ချဲလ်ဆီး Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် Mark Lawrenson ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ အသင်းကြီး နှစ်သင်း ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်၊ ဒီ နှစ်သင်းဟာ ယနေ့ စနေနေ့ည ၁၁ နာရီမှာ ချဲလ်ဆီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ် မှာ ယှဉ်ပြိုင် ကစားကြရမှာပါ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ဝါရင့် ဘောလုံး




သုံးသပ်သူကြီး ဖြစ်တဲ့ လော်ရိုးက ဒီညမှာ ကစားမယ့် ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် ယခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။ လော်ရိုးက- စပါးကို ရင်ဆိုင်တုန်းက မန်ချက်စတာ ယူနိုက်တက် တို့ သက်သောင့်သက်သာ အနိုင်ရခဲ့ပြီး ဘရန့်ဖိုဒ့်နဲ့ ပွဲမှာ ချဲလ်ဆီးက




သရေကျထားတယ်။ ဂရေဟမ် ပေါ်တာ ရဲ့ အသင်းက ဖြေးဖြေးချင်း ကောင်းလာနေပါတယ်၊ သူ့ အသင်းအတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို စပြီး လေ့လာနေတယ်၊ ရင်ခုန်စရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး ကျနော်ကတော့ အိမ်ရှင်တွေ အနိုင်ရမယ် ထင်ပါတယ်။




ရော်နယ်ဒို ဒီပွဲမှာ လိုက်ပါခွင့်ရမလား ဆိုတာ မေးခွန်းကြီး တစ်ခု ဖြစ်နေပါလိမ့်မယ်။ လို့ သုံးသပ်သွားခဲ့ပါတယ်။

ခန့်မှန်းချက်- ချဲလ်ဆီး ၂-၁ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒို ကို ချန်လှပ်ထားမယ်လို့ အတည်ပြု ကြေညာထားပြီး တိုက်စစ်မှုး မာရှယ်လည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။




မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ဟာ နည်းပြ ပေါ်တာနဲ့ ဒီရာသီ အစောပိုင်းမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ထိုစဉ်က မန်ခိက်စတာ ယူနိုက်တက် ဟာ ဘရိုက်တန် ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

credit