ကံကောင်းလို့ မရှုံးတာပါလို့ မပြောရုံ တမယ် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲအပြီး ပွဲစဉ်အပေါ် သုံးသပ် ရှင်းပြသွားတဲ့ ဂရေဟမ် ပေါ်တာ

0
5967

Chelsea နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာ က မန်ချက်စတာ ယူနိုက်တက် အသင်းကို မိမိတို့ အိမ်ကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီး သရေ ရလဒ်က ထိုက်တန်ကြောင်း၊ အသင်း အနေနဲ့ အနိုင် ရရှိအောင် လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး မရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။




ဒီပွဲမှာ နှစ်ဘက် နှစ်သင်းလုံး နောက်ကျ သွင်းဂိုးတွေနဲ့ အတူ ပွဲအပြီးမှာ တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ကြတာပါ၊ ပွဲကစားချိန် ၈၆ မိနစ်မှာ ထောင့်ကန်ဘောက တဆင့် ဘရိုဂျာ ကို တွမ်မီနေးက ဆွဲလှဲခဲ့တာကြောင့် ရရှိလာတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟို က အမှားအယွင်း မရှိ အဆုံးသတ် ကန်သွင်းခဲ့ပါတယ်။




ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် ချေပဂိုးကို ပွဲကစားချိန် မိနစ် ၉၀ နောက်ပိုင်း နာကျင် အချိန်ပိုမှာ ကက်စ်မဲရိုး က ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး တစ်ဂိုးစီ သရေကျခဲ့ကြတာ ဖြစ်ပါတယ်၊ ပွဲအပြီးမှာတော့ ပေါ်တာ က-




ပထမပိုင်း မိနစ် ၃၀ မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ပိုကောင်းခဲ့ပြီး ကျနော်တို့ကို ခံစစ်တန်းမှာ အချိန်ကုန်အောင် သူတို့ ဖိအား ပေးနိုင်ခဲ့ပါတယ်၊ ကျနော်တို့ အတွက် နောက်ထပ် ကွင်းလယ်လူ တစ်ယောက် ထပ်ထည့်ဖို့ လိုအပ်ခဲ့ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မန်ချက်စတာ ယူနိုက်တက် က




သူတို့ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို အလွယ်တကူ စတင်နေလို့ပါ။ ကျနော်တို့ အဲ့ဒီ အခြေအနေကို ပြုပြင်ဖို့ လိုအပ်ခဲ့ပြီး အားလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင်တော့ သရေ တစ်မှတ်က မှန်ကန်တဲ့ ရလဒ်လို့ပဲ ဆိုရမှာပါ၊ ကျနော်တို့ ဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး။ လို့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာ ကစားပုံ အရ ချဲလ်ဆီး ကို လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေး တွေလည်း ရရှိခဲ့ပါတယ်၊ ဒါပေမယ့် ချဲလ်ဆီး ဂိုးသမား ကီပါ လက်စွမ်းပြခဲ့တာနဲ့ အန်တိုနီ ဂိုးကံခေခဲ့တာ တွေကြောင့် ချဲလ်ဆီးတို့ သက်သာရာ ရခဲ့ပါတယ်၊ ပေါ်တာကလည်း

ပထမပိုင်း မှာတင် ကူကူရယ်လာ ကို ထုတ်သုံးခဲ့ပြီး ကိုဗာဆစ် ကို လူစားထည့်သွင်း ကစားစေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကို ကွင်းလယ်ချင်း ပြန် ယှဥ်နိုင်ဖို့ အပြောင်းအလဲ လုပ်ခဲ့ရသေးတာလည်း ဖြစ်ပါတယ်။

credit