ချဲလ်ဆီး 1-1 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှ ထူးထူးခြားခြား အချက် (၆) ချက်
|မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ရင်ဆိုင် ကစားခဲ့ကြပြီး ပွဲပြီးချိန်မှာတော့ တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်၊ ဒီပွဲမှာ ပထမပိုင်း အတွင်း မန်ချက်စတာ ယူနိုက်တက် တို့ ဖိအားပေး ကစားနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် ကစားသမားတွေရဲ့ အခွင့်အရေး အသုံးမချနိုင်မှုနဲ့ ကီပါ လက်စွမ်းကောင်းတွေ ပြသမှုကြောင့် ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်၊ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးကို ကိုဗာဆစ် ဝင်လာပြီးချိန် ပွဲစဥ်က အပြန်အလှန် ဖြစ်သွားခဲ့ရပါတယ်၊ ဂိုးရဖို့တော့ အခက်တွေ့ နေကြဆဲ ဖြစ်ခဲ့ပါတယ််၊ အဲ့ဒီနောက် ပွဲချိန် 86 မိနစ်မှာ
တွမ်မီနေး က ဂိုးဧရိိယာထဲ ဘရိုဂျာကို လှဲခဲ့တဲ့ အတွက် ပင်နယ်တီ ပေးခဲ့ရပါတယ်၊ အဆိုပါ ပင်နယ်တီကို ဂျော်ဂျင်ဟို က ဂိုးအဖြစ် ပြောင်းလဲဲနိုင်ခဲ့ပြီး အဲ့ဒီနောက် ပွဲချိန်ပြီးဆုံးပြီး နာကျင်ချိန်ပို 6 မိနစ် ရရှိခဲ့ရာ 4 မိနစ်မှာ ကက်စမဲရိုး က ခြေပဂိုး ပြန်လည်် သွင်းယူပေးနိုင် ခဲ့တာကြောင့် 1-1 ဖြစ်သွားခဲ့ပါတယ်၊ အဆိုပါ ပွဲစဥ်မှ ထူးထူးခြားခြား အချက် (6) ချက်ကို ဖော်ပြ ပေးလိုက်ပါတယ်။
1- ဂရေဟမ် ပေါ်တာ ရဲ့ မှန်ကန်တဲ့ ပြောင်းလဲမှု
ဒီပွဲမှာ ဂရေဟမ် ပေါ်တာ ရဲ့ ရက်စက်မှုက အလုပ်ဖြစ််သွားခဲ့ပါတယ်၊ တဖက်သတ် ဖြစ်ခဲ့တဲ့ ဒီပွဲစဥ်မှာ သူဟာ ကူကူရယ်လာကို ပွဲချိန် 36 မိနစ်မှာ လူစားလဲခဲ့ပြီး ကိုဗာဆစ်ကို ထည့်သွင်း အသုံးပြုသွားခဲ့ပါတယ်။
ဒီနောက် ချဲလ်ဆီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြန််လည် တုန့်ပြန် ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု၊ အခွင့်အရေး ဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ကြပါတယ်၊ ဒါ့အပြင် အဲရစ်ဆင် လည်း အကောင်းဆုံး ခြေစွမ််း မပြနိုင် ဖြစ်ခဲ့ရပါတယ်။
2- ခြေတစ်ဖက်ပဲ ကျွမ်ကျွမ်းကျင်ကျင် သုံးတတ်တဲ့ အန်တိုနီ
မန်ချက်စတာ ယူနိုက်တက် ပရိသတ် ဆိုရင် ပထမပိုင်း ကစားပုံကို ပိုပြီး နှစ်ခြိုက်ခဲ့မှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအချိန်် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံဟာ ပိုကောင်းပြီး အခွင့်အရေးတွေ ဖန်တီးမှုနဲ့ ခြိမ်းခြောက်မှုတွေ များစွာ လုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီပွဲမှာ အန်တိုနီ ရဲ့ ညာခြေ အသုံးပြုနိုင်မှု စွမ်းရည်် ညံ့နေတာကို မြင်တွေ့ခဲ့ရ ပြန်ပါတယ်၊ ဒီပွဲမှာ သူဟာ အခွင့်အရေးကောင်း ရရှိခဲ့ပေမယ့် ညာခြေကို ကောင်းစွာ အသုံးမပြု နိုင်တာကြောင့် ဂိုးဘေးကနေ ဘောလုံးထွက်သွားခဲ့ပါတယ်။
3- နည်းစနစ်ပိုင်း အရ အဲရစ် တန်ဟက်ဂ် ရဲ့ တုန့်ပြန်မှု
