ပင်နယ်တီ နဲ့ အနိုင်ရဖို့ မျှော်လင့်နေတဲ့ လန်ဒန် ကလပ်ကို ဝမ်းနည်းစေခဲ့တဲ့ စတမ်းဖို့ဒ် ဘရစ်ချ်က စီးချင်းထိုးပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ
|Manchester United အသင်းဟာ မနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းမှာ Chelsea အသင်းနဲ့ ရင်ဆိုင်် ကစားခဲ့ရပြီး တစ်ဘက် တစ်ဂိုးစီ သရေ ရလဒ်သာ ရယူသွားနိုင် ခဲ့ပါတယ်၊ ဒါပေမယ့် အဓိက ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်း ဒဏ်ရာရ သွားတာက ဧည့်သည်တို့ အတွက် နစ််နာမှု ကြီးမားသွားခဲ့ ရပါတယ်။ ဒီပွဲစဥ်မှာ Manchester United အသင်းက
ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ပြီး ပထမပိုင်း အတွင်း ဂိုးပေါက် ခြိမ်းခြောက်မှု များစွာ လုပ်ဆောင်ကာ ပွဲစဥ်ကို ဦိးဆောင် ကစားနိုင်ခဲ့ကြပါတယ်၊ ဒါပေမယ့် ရလဒ်က အရင်လိုပါပဲ၊ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ ကန်ချက်က မကောင််းခဲ့သလို ပြိုင်ဘက် ဂိုးသမားကလည်း လက်စွမ်းပြ သွားနိုင်ခဲ့ပါတယ်။ ဒီနောက် ဒုတိယပိုင်းမှာ နှစ်ဘက်
နှစ်သင်းလုံး ဂိုးရရှိနိုင်ဖို့ ကြိုးစားနေခဲ့ကြပြီး ပွဲချိန် 86 မိနစ်မှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးက ဘရိုဂျာ ကို ဖက်ဆွဲခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် တို့ ပင်နယ်တီ ပေးခဲ့ရပါတယ်၊ ဒီ ပင်နယ်တီကိုတော့ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီ အဖြစ်အပျက်မှာ တွမ်မီနေး ညံ့ခဲ့တာ သိသာခဲ့ပါတယ်။
တကယ်ဆို ဘရိုဂျာက သူ့မျက်နှာကို အရင််ထိခဲ့တာ ဖြစ်ပြီး အဲ့ဒီ အချိန်ထဲက တွမ်မီနေး အနေနဲ့ ပါးနပ််စွာ ပြစ်ဒဏ်ဘော ရယူခဲ့သင့်ပါတယ်၊ ဒါ့အပြင် သူ့ဘက်က ဖက်လိုက်မှ ဘရိုဂျာက အလိုက်သင့် လက်လွှတ်လိုက်ပြီး ချော်လဲရောထိုင် ပုံစံမျိုးနဲ့ ပင်နယ်တီ ရယူသွားခဲ့တာပါ။ တွမ်မီနေး မပါးနပ်လို့
မန်ချက်စတာ ယူနိုက်တက် အတွက် နစ်နာခဲ့ရတာပါ၊ ဒါပေမယ့် ချဲလ်ဆီး အတွက်တော့ ဒိုင်အပါအဝင် တဘက်အသင်းကို 12 ယောက်နဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် အဆုံးမှာ အပြုံးဆိုတာ ကြာကြာ မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။ တွမ်မီနေးရဲ့ ပါးနပ်မှု မရှိခြင်းက ကွင်းလယ်ဒိုင်အတွက် VAR တောင် သွားကြည့်စရာ မလိုခဲ့ဘူး။
ဘယ်လိုပဲ ဖြစ်ပါစေ၊ နာကျင်ချိန်ပိုမှာ ကက်စမဲရိုး က မန်ချက်စတာ ယူနိုက်တက် အတွက် ခြေပဂိုး သွင်းယူသွားခဲ့တာက မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို စိတ်သက်သာရာ ရစေခဲ့ပါတယ်။ ဒီဂိုးကလည်း အစက အငြင်းပွားချင်စရာ ဖြစ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် အနှေးပြကွက်မှာ ဘောလုံးဟာ
ဂိုးစည််းကျော်ခဲ့တာကို မြင်ခဲ့ရတဲ့ နောက်မှာ မန်ချက်စတာယူနိုက်တက် တို့ ဟင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ ဗာရန်းရဲ့ အခြေအနေ မသိရသေးတဲ့ ဒဏ်ရာနဲ့ အတူ မန်ချက်စတာ ယူနိုက်တက် တို့ သရေ တစ်မှတ် ရယူခဲ့ကြတဲ့ ပွဲစဥ်မှာ-
