ချဲလ်ဆီး Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အပါအဝင် patrice evra ရဲ့ သုံးသပ် ခန့်မှန်းချက်များ

အပတ်စဉ် တင်ဆက်နေကြ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ကျရောက် လာပြန်ပါပြီ၊ ဒီတခါမှာတော့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ပက်ထရစ် အီဗရာ ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။




ချဲလ်ဆီး Vs မန်ချက်စတာ ယူနိုက်တက်

ဒီပွဲစဥ်က အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲစဥ် တစ်ပွဲပါ၊ နည်းပြ နှစ်ယောက်စလုံးက တော်တဲ့ နည်းပြတွေ ဖြစ်သလို သူတို့ နှစ်သင်းရဲ့ အခြေအနေ တွေကလည်း ဆင်တူနေတာကြောင့် ဒီပွဲဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ ပွဲမျိုးလို့ ဆိုရပါမယ်။




ချဲလ်ဆီး အသင်းမှာ တူဟယ်လ် ရှိနေတုန်းက လူတိုင်းက ဒီရာသီကတော့ ချဲလ်ဆီး အတွက် ကပ်ဆိုး တခုလို ဖြစ်လိမ့်မယ် ဆိုပြီး ပြောခဲ့ကြပေမယ့် ဂရေဟမ် ပေါ်တာ ရဲ့ လက်အောက်မှာတော့ ချဲလ်ဆီး ရဲ့ အခြေအနေက တိုးတက်လာခဲ့ပါတယ်၊ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံး




ထိပ်ဆုံး ပြန်ရောက်အောင် ကြိုးစားနေကြတဲ့ အသင်းတွေပါ၊ ဒါပေမယ့် သူတို့တွေက အချိန်ယူဖို့ လိုအပ် နေပါသေးတယ်၊ အဲရစ် တန်ဟက်ဂ် က ပရီးမီးယားလိဂ် အကြောင်းကို သိလာပါပြီ၊ ချဲလ်ဆီး ကလည်း ဂရေဟမ် ပေါ်တာ ရဲ့ လက်အောက်မှာ တိုးတက် လာတာကြောင့် ဒီပွဲက ခန့်မှန်းဖို့ ခက်ခဲတဲ့ ပွဲပါ၊ ဒါပေမယ့် ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက် ကို အားပေးပါမယ်။

ခန့်မှန်းချက်– ချဲလ်ဆီး ၁-၂ မန်ချက်စတာ ယူနိုက်တက်




မန်စီးတီး Vs ဘရိုက်တန်

မန်စီးတီး အသင်းက လီဗာပူး နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ လိုအပ်နေပါတယ်၊ ဒါကြောင့် သူတို့ ဒီပွဲမှာ နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်၊ မန်စီးတီး က ဘရိုက်တန် ကို အနိုင်ယူနိုင် ပါလိမ့်မယ်၊ မန်စီးတီး က




လီဗာပူး နဲ့ ပွဲမှာ အတော်လေး ကံဆိုးခဲ့တာပါ၊ ကျွန်တော့် အမြင်မှာတော့ သူတို့လအသင်း သွင်းသွားတဲ့ သွင်းဂိုးက ပြစ်ဒဏ်ဘော မဟုတ်ပါဘူး၊ ဒါက VAR ဟာ ဘောလုံး လောကကို မတိုးတက်စေဘူး ဆိုတဲ့ အတွေးတွေကို ပိုမို ခိုင်မာ လာစေခဲ့တဲ့ အကြောင်းပြချက် တွေထဲက တခုပါ။

ခန့်မှန်းချက်– မန်စီးတီး ၂-၀ ဘရိုက်တန်




ဆောက်သမ်တန် Vs အာဆင်နယ်

ဒီပွဲမှာ အာဆင်နယ် ကပဲ နိုင်သွားပါလိမ့်မယ်၊ အာဆင်နယ် က အခုချိန်မှာ အတော်လေး ကောင်းတဲ့ အရှိန်အဟုန် တခုကို တည်ဆောက် ထားနိုင်သလို သူတို့တွေက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆက်တိုက် နိုင်နေဖို့ လိုတယ် ဆိုတာကို သိထားကြပါတယ်၊ အခုမှ ရာသီအစပဲ ရှိသေးပေမယ့် အာဆင်နယ် က လမ်းကြောင်း မှန်ပေါ် ပြန်ရောက် နေပါပြီ။

ခန့်မှန်းချက်– ဆောက်သမ်တန် ၀-၂ အာဆင်နယ်

စပါး Vs နယူးကာဆယ်

ဒီပွဲက စပါး ရဲ့ ပေါက်ကွဲအားကို မြင်ရမယ့် ပွဲပါ၊ စပါးက ဒီပွဲမှာ အနိုင်ယူဖို့ လိုအပ်နေပါတယ်၊ ဒါပေမယ့် ကျွန်တော်က စပါး ရဲ့ ပေးဂိုးများနေတဲ့ အချက်ကို သဘောမကျပါဘူး၊ ဒါကြောင့် ဒီပွဲမှာ နယူးကာဆယ် ဘက်ပဲ နေချင်ပါတယ်။

ခန့်မှန်းချက်– စပါး ၁-၂ နယူးကာဆယ်

တခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ- နော်တင်ဟမ် ဖောရက်စ် ၀-၃ လီဗာပူး၊ အဲဗာတန် ၁-၁ ပဲလေ့စ်၊ ဝုလ်ဗ် ၂-၁ လက်စတာ၊ ဗီလာ ၂-၁ ဘရန့်ဖို့ဒ်၊ လိဒ် ၁-၀ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း ၁-၀ ဘုန်းမောက် တို့ပဲ ဖြစ်ပါတယ်။

credit