စပါးနဲ့ ပွဲမှာ ထုတ်မသုံးခဲ့တာ မဟုတ်ဘဲ ရော်နယ်ဒိုက ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း ဆိုလိုက်ပြီး အရင်က အမှားတွေကိုပါ ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်
|တော့တင်ဟမ် ဟော့ စပါး နဲ့ ပွဲစဥ်မှာ ရော်နယ်ဒို က လူစားဝင် ကစားဖို့ အတွက် ငြင်းဆန်ခဲ့တယ်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ချဲလ်ဆီး နဲ့ ကစားရမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရာသီအစတုန်း ကလည်း သူ ဒီလိုမျိုး ပြုလုပ်ခဲ့လို့
ဒါမျိုး လက်မခံဘူးလို့ သတိပေးခဲ့ပါတယ်။ အခု သူ ဒုတိယမြောက် အဖြစ် ထပ်မံ လုပ်ခဲ့တယ်လို့ အဲရစ် တန်ဟက်ဂ် က ဆိုပါတယ်။ စပါး နဲ့ ပွဲမှာ ရော်နယ်ဒို က ပွဲမပြီးခင် ဥမင်ထဲ ဝင်သွားခဲ့လို့ ချဲလ်ဆီး နဲ့ ကစားရမယ့် အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်မယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ
မနေ့ကပဲ တရားဝင် ကြေညာခဲ့ပါတယ်။ ယခု အခါမှာတော့ ကစားတားသမား ဘက်က လက်မခံနိုင် စရာတွေ ပြုလုပ် ခဲ့တာကြောင့် ဒီအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်၊ ရော်နယ်ဒို အတွက် ရောင်ပြန်ဟပ်မှု တခုတော့ ရှိပါလိမ့်မယ်၊ ဒါပေမယ့် တခြား ကစားသမားတွေ အားလုံး အတွက်လည်း ရာသီအစမှာ
ကျနော် ပြောခဲ့တာ ရှိပါတယ်။ ဘောလုံး ဆိုတာက အသင်းလိုက် အားကစား တခုပါ၊ ဒီတော့ တချို့ စံနှုန်းတွေကို သေချာပေါက် ဖြည့်ဆည်းပေးဖို့ လိုအပ်ပြီး အဲဒီ အပေါ်မှာ ကျနော်က ထိန်းချုပ်သွားရမှာပါ၊ သူ့ကို အသင်း လူစာရင်းမှာ မထည့်သွင်းဖို့ ထုတ်ပြန်ချက်က ရှင်းလင်းပြီးသားပါပဲ။
သူက အသင်း လူစာရင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်နေဆဲလို့ ကျနော်ကတော့ ထင်ပါတယ်။ ရော်နယ်ဒိုက လူစားဝင်ဖို့ ငြင်းဆန်ခဲ့သလား ဆိုရင်တော့ ဟုတ်ပါတယ်လို့ပဲ ကျနော် ပြောရမှာပါ၊ ကျနော်က နည်းပြ တဦးပါ၊ ဒီမှာ အသင်းရဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ ကျနော့်မှာ တာဝန်ရှိပြီး စံနှုန်းနဲ့ စံတန်ဖိုးတွေကို သတ်မှတ်ထိန်းချုပ် ဖို့လိုပါတယ်။
ဗယ်လက်ကာနို နဲ့ ပွဲအပြီးမှာ ဒါကို လက်မခံနိုင်ဘူးလို့ သူ့ကို ကျနော် ပြောခဲ့ပါတယ်။ သူမှ မဟုတ်ပါဘူး၊ အားလုံးကို ပြောခဲ့တာပါ၊ ဒါက ဒုတိယအကြိမ် ဖြစ်သွားပြီ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနေတယ်၊ ဒါက အသင်းအတွက်လည်း လွဲချော်မှု တခုပါ လို့ အဲရစ် တန်ဟက်ဂ် က ထပ်ဆင့် ပြောကြားသွားခဲ့ပါတယ်။
credit