အိမ်ကွင်း အဝေးကွင်း ခွဲခြားနေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး လွဲချော်မယ့် ကစားသမား နှစ်ဦးကို အတည်ပြုရင်း ချဲလ်ဆီးနဲ့ ပွဲမှာ ထုတ်သုံးမယ့် အထောင်တိုက်စစ်မှူးကို ကြိုတင် အသိပေးလိုက်တဲ့ Ten Hag

Manchester United နည်းပြ Erik Ten Hag က ဒီကနေ့ နေ့လယ်ပိုင်း ဗြိတိန်စံချိန်မှာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်သွားခဲ့ပြီး မနက်ဖြန်မှာတော့ Chelsea ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ Manchester United ဟာ လန်ဒန် ကလပ်တွေဖြစ်တဲ့




အာဆင်နယ် နဲ့ စပါး ကို အနိုင် ကစားထားနိုင်ခဲ့တာ ဖြစ်ပြီး တန်ဟက်ဂ် နဲ့ ဂရေဟမ် ပေါ်တာ ရဲ့ ဒီရာသီမှာ ဒုတိယ အကြိမ် တွေ့ဆုံမှု ဖြစ်လာခဲ့ပါတယ်၊ ရာသီအဖွင့်ပွဲမှာ ပေါ်တာရဲ့ ဘရိုက်တန်ဟာ တန်ဟက်ဂ်ရဲ့ Manchester United ကို အနိုင် ကစားထားခဲ့တာ ဖြစ်ပြီး တန်ဟတ်ကတော့ အဝေးကွင်း ပွဲစဉ်ကို စိတ်ပူခြင်းမရှိဘဲ (၁၁)ယောက် (၁၁)ယောက်




ကစားရတာ ဖြစ်လို့ ရှေ့ပွဲတွေလိုပဲ တူညီတဲ့ ပွဲ တစ်ပွဲ ဖြစ်မှာပါလို့ ပြောဆိုခဲ့ ပါတယ်၊ ပွဲကောင်း တစ်ပွဲကို ကျွန်တော်တို့ ကစားရမှာပါ၊ ချဲလ်ဆီး ဘက်ကကြည့်ရင်လည်း အတူတူပါပဲ။ ကျွန်တော်က အိမ်ကွင်း အဝေးကွင်း ခွဲခြားနေမှာ မဟုတ်ပါဘူး၊ ကွင်းအကျယ်လည်း အတူတူ (၁၁) ယောက်ချင်း ကစားရတာလည်း အတူတူပဲ၊ ဒိုင်လည်းပါတယ်၊ ပရိသတ်တွေ ဆီက




အားပေးမှုကို အမြဲ ရနေတာပါ၊ ဒီပွဲအတွက် စိတ်အားထက်သန်မှု အပြည့်ရှိပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။ Erik Ten Hag ဟာ စပါးနဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းပြီး ပွဲမပြီးခင် ထပြန်သွားတဲ့ ရော်နယ်ဒိုကို ချဲလ်ဆီးနဲ့ ပွဲမှာ ချန်လှပ်မယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေက မှန်ကန်ကြောင်း၊ အပြစ်ပေးမှု ရှိခဲ့ပေမယ့် သူဟာ




အသင်းအတွက် အရေးပါသူ တစ်ယောက် ဖြစ်နေမှာပါလို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုကို သတိရနေမှာပါ၊ စပါးနဲ့ ပွဲမှာ သူက လူစားဝင်ဖို့ ငြင်းခဲ့ပါတယ်၊ ကျန်တဲ့ဟာတွေက သူနဲ့ ကျွန်တော့ကြားမှာပဲ ရှိမှာပါ၊ ဒါတွေက သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ပါ၊ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြ ပြီးပါပြီ၊ သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့




ကစားသမား အဖြစ် ရှိနေဦးမှာပါ။ စည်းမျဉ်း စံနှုန်းတွေ အတွက် ကျွန်တော့မှာ တာဝန်ရှိပါတယ်၊ ဘောလုံးက အသင်းလိုက် ကစားနည်းပါ၊ ဒီစည်းတွေ စံတွေကို လေးစားဖို့ လိုအပ်ပါတယ်၊ သူ ဗယ်လက်ကာနိုနဲ့ ပွဲတုန်းကလည်း ဒါမျိုး လုပ်ဖူးပါတယ်၊ အဲ့ဒီတုန်းက သူ တစ်ယောက်တည်းမဟုတ်ပါဘူး၊ အဲ့ကတည်းက ကျွန်တော် လက်မခံခဲ့တာပါ။




ဒီကိစ္စက သူမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို ဒီလို အကျိုးဆက်တွေ ဖြစ်လာမှာပါပဲလို့ Erik Ten Hag က ဖြေကြားသွားခဲ့ပါတယ်၊ ဆက်လက်ပြီး မာစီရယ် ရဲ့ ဒဏ်ရာ အနေအထားနဲ့ ပတ်သက်ပြီး မာစီရယ်က ရာသီကြို ခြေစမ်းပွဲတွေမှာ ပုံစံကောင်း ပြခဲ့ပေမယ့် ရာသီ မစခင်မှာ ဒဏ်ရာရပြီး အကြာကြီး နားခဲ့ရပါတယ်၊ အသင်းအတွက် ပြန်ကစားနိုင်ချိန်မှာ




ပွဲအနည်းငယ် ကစားပြီး ဒဏ်ရာ ပြန်ရသွားခဲ့တယ်၊ မာစီရယ် လွဲပါမယ်။ မာစီရယ်နဲ့ ရိုနယ်ဒို မပါနိုင်တာကြောင့် ရပါရှ်ဖိုဒ့်က မန်ချက်စတာ ယူနိုက်တက် အထောင်တိုက်စစ်မှူး ဖြစ်လာခဲ့ပြီး စနေညမှာ သေချာပေါက် ပါဝင်လာတော့မှာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အဆင့် (၄) က

ချဲလ်ဆီးနဲ့ (၁) မှတ်အကွာကို ရောက်ရှိနေပါတယ်။ အဆိုပါ ပွဲအပြီးမှာတော့ Manchester United ဟာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် ရှရစ် အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး အုပ်စု ပထမ ရရှိရေး အတွက် (၃) မှတ် ရယူနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

credit