မရသင့်တဲ့ ပင်နယ်တီကို ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင် ရှေ့မှာတင် ဂျော်ဂျင်ဟိုကို ပညာပေးသွားတဲ့ အန်တိုနီ

ယမန်နေ့ ညက ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာ တဖက် တစ်ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်၊ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ နောက်ကျ ချေပဂိုး ရချိန်မှာ အန်တိုနီက ဂျော်ဂျင်ဟိုနားကို ကပ်ပြီး အကြီးအကျယ် အော်ဟစ် အောင်ပွဲခံခဲ့တာကို




မြင်တွေ့ခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲကစားချိန် ၈၅ မိနစ်မှာ တွမ်မီနေးက ဘရိုဂျာကို ဆွဲလှဲခဲ့တာ ကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဒီ ပင်နယ်တီကို ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်း မရှိ ကန်သွင်းခဲ့ပါတယ်၊ ဒီဂိုးကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ ရှုံးပွဲ




ကြုံတွေ့ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် နာကျင် အချိန်ပိုမှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ ချေပဂိုး ရရှိခဲ့ပါတယ်၊ လုခ်ရှော ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကက်စ်မဲရိုးက အဝေးထောင့်ထဲ ခေါင်းတိုက် သွင်းယူခဲ့ရာမှာ ဘောလုံးက တိုင်ထိပြီး ဂိုးစည်းကျော်ကာ




မန်ချက်စတာ ယူနိုက်တက် တို့ ချေပဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်၊ ကီပါ အနေနဲ့ ဂိုးမဝင်အောင် အသည်းအသန် လိုက်ဆွဲခဲ့ပေမယ့် ဘောလုံးက ဂိုးစည်း ကျော်သွားကြောင်း ဒိုင်လူကြီးထံ အချက်ပြခဲ့တဲ့ နောက် မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။




အဲ့ဒီ အနေအထားမှာ အန်တိုနီက ဂိုးပေးဖို့ ကွင်းလယ်ဒိုင်ဆီ ပြေးလွှား စောဒကတက်ရင်း ဂိုးရပြီဆိုတာ သိလိုက်ရတာနဲ့ အနားမှာရှိတဲ့ ဂျော်ဂျင်ဟိုကို နောက်ကနေ ကပ်အော်ပြီး ပြေးလွှား အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်၊ အန်တိုနီ ရဲ့လုပ်ရပ်ကို ဂျော်ဂျင်ဟိုက တစုံတရာ တုံ့ပြန်ခဲ့ခြင်းတော့ မရှိပါဘူး။ အချို့ကတော့ အန်တိုနီ ရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပေမယ့်




ပရိသတ် အများစုကတော့ ဒီကောင်လေးရဲ့ လုပ်ရပ်ကို သဘောကျ နေကြပါတယ်၊ ဒီပွဲရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း အန်တိုနီက သူ့ရဲ့ Trademark လို့ ပြောရမယ့် ကစားပုံ ဖြစ်တဲ့ ဘောလုံးနဲ့ အတူ ၃၆၀ ဒီဂရီလှည့်ပြီးတော့ လည်း အကွက်ပြခဲ့ပြီး ချဲလ်ဆီး နဲ့ ပွဲအတွက် ပြောစရာတွေကို ဖန်တီးသွားခဲ့ပါတယ်။

credit