စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရရှိ ရထိုက်သင့်တဲ့ ဂိုး အရေအတွက်ကို ထုတ်ပြောလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ယမန်နေ့ ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကျင်းပခဲ့တဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေပွဲ တစ်ပွဲ အဖြစ် အဆုံးသတ်သွား ခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် သူတို့အသင်း အနေနဲ့




ပထမပိုင်းတည်းက နှစ်ဂိုးပြတ်လောက် ရထိုက်ခဲ့သင့်ကြာင်း ထုတ်ပြောလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းထဲမှာ အိမ်ရှင် ချဲလ်ဆီး အသင်းကို အကောင်းဆုံး ကစားသွားခဲ့ပြီး တိုက်စစ်ပိုင်း chances တွေ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့




ချဲလ်ဆီး ဂိုးသမား လက်စွမ်းပြမှု တွေကြောင့် ဂိုးမရခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်၊ အိမ်ရှင် ချဲလ်ဆီး ဟာ မိနစ် ၃၀ နောက် ကစားသမား အပြောင်းအလဲ လုပ်ဆောင်ခဲ့ ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ကို ကွင်းလယ်မှာ ပြန်လည် ယှဉ် ကစားလာနိုင်ခဲ့ပြီး ပွဲပြီးဖို့ ၄ မိနစ် အလိုမှာ ဂျော်ဂျင်ဟိုက




ပင်နယ်တီ ဂိုးနဲ့ ပွဲကို စတင် ဦးဆောင်ခဲ့ပေမယ့် ကက်စမဲရိုး ရဲ့ ချေပဂိုးကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ သရေ တစ်မှတ် ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက်  ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က- ပထမပိုင်း ပွဲချိန်တွေက ကျွန်တော်တို့ အတွက် ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။




ကူကူရယ်လာကို ထုတ်ပြီး ကိုဗာဆစ် ဝင်ရောက် ကစားလာချိန် နည်းစနစ်  အပြောင်းအလဲ လုပ်ဆောင်လိုက် ချိန်မှာတော့ ကျွန်တော်တို့တွေ ကွင်းလယ်ပိုင်းမှာ ပြသာနာ တချို့  ရှိလာခဲ့တာတော့ သိသာပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ ရလာခဲ့ပါတယ်၊ ကျွန်တော်တို့ 0-2 လောက် ဖြစ်သွားနိုင်ခဲ့တာပါ။




ဒုတိယပိုင်း မှာတော့ သူတို့ ပင်နယ်တီ ကနေ ဂိုးရသွားတယ်၊ ဒါပေမယ့် ယုံကြည်မှုက ကျွန်တော်တို့ဆီမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့တယ်၊ ပြင်းပြတဲ့ စိတ်ဓါတ်က တကယ့်ကို မယုံနိုင်အောင်ပါပဲ၊ ဒါကြောင့်လည်း ကျွန်တော်တို့ တစ်မှတ်ကို ပိုင်ဆိုင်ခဲ့တာပါ၊ ဒီ တစ်မှတ်က




ကျွန်တော်တို့ လိုချင်နေတာမျိုး မဟုတ်ပေမယ့် ကောင်းမွန်တဲ့ သရေ တစ်မှတ်ပါ၊ ကျွန်တော်တို့ ဂိုးအဖြစ် ပြောင်းလဲနိုင်လောက်မယ့် အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါတွေကို လွဲချော်ခဲ့ရတယ်၊ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး၊ ကျွန်တော်တို့ ဆက်ပြီး အလုပ် ကောင်းကောင်း လုပ်ခဲ့တယ်။

ကျွန်တော့် အတွက်တော့ အရေးကြီးဆုံး အပိုင်းက တစ်ဂိုးနဲ့ ရှုံးနေရပြီး နောက်ပိုင်း ယုံကြည်မှုထားပြီး အတူတကွ အလျှော့မပေးပဲ ကြိုးစားခဲ့ကြတာပါ၊ ဒါက အံ့မခန်းပါပဲ လို့ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit