ရော်နယ်ဒို နဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ ပြသနာနဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့ ပရိတ်သတ်တွေကို ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ ရှင်းပြလိုက်တဲ့ အလန်ရှီးယား
|ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယား က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ အပြုအမူတွေက တကိုယ်ကောင်း ဆန်ပြီး အသင်းရဲ့ အဝတ်လဲခန်းကို ဒုက္ခပေးခဲ့တာ ဖြစ်ကြောင်း၊ နည်းပြ အဲရစ် တန်ဟက်ဂ် အတွက်လည်း စပါး နဲ့ ပွဲက စွမ်းဆောင်ရည် ကောင်းထက်
အစွန်းရောက်နေတဲ့ လူတယောက် အကြောင်းကိုပဲ ပြောဖို့ ဖိအားပေး ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဟာ စပါး နဲ့ ပွဲမှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင်မှာတင် အဝတ်လဲခန်းထဲကို ထွက်သွားခဲ့ပါတယ်၊ အဲ့ဒီ အပြုအမူကြောင့် အဲရစ် တန်ဟက်ဂ် က ရော်နယ်ဒိုကို
ချဲလ်ဆီးနဲ့ ပွဲ အတွက် ကစားသမား စာရင်းကနေ ထုတ်ပယ်ခဲ့ပြီး ယူ-၂၁ အသင်းနဲ့ပဲ လေ့ကျင့်ခန်း ဆင်းစေခဲ့ပြီး ဒီဖြစ်ရပ်မှာ ရော်နယ်ဒို ကို သီးသန့် အားပေးတဲ့ ပရိသတ်တွေကသာ ရော်နယ်ဒို ဘက်က ရပ်တည် ပေးနေကြတာပါ၊ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အပါအဝင် နာမည်ကျော် အများစုကတော့
ရော်နယ်ဒို ရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်၊ အလန်ရှီးယားကလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရော်နယ်ဒို ရဲ့ နောက်ဆုံး အပြုအမူက လုံးဝကို လက်ခံလို့ မရဘူးလို့ ပြောသင့်ပါတယ်၊ အသင်းဖော်တွေ၊ နည်းပြနဲ့ ပရိသတ်တွေကို လေးစားမှု ရှိရမှာက ဘောလုံး လောကရဲ့ အခြေခံ အချက်တချက်ပါ။
ဒါကိုမှ လူစားဝင်ကစားဖို့ ငြင်းဆန်တယ်၊ အဝတ်လဲခန်းထဲ စောဝင်သွားခဲ့တာက အဝတ်လဲခန်း စည်းမျဥ်းကို ချိုးဖောက်တဲ့ လုပ်ရပ်ပါပဲ။ အသင်းလိုက် စုဖွဲ့မှုမှာ အသင်း နိုင်နိုင် ရှုံးရှုံး အတူတကွ ရှိနေရမှာပါ၊ ဒီလိုမျိုး တကိုယ်ကောင်း ဆန်ပြီး မိုက်မဲတဲ့ လုပ်ရပ်မျိုးက လုံးဝကို ပရော်ဖက်ရှင်နယ် မဆန်တာပါ၊ ဒီတော့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့
ရော်နယ်ဒို ကို ပြစ်ဒဏ် ချလိုက်တာက မှန်ပါတယ်၊ စပါး နဲ့ ပွဲမှာ ဒီရာသီ အသင်းရဲ့ အကောင်းဆုံးပုံစံ အကြောင်းကို ထင်ဟပ်ရမယ့် အစား ရော်နယ်ဒို ကိစ္စက အင်မတန် ဆိုးရွားတဲ့ စံနမူနာ ကိစ္စကြီး ဖြစ်သွားခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် မှာလည်း စပါး နဲ့ ပွဲအကြောင်းထက် အစွန်းရောက်ပြီး စိတ်ကူးယဥ်နေတဲ့ လူတစ်ယောက် အကြောင်းကိုပဲ ပြောဖို့
ဖိအားပေး ခံနေရပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ကတော့ ဒီလိုမျိုးတွေ ဖြစ်ခဲ့ပေမယ့် ရော်နယ်ဒို ကို မရောင်းဘူးလို့ ဆိုထားပြီး လာမယ့် ရှရစ်ဖ် နဲ့ ယူရိုပါလိဂ် ပွဲမှာ ရော်နယ်ဒိုကို ပြန်လည် အသုံးပြုသွားဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟထားပါတယ်။
credit