မန်ချက်စတာ ယူနိုက်တက် နဲ့ ဂက်ဂ်ပို ရဲ့ အနာဂတ်ကို ဘယ်သူ ဆုံးဖြတ်သွားမလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ နစ္စတယ်ရွိုင်း
|ပီအက်စ်ဗွီ နည်းပြ ဖြစ်သူ ရုဒ်ဗန် နစ္စတယ်ရွိုင်း က အာဆင်နယ် နဲ့ ရင်ဆိုင်မယ့် ပွဲစဥ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ တောင်ပံတိုက် ကစားသမား ဂက်ပို ရဲ့ အနာဂတ်ကို ဘယ်သူ ဆုံးဖြတ်သွားမလဲ ဆိုတာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန််းက ကွင်းလယ် ခံစစ်၊ တောင်ပံ တိုက်စစ်နဲ့ ဗဟိုခံစစ် နေရာများ အတွက် ကစားသမားတွေ ခေါ်ယူဖို့ ဦးစားပေးခဲ့ပြီး ကွင်းလယ် အတွက် ဖရန်ကီ ဒီဂျောင် ကို လိုချင်ခဲ့ပေမယ့် ကက်စမဲရိုး နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဗဟိုခံစစ်နေရာ အတွက်တော့ မန်ချက်စတာ ယူနိုက်တက် တို့ လိုချင်နေတဲ့ လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူနိုင်ခဲ့ ကြပါတယ်၊ ဒါ့အပြင် တောင်ပံတိုက်စစ် နေရာ အတွက် အန်တိုနီကို ဦးစားပေး အဖြစ် သတ်မှတ် ခဲ့ကြပါတယ်၊ ဒါပေမယ့် အေဂျက်ဇ် အသင်းက စျေးကိုင်ခဲ့ပါတယ်။
ဒီလိုအနေအထား တစ်ရပ်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အကြောင်းသိ ဖြစ်တဲ့ ပီအက်စ်ဗွီ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး ကစားသမားနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အခြားတဘက်မှာလည်း အန်တိုနီကို ဆက်လိုက် နေခဲ့ပြီး အဆုံးသတ်မှာ အေဂျက်ဇ် အသင်းနဲ့ သဘောတူညီိမှု ရယူနိုင်ခဲ့တဲ့ အတွက် အန်တိုနီကိုသာ အရခေါ်ယူခဲ့ရပါတယ်၊ သို့သော်လည်း ဂတ်ပိုနဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ သတင်းတွေက ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ပြီးခဲ့တဲ့ရက် ပိုင်းက
ကစားသမား ကိုယ်တိုင််က မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ စကား ပြောဖြစ်ခဲ့ကြောင်း အင်္ဂလန်ကို သွားရောက် ကစားလိုကြောင််း ပြောခဲ့တဲ့ အတွက် သူ့ရဲ့ အနာဂတ် သတင်းတွေက ပြန်လည်် ထွက်ပေါ်လာခဲ့ပါတယ်၊ ယခုတော့ ပီအက်စ်ဗွီ နည်းပြ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့
ရုဒ်ဗန် နစ္စတယ်ရွိုင်း က သူ့ရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူဟာ သူ့ရဲ့ အနာဂတ်ကို သူကိုယ်တိုင် ဆုံးဖြတ်မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်၊ သူ့ကို စိတ်ဝင်စားနေကြတာ ပရီးမီးယားလိဂ် ကလပ်တွေတင် မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ သုံးလ လေးလ အတွင််း သူ့ရဲ့ စွမ်းဆောင်ရည်တွေ ထူးကဲလွန်းနေခဲ့ပါတယ်၊ သူ့ရဲ့ မှတ်တမ်းတွေနဲ့ သွင်းဂိုးတွေက
ဥရောပထိပ််သီး ကလပ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်၊ သူဟာ 23 နှစ်သာ ရှိသေးပြီး အသင်းမှာ ကစားရင်း သူ့ရဲ့ ကစားသမား ဘဝအပေါ် အာရုံစိုက်နေပါတယ်၊ သူ ဒါကို လုပ်ပြချင်နေပါတယ်၊ ဒါပေမယ့် အချိန် တစ်ခု ရောက်လာရင်တော့ သူကိုယ်တိုင် ဆုံးဖြတ််ချက် ချသွားပါလိမ့်မယ်လို့ နစ္စတယ်ရွိုင်းက ထုတ်ဖော် ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit