ယနေ့ည ယှဉ်ပြိုင်မယ့် ပွဲမှာ ရော်နယ်ဒိုကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလာတဲ့ ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာ

ယနေ့ညနှောင်းပိုင်းမှာ ပရီးမီးယားလိဂ် Big Match အဖြစ် အဆင့် လေးနဲ့ ငါးနေရာက ချဲလ်ဆီး အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားကြဖို့ ရှိပါတယ်၊ ဒီ နှစ်သင်းအကြား ရမှတ် တစ်မှတ်သာ ကွာဟမှု ရှိတာကြောင့် ပိုပြီး အကြိတ်အနယ်




ဖြစ်လာမှာ မလွှဲမသွေပဲ ဖြစ်ပါတယ်။ တမြန်နေ့ကပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ယနေ့ည ချဲလ်ဆီး နဲ့ ပွဲအတွက် ကစားသမားစာရင်းမှာ ပေါ်တူဂီစတား ခရစ်တီယာနို ရော်နယ်ဒို ကို ချန်လှပ်ကြောင်း statement နဲ့ တကွ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။




မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ Erik Ten Hag က ရော်နယ်ဒို ဟာ စပါး ကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲမပြီးခင် ကွင်းတွင်းက ရိုင်းပြစွာ ထွက်ခွာခဲ့ခြင်း အတွက် စည်းကမ်းပိုင်း အရ ဒဏ်ခတ်ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပြီး ရော်နယ်ဒို ကတော့ ကစားသမားစာရင်းက ချန်လှပ် ခံခဲ့ရပေမယ့် အသင်းနဲ့ တသားတည်း ရှိတဲ့ အကြောင်း




ကိုယ်ပိုင် အင်စတာဂရမ် အကောင့်က တဆင့် တုန့်ပြန်သွားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ ယနေ့ည ကစားမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ ခြေစွမ်း အပေါ် အနည်းနဲ့ အများ သက်ရောက်မှုတော့ ရှိလာနိုင်ပါတယ်၊ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က သူ ဘာမှ သေသေချာချာ




မသိရတဲ့ ရော်နယ်ဒို ချန်လှပ်ခံရတဲ့ ကိစ္စကို တစုံတရာ မှတ်ချက် မပေးလိုကြောင်း တုန့်ပြန်လိုက်ပြီး ဒါပေမယ့် ဒါက နည်းပြ တစ်ယောက်ရဲ့ အလုပ် ဖြစ်တယ်လို့ Erik Ten Hag ဘက်က ကာကွယ်ခဲ့ပါတယ်၊ ဒီအကြောင်း ဘာမှ အတွင်းကျကျ မသိရတဲ့ အတွက် ကျွန်တော့ဘက်က ဘာမှတ်ချက်မှ မပေးလိုပါဘူး၊ ဒါပေမယ့် သူက




ကိုယ်ပိုင် ဆုံးဖြတ်ချက် အပေါ် အပြည့်အဝ ရပ်တည်ထားပါတယ်၊ တခါတလေမှာ ခင်ဗျား ဒါမျိုး လုပ်သင့်ရင် လုပ်ရပါမယ်။ နောက်ပြီး ဒီလို ဆုံးဖြတ်ချက်မျိုး အတွက် ခင်ဗျားဟာ ကလပ်ရဲ့ ထောက်ခံမှုလည်း လိုပါတယ်၊ အပြင်က လူတစ်ယောက်ရဲ့ အမြင်ကတော့ ဒီလောက်ပါပဲ၊ ဒီအကြောင်း




မှတ်ချက် ပေးပြီး သတင်းခေါင်းကြီးပိုင်းတွေမှာလည်း ကျွန်တော် မပါချင်ပါဘူး၊ နည်းပြ အလုပ်ရဲ့ တစိတ်တပိုင်းမှာ ဒီလို ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချရတာမျိုးလည်း ပါဝင်ပါတယ်။ဒါက ပုံမှန်ပါပဲလို့ ပြောကြားသွားခဲ့ပါတယ်၊ ဆက်လက်ပြီး ပေါ်တာ က နှစ်လသာ ခြားပြီး မန်ချက်စတာ ယူနိုက်တက် နဲ့




ထပ်မံ ရင်ဆိုင်ရမယ့် အပေါ် အခုလို မှတ်ချက်ပေးခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကို ထိုးနှက်ဖို့ လုပ်ကွက် တခုခု ရှာတွေ့ထားလား ? No ပါ၊ ဒါဟာ ဘောလုံးပွဲ တစ်ပွဲ ဖြစ်ပြီး ပွဲချဉ်းကပ်ပုံက တပြေးတည်း ဖြစ်နေမှာပါ။ ခင်ဗျားဟာ ပြိုင်ဘက် အသင်းရဲ့ ကစားကွက်ကို လေ့လာ သုံးသပ်ပြီး




ကိုယ့်အသင်း ကစားနိုင်မယ့် ပုံစံ တခုကို စဉ်းစား ရွေးချယ်ရပါမယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် က မန်ချက်စတာ ယူနိုက်တက် ပါပဲ၊ သူတို့မှာ ထိပ်တန်း အဆင့် ကစားသမားတွေ ရှိပြီး အတုယူ အားကျဖွယ်ရာ ကလပ် တသင်း အဖြစ် ကြီးထွားလာတာကို အားလုံးလည်း

မြင်တွေ့ကြမှာပါ။ ဒါက ခက်ခဲ့တဲ့ ပွဲပါ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်သလို အံ့သြဖွယ် ပွဲ တစ်ပွဲလည်း ဖြစ်ပါတယ်၊ ဒီပွဲကို ကစားဖို့ ကျွန်တော်တို့ မျှော်လင့် စောင့်စား နေကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

credit