ဒေးဗစ် ဒီဂီယာ – 6
ပထမပိုင်းမှာ အလုပ် မရှိသလောက် ဖြစ်ခဲ့ပါတယ်၊ ဒုတိယပိုင်း မှာတော့ အနည်းငယ် အလုပ်များခဲ့ပြီး တစ်လုံး ကာကွယ်ခဲ့ရပါတယ်၊ ပင်နယ်တီ ဖမ်းရာမှာ ဆန့်ကျင်ဘက် အရပ်ကို ဒိုင်ဗင် ပစ်ချခဲ့မိပါတယ်။
ဒါးလော့ – 7
ဘန်ချီဝဲလ်ကို စည်းကမ်းတကျ လူကပ် ကစားနိုင်ခဲ့တာကြောင့် ခံစစ် အစွန်လူတွေရဲ့ လုပ်အား အပေါ် အမှီပြုတဲ့ ချဲလ်ဆီးတို့ အခက်တွေ့ခဲ့ရပါတယ်၊ အန်တိုနီ နဲ့လည်း ပိုပြီး အချိတ်အဆက် မိနေခဲ့ပါပြီ။
ဗာရန်း – 7
အမှားနည်းအောင် ကစားပေးခဲ့ပြီး အနောက်မှာချည်း ကစားဖို့ထက် တိုက်စစ်ပိုင်းကို ဘောလုံး အရောက် ပို့နိုင်ဖို့ ကြိုးစားခဲ့ပါတယ်၊ ကံမကောင်းစွာပဲ ဒဏ်ရာ ရခဲ့ပြန်ပါတယ်။
မာတီနက်ဇ် – 8
ချဲလ်ဆီး တိုက်စစ် ကစားသမားတွေကို ဒုက္ခ အပေးနိုင်ဆုံး သူ ဖြစ်ခဲ့ပါတယ်၊ ဗာရန်း နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့သလို လင်ဒီလော့ဖ် နဲ့လည်း အဆင်ပြေအောင် ကစားနိုင်ခဲ့ပါတယ်။
လုခ်ရှော – 7
တိုက်စစ်ပိုင်း ပိုမို လိုက်ပါ ကစားပေးနိုင်ခဲ့ပြီး အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပေမယ့် ဂိုးဘေးက ကပ်ထွက်ခဲ့ပါတယ်၊ ခံစစ်ကို လုံခြုံမှု ပေးနိုင်ခဲ့ပါတယ်။
ကက်စမဲရိုး – 8 MOTM
သူ့ဆီ ရောက်လာတဲ့ ဘောလုံးတိုင်း နီးပါး တိုက်စစ်ကို ပြန်လည် ဖြန့်ဝေနိုင်ခဲ့ပါတယ်၊ ချဲလ်ဆီး ဘက်မှ ကစားကွက်် ပြောင်းတိုင်း လိုက်လျောညီထွေး ရှိစွာ ပိတ်ဆို့ ပေးနိုင်ခဲ့ပါတယ်၊ ခြေပဂိုးပါ သွင်းယူပေးသွား နိုင်ခဲ့တဲ့ ဒီပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ်။
အဲရစ်ဆင် – 7
ပွဲချိန် စတင်တည်းက အကောင်းဆုံး ကစားပေးနိုင်ခဲ့ပြီး တိုက်စစ်ဆင်ဖို့ လမ်းကြောင်းတွေလည်း ဖွင့်ပေးနိုင်ခဲ့ပါတယ်၊ ထိချက်တွေ ကောင်းမွန်ခဲ့ပေမယ့် ကိုဗာဆစ် ဝင်လာတဲ့နောက် ခြေစွမ်း သိပ်မပြနိုင် ဖြစ်ခဲ့ရပါတယ်။
အန်တိုနီ – 6
ပထမပိုင်း အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ သူ့ဘက်က စတင်တာ များခဲ့ပါတယ်၊ ကစားပုံ ကောင်းခဲ့ပေမယ့် အခွင့်ကောင်း တစ်ကြိမ် ဖြုန်းတီး ခဲ့မိပါတယ်။
ဘရူနို – 6
သူ့ရဲ့ ဘောလုံး ပေးပို့မှုတွေ ပိုကောင်း လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်၊ အန်တိုနီ နဲ့ ရက်ရှ်ဖို့ဒ် အတွက် အခွင့်အရေး ဖန်တီး ပေးနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကိုယ်တိုင် အသုံး မချနိုင်ခဲ့ပါဘူး။
ဆန်ချို – 4
ဒီပွဲစဥ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အညံ့ဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ်၊ ချိတ်ဆက် ကစားပုံတွေ ညံ့ခဲ့ပြီး ဘယ်လိိုမှ မထူးကဲ ပြနိုင်ခဲ့ပါဘူး။
ရက်ရှ်ဖို့ – 6
အခွင့်အရေး ရခဲ့ပေမယ့် ကန်ချက်က ကီပါကို မကျော်နိုင်ခဲ့ပါဘူး၊ ကစားပုံ ပိုကောင်း လာခဲ့ပေမယ့် တိုက်စစ်မှူး နေရာမှာ ကစားပေးဖို့ အရည်အသွေး မပြည့်ဝ သေးတာကို မြင်ခဲ့ရပြန်ပါတယ်၊ လူစားဝင် ကစားသမားများ- ဖရက်ဒ် – 5၊ လင်ဒီလော့ဖ် – 6၊ တွမ်မီနေး – 3၊ အီလန်ဂါ – 5၊ တို့ပဲ ဖြစ်ပါတယ်။
credit