ရော်နယ်ဒိုကို ချဲလ်ဆီးထံ ဘယ်တော့မှ ရောင်းချမှာ မဟုတ်ကြောင်း ရှင်းပြလိုက်တဲ့ တိုနီ ကပ်စ်ကာရီနို

0
68

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အဆင်မပြေ  ဖြစ်နေတဲ့ ကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒို ကို ချယ်ဆီး အသင်းက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်၊ ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ နွေ ဈေးကွက်တုန်း ကလည်း




အသင်းပိုင်ရှင် တော့ဒ်ဘိုလေ လိုချင်နေတာကြောင့် ရော်နယ်ဒို ကို ချိတ်ဆက်ခဲ့ သေးပေမယ့် ထိုစဉ်က နည်းပြ တူချယ် သဘောမတူ တာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပါဘူး၊ ဒါကြောင့် ဆောင်းဈေးကွက် ဖွင့်ချိန်မှာ ထပ်မံ လှုပ်ရှားဖွယ် ရှိနေတာပါ၊ ချဲလ်ဆီး ကစားသမားဟောင်းကြီး




တိုနီ ကပ်စ်ကာရီနို ကတော့ ရော်နယ်ဒို ကို ခေါ်ယူဖို့ ဆိုတာ ချဲလ်ဆီး အတွက်ရော မန်ချက်တာ ယူနိုက်တက် အတွက်ပါ အဓိပ္ပါယ် ရှိမှာ မဟုတ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်၊ ရော်နယ်ဒို ကို ချဲလ်ဆီးက ခေါ်ယူဖြစ်မယ် ထင်သလားလို့ အမေးကို ကပ်စ်ကာရီနို က- မထင်ပါဘူး။




စိတ်ဝင်စားစရာတော့ ကောင်းပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် က ရော်နယ်ဒို ကို ထွက်ခွာခွင့် ပေးဖို့ ပြင်ဆင်ထားမယ် မထင်ဘူး၊ သူတို့က အဆင့် လေး အတွင်း မဝင်၊ ရော်နယ်ဒိုက ချဲလ်ဆီးသွား ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ကို တကယ်ကြီး ထိခိုက်သွားနိုင်တယ်လေ။




အဲဒီ ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ဒီ အပြောင်းအရွှေ့က ဖြစ်လာဖို့ ခက်တယ် ဆိုတာ နားလည်ကြမှာပါ၊ ချဲလ်ဆီးက အထောင် တိုက်စစ်နေရာ အတွက် လိုတယ်။ တကယ်ကို နေရာယူတာ မြန်တဲ့ သွက်တဲ့ ပြေးလွှားနိုင်တဲ့ သူမျိုး လိုတာပါ၊ ရော်နယ်ဒိုသာ စတန်းဖို့ဘရစ်ချ်ကို ရောက်လာမယ် ဆိုရင်




ကျနော်တော့ အံ့သြမိမှာပါ၊ မန်ချက်စတာ ယူနိုက်တက် က ဒါကို ဖြစ်ချင်မှာ မဟုတ်ဘူး၊ အဲဒါက ဘာနဲ့တူလဲ ဆိုရင် မျက်နှာချောမွေ့ဖို့ နှာခေါင်း ဖြတ်ထုတ်လိုက်သလို ဖြစ်နေမှာပါ၊ တကယ်ကြီး အဲဒီလိုပါပဲ။ ရော်နယ်ဒိုကို သွားခွင့်ပြုလိုက်ပြီး ချဲလ်ဆီးက သူတို့  အထက်မှာ ဆိုရင် မန်ချက်စတာ ယူနိုက်တက် အတွက် ဘယ်လောက် ခံရခက်လိုက် မလဲဗျာ။




တွေးကြည့်ပေါ့လို့ talkSPORT မှာ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ရော်နယ်ဒို ကို ချဲလ်ဆီ နဲ့ ပွဲမှာ လူစာရင်းကနေ ဖယ်ထုတ်ထားပေမယ့် ယူရိုပါလိဂ် ကြားရက်ပွဲမှာ ပြန်အသုံးပြုမှာ ဖြစ်ကြောင်း နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောဆိုထားပါတယ်။

credit