တဖက် တစ်ဂိုးစီ သရေကျခဲ့ပေမယ့် နည်းစနစ်ပိုင်း အရ ဂရေဟမ် ပေါ်တာ ထက် အသာရရှိခဲ့တဲ့ အဲရစ် တန်ဟက်ဂ်
|ကျနော်တို့ ယမန်နေ့ ညက ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီးတော့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေ များစွာ မြင်တွေ့ခဲ့ကြရပါတယ်၊ ချဲလ်ဆီးရော မန်ချက်စတာ ယူနိုက်တက် ရော သရေ ရလဒ်သာ ယူနိုင်ခဲ့ကြပေမယ့် နှစ်သင်းလုံး အတွက် ထိုက်တန်တဲ့ ရလဒ်လို့ပဲ ယူဆမိပါတယ်။
မန်ချက်စတာ ယူနိုက်တက် က ပုံမှန်အတိုင်းပဲ 4-2-3-1 ပွဲထွက်လာခဲ့ပြီးတော့ ပွဲကစားချိန် အများစုကတော့ 4-1-4-1 ပိုဆန်ခဲ့ပါတယ်၊ ချဲလ်ဆီးကတော့ 3-4-2-1 နဲ့ ပွဲထွက်လာခဲ့ပြီးတော့ နောက်ပိုင်းမှာ အပြောင်းအလဲတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ဆိုတော့ မန်ချက်စတာ ယူနိုက်တက် ဆီမှာ ဘောလုံးရှိနေတဲ့ အချိန်ဆိုရင်
ထုံးစံအတိုင်း 2-3-4-1 ပုံစံကို ခင်းပြီးတော့ ကစားကွက်ကို စတင်လေ့ ရှိပါတယ်၊ မာတီနက်ဇ်နဲ့ ဗာရန်းတို့ ကျန်ခဲ့ပြီးတော့ ကက်စမဲရိုးရဲ့ဘေး တဖက် တချက်ဆီမှာ လုခ်ရှောနဲ့ ဒါလော့တို့ ရှိခဲ့ကြပါတယ်၊ တိုက်စစ်မှာတော့ ဆန်ချို၊ ဘရူနို၊ အဲရစ်ဆင်နဲ့ အန်တိုနီတို့ ရှိခဲ့ပြီး အထောင် တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ် ရှိနေပါတယ်၊ ဒီအနေအထားကို
ချဲလ်ဆီး ကလည်း တစ်ယောက်ချင်း ကပ်ဖို့ ကြိုးစားခဲ့ကြပါတယ်၊ နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲမှာ ပွဲပြီးခါနီး ပြုမူခဲ့တဲ့ သူ့ရဲ့ အပြုအမူက မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ နှစ်ရှည်လများ စောင့်မျှော်ခဲ့ရတဲ့ နည်းပြ တစ်ယောက် ဆိုတာကို သက်သေပြခဲ့ပါတယ်။
ဒီပွဲမှာ နောက်ကျ သွင်းဂိုး နှစ်ဂိုးနဲ့ အတူ တဖက် တစ်ဂိုးစီ သရေကျခဲ့ကြတာပါ၊ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၈၆ မိနစ်မှ ဂျော်ဂျင်ဟိုက ပင်နယ်တီက တဆင့် စတင် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်၊ အဲ့ဒီနောက် ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပိုမှာ လုခ်ရှောရဲ့ ဖြတ်တင်ပေးပို့မှုကို ကက်စ်မဲရိုးက ခေါင်းတိုက်ပြီး
မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုး ရရှိခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ ဒီလို နောက်ကျ ချေပဂိုး အတွက် သည်းကြီး မဲကြီး အောင်ပွဲခံခဲ့ကြပေမယ့် အဲရစ် တန်ဟက်ဂ် ကိုယ်တိုင်က သရေ ရလဒ်နဲ့ ကျေနပ်ခဲ့တာ မဟုတ်ဘူး ဆိုတာကို ဒီပွဲရဲ့ မြင်ကွင်းတခုက သက်သေပြခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် တို့
ချေပဂိုး ရခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်မှုကို လုခ်ရှောက ရှင်းထုတ်ရင်း မန်ချက်စတာ ယူနိုက်တက် တို့ လက်ပစ်ဘောမြှောက်ခွင့် ရရှိခဲ့ပါတယ်။ ဒီအချိန်မှာ လုခ်ရှောက ပွဲသိမ်း ခရာမှုတ်ဖို့ စောင့်နေသလို ပုံစံမျိုး အေးအေး ဆေးဆေးနဲ့ပဲ လက်ပစ်ဘောကို မြှောက်ပေးဖို့ ပြင်ဆင်ခဲ့ပါတယ်၊ အဲ့ဒီအချိန်မှာ ပွဲပြီးဆုံးဖို့ စက္ကန့် ၃၀ လောက်ပဲ ကျန်ရှိတော့ပြီး
မန်ချက်စတာ ယူနိုက်တက် အတွက် မြန်နိုင်ရင် မြန်နိုင်သလောက် နောက်တကြိမ် တိုက်စစ်ဆင်ခွင့် ရှိပါသေးတယ်၊ အဲ့ဒါကြောင့်လည်း အဲရစ် တန်ဟက်ဂ် က ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း လုခ်ရှောကို အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် က လုခ်ရှောကို ပွဲအမြန်ဆုံး ပြန်စဖို့၊ လက်ပစ်ဘောကို အမြန်ဆုံး မြှောက်ပေးဖို့ အော်ဟစ် ညွှန်ကြားနေခဲ့ပြီး
ဒါက မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ သဘောကျစရာ ဖြစ်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ပထမ ရာသီဝက်မှာ အသင်းကြီးတွေနဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့ မှတ်တမ်းတွေမှာ တပွဲတည်းသာ ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးကို သရေကျကာ ကျန်တဲ့ အသင်းကြီးတွေကို အနိုင်ကစားနိုင်ခဲ့တဲ့ အသင်း တသင်းလည်း ဖြစ်ပါတယ်။
credit