ရာဖေးလ် ဗာရန်း ဒဏ်ရာကြောင့် အနားယူရမှာ ဖြစ်ပေမယ့် ကြယ်တစ်ပွင့် ပြန်လာနိုင်မှုကြောင့် စိတ်သက်သာရာ ရတော့မယ့် တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယား ဟာ ဒဏ်ရာကြောင့် အနားယူနေရာကနေ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီဖြစ်ကြောင်း သတင်း မီဒီယာများက အတည်ပြု ဖော်ပြခဲ့ကြပါတယ်။ အဆိုပါ အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ
ရက်သတ္တပတ်မှာ လက်ရွေးစင်အသင်း အတွက် စွမ်းစွမ်းတမံ ကစားပေးရင်း ဒဏ်ရာ ပြဿနာ ရရှိလာခဲ့တာ ဖြစ်ပါတယ်တယ်၊ ဒါကြောင့်လည်း ဒီကြားထဲမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဥ်အားလုံးကို ဟယ်ရီ မက်ဂွိုင်းယား တယောက် လွဲချော်ခဲ့ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားဟာ
ဂျာမနီနဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ နေးရှင်းလိဂ်အုပ်စု နောက်ဆုံး ပွဲစဥ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်၊ ၎င်းဟာ ဒီမတိုင်ခင် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့
ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အဓိက နောက်ခံလူ ရာဖေးလ် ဗာရန်း တယောက် တံကောက်ကြော ဒဏ်ရာရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ ပေါင်အနောက်ဖက် ကြွက်သား ဒဏ်ရာ ရရှိခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်ခင် အထိ မန်ချက်စတာ ယူနိုက်တက် ပွဲစဥ် အားလုံးကို လွဲချော်ရတော့မှာပါ။
ဒီလို အချိန်မျိုးမှာပဲ ဟယ်ရီ မက်ဂွိုင်းယား ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အချိန်ကိုက် ပြန်လာနိုင်တော့မှာ ဖြစ်တာကြောင့် ခေါင်ခဲနေတဲ့ နည်းပြကြီး အဲရစ် တန်ဟက်ဂ် အတွက်လည်း စိတ်သက်သာရာ ရပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်၊ ဟယ်ရီ မက်ဂွိုင်းယား ဟာ ဒီတပတ်ထဲမှာပဲ
အသင်းနဲ့ အတူတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်မှာ ဖြစ်ပြီး ပွဲထွက်ခွင့် အတွက်ပါ