ချဲလ်ဆီးဟာ ပထမပိုင်း အတွင်း ကိုဗာဆစ်ကို လူစားဝင်ပြီး ကစားစေခဲ့တဲ့ နောက် မိမိတို့ အသင်း အစပိုင်း မိနစ််တွေလောက် မထိုးဖောက်နိုင်ခဲ့ တာကို မြင်တွေ့ရခဲ့တဲ့ အဲရစ် တန််ဟက်ဂ် ဟာ ဒုတိယပိုင်းမှာပဲ လူစားလဲခဲ့ပါတယ်၊ သူဟာ ဖရက်ဒ်ကို ထည့်သွင်းပြီး ခြေစွမ်းမပြ နိုင်ခဲ့တဲ့ ဆန်ချိုကို အနားပေးသွားခဲ့ပါတယ်။
ဒီနောက် ဖရက်ဒ်ဟာ တိုက်စစ်ပိုင်း လိုက်ပါရင်း ချဲလ်ဆီး ခံစစ်ကို အလုပ်များစေခဲ့ပါတယ်၊ ဒါ့အပြင် အဖျားဝေဒနာ သက်သာပြီး ကစားခဲ့တဲ့ ပွဲချိန်ကြာလေ ခြေစွမ်း မပြနိုင်လေ ဖြစ်ခဲ့တဲ့ အဲရစ်ဆင်ကိုလည်း လူစားလဲခဲ့ပါတယ်။
4- ကွင်းထဲက ငိုကြွေးပြီး ထွက်ခွာခဲ့ရတဲ့ ဗာရန်း
ရလဒ်ထက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို ပိုပြီး နာကျင်စေခဲ့တာက ရာဖေးလ် ဗာရန်း ဒဏ်ရာ ရရှိသွားခြင်းပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဗာရန်း နဲ့ မာတီနက်ဇ် တွဲကစားခဲ့တဲ့ နောက်ပိုင်းမှာ အသင်းရဲ့ ရလဒ်တွေ တိုးတက်် ကောင်းမွန်လာတာ လူတိုင်း သိလို့ပါ။
ယခုတော့ ဗာရန်းဟာ ဒဏ်ရာ ရသွားပြန်ပါပြီ၊ ဒီဒဏ်ရာက သူ့ကို ကမ္ဘာ့ဖလား ကစားခွင့် ပေးနိုင်မလား ဆိုတာ မရေရာတဲ့ အတွက် ဗာရန်းဟာ ကွင်းထဲက ငိုကြွေးပြီး ထွက်ခဲ့ရပါတယ်၊ သူ့ရဲ့ ဒဏ်ရာကိုတော့ စစ်ဆေးရဦးမယ်လို့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ပြောကကြားသွားခဲ့ပါတယ်။
5- မိုက်မဲခဲ့မိတဲ့ မက် တွမ်မီနေး
အဲရစ် တန်ဟက်ဂ် ရဲ့ လက်အောက်မှာ တစ်စထက် တစ်စ ပိုကောင်းတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ မက် တွမ်မီနေး ဟာ ဒီပွဲမှာတော့ လူစားဝင် ကစားခွင့်သာ ရရှိခဲ့ပြီး လူစားဝင်ပြီး မကြာမီမှာပဲ ပင်နယ်တီပါ ပေးခဲ့ရ ပြန်ပါတယ်၊ ဒီ အဖြစ်အပျက််မှာ သူ ဥာဏ်နည်းတာကို မြင်တွေ့ခဲ့ရပါတယ်။
ဘရိုဂျာ က သူ့ရဲ့ မျက်နှာကို အရင် ပြစ််ဒဏ် ကျူးလွန်ခဲ့တာပါ၊ အဲ့ဒီတည်းက သူ့အနေနဲ့ ပြစ်ဒဏ်ဘော ရအောင် လုပ်ခဲ့သင့်ပါတယ်၊ ဒါ့အပြင် လှဲချလိုက်ဖို့ အခွင့်သာသွားတဲ့ ဘရိုဂျာကို လွှတ်မထားပဲ ဆက်လက် ဖက်ထားခဲ့တာက ပင်နယ်တီ ပေးရဖို့ ဖြစ်သွားခဲ့ပါတယ်။
6- မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဆုံး သွင်းဂိုးနဲ့ တစ်မှတ် ရှာပေးတဲ့ ကက်စမဲရိုး
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနိမ့်ဆုံး သရေ တစ်မှတ်နဲ့သာ ထိုက်တန်ခဲ့ပါတယ်၊ ဒါပေမယ့် ပွဲချိန် ပြီးခါနီးထိ တစ်ဂိုး ရှုံးနေခဲ့ချိန်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အနေအထားက အမှတ် ဆုံးရှုံးပြီလို့ ထင်ခဲ့ရပါတယ်၊ ဒါပေမယ့် ကစားသမားတွေဟာ ပွဲချိန်ပြီးလို့ နာကျင်ချိန်ပိုထိ
အကောင်းဆုံး ကြိုးစားရင်း 4 မိနစ်မှာ ကက်စမဲရိုး က ခြေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ်၊ ဒီဂိုး အပြီး ကက်စမဲရိုး ရဲ့ အောင်ပွဲခံပုံကလည်း မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက် သွားနိုင်ခဲ့ပါတယ်။
credit