွက်သွားဖို့ မင်း အရမ်းတောင် နောက်ကျသွားပြီလို့ ပြောဆို ရေးသားခဲ့ပါသေးတယ်၊ ရော်နယ်ဒို ဟာ စပါးနဲ့ ပွဲမှာ ပွဲ မပြီးဆုံးခင် ဥမင်ထဲ ဝင်သွားခဲ့တာကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ နှစ်ဦးတည်း
သီးသန့် တွေ့ဆုံခဲ့ရပြီး ချဲလ်ဆီးနဲ့ ကစားမယ့် ပွဲစဥ် လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတာပါ။ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဒီနေ့မှာ သူ့ အသင်းနဲ့ အသင်းဖော်တွေကို ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မကြာခင်မှာ ပြန်တွေ့ကြမယ်လို့ သူ့ရဲ့ လူမှုကွန်ရက် ကနေ ရေးသား ပြောဆိုသွားခဲ့ပါတယ်။
credit