အဝေးကွင်းမှာ သုံးမိနစ် မန်ယူ ပြန်လာပြီလို့ သတိပေးသွားတဲ့ ချဲလ်ဆီး 1-1 မန်ချက်စတာ ယူနိုက်တက် ပွဲပြီး သုံးသပ်ချက်

ချဲလ်ဆီး အသင်းဟာ ဒီပွဲမှာ နောက်ခံလူ ကူလီဘလီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အရန်ခုံမှာပါ တောင့်တောင့် တင်းတင်း ခံစစ် ကစားသမား မရှိဘဲ ရင်ဆိုင်ခဲ့ရပါတယ်၊ နောက်တန်းမှာ သီယာဂို ဆေးလ်ဗား ကို ချာလိုဘာ့ဂ်၊ ကူကူရယ်လာ တို့နဲ့ တွဲပေးခဲ့ပြီး ဘင်ချီဝဲလ်၊ အက်ဇ်ပီလီကွီတာ




လော့ဖ်တပ်ချိခ်နဲ့ ဂျော်ဂျင်ဟို၊ တိုက်စစ်မှာ မေဆင်မောင့်၊ စတာလင်၊ အူဘာမီးယန်းတို့ ပွဲထွက်လာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ စပါးနဲ့ ပွဲက လူစာရင်းကိုမှ ဖရက်ဒ် နေရာ အဲရစ်ဆင် ဝင်ကစားတာက လွဲပြီး ကျန်တဲ့ နေရာတွေမှာ အပြောင်းအလဲ မရှိခဲ့ပါဘူး။




ဒီပွဲရဲ့ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်က ချဲလ်ဆီးကို သိသိသာသာ စိုးမိုးနိုင်ခဲ့ပြီး ပေါ်တာ အနေနဲ့လည်း ပထမပိုင်းမှာတင် ကူကူရယ်လာ နေရာ ကိုဗာဆစ် ကို ထည့်ပြီး အပြောင်းအလဲ လုပ် ကစားခဲ့ရပါတယ်၊ ပထမပိုင်းမှာ လုခ်ရှော၊ အဲရစ်ဆင် တို့ရဲ့ ကန်ချက်တွေ ဂိုးပေါက် မတည့်ခဲ့သလို




ရပ်ရှ်ဖို့ဒ် ကလည်း အခွင့်အရေး နှစ်ကြိမ်လောက်ကို ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ နစ်နာခဲ့ရပါတယ်၊ အဆိုးဆုံးကတော့ ပထမပိုင်း ပြီးခါနီးမှာ အန်တိုနီ အပိုင် အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် သူ့ရဲ့ ညာခြေ ကန်ချက်ကလည်း ဂိုးဘေးကပ်ထွက် ခဲ့တာကြောင့်




ပထမပိုင်းမှာ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။ ချဲလ်ဆီး ကလည်း တိုက်စစ်ပိုင်းမှာ အူဘာမီးယန်း မစွံတာကြောင့် လုပ်သလောက် မဖြစ်ခဲ့ဘဲ မန်ချက်စတာ ယူနိုက်တက် ရဲ့ လွှမ်းမိုးမှု အောက်မှာ ရုန်းကန်ခဲ့ရပါတယ်၊ ဒုတိယပိုင် းမှာတော့ ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု အရ ပြန်လည် အသာရလာခဲ့ပေမယ့်




အခွင့်အရေးရယ်လို့ မယ်မယ်ရရ မရခဲ့ပါဘူး၊ ချာလိုဘာ့ဂ် ရဲ့ ခေါင်းတိုက်ချက် တစ်ကြိမ် တိုင်ထိ ထွက်ခဲ့တာ ကလည်း ချဲလ်ဆီး အတွက် နစ်နာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က ဗာရန်း ဒဏ်ရာရသွားတာက နစ်နာမှုတခု ဖြစ်ခဲ့ပြီး ဗာရန်းရဲ့ ဒဏ်ရာ အနေအထားက ကမ္ဘာ့ဖလားနဲ့ပါ လွဲချော်သွားနိုင်ခြေ ရှိပါတယ်။




ပွဲက အေးတိအေးစက်နဲ့ ဂိုးမရှိ သရေကျတော့မယ် ထင်နေချိန်မှာပဲ သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပါတယ်၊ ထောင့်ကန်ဘော လူကပ်တဲ့ နေရာမှာ တွမ်မီနေး မလိုအပ်ဘဲ ဘရိုဂျာကို ဆွဲချခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ ပင်နယ်တီ ပေးခဲ့ရပါတယ်၊ ဒီပင်နယ်တီ ကိုတော့ ဂျော်ဂျင်ဟိုက




အမှားအယွင်း မရှိ ကန်သွင်းခဲ့ပြီး ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်၊ ဒါပေမယ့် နာကျင် အချိန်ပိုမှာပဲ လုခ်ရှော ကန်တင်ပေး လိုက်တာကို ကက်စ်မဲရိုး ရဲ့ ခေါင်းတိုက်ချက် တိုင်ထိပြီး ဂိုးစည်းကျော်သွား ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ ချေပဂိုး ရခဲ့ပြီး တဖက် တစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

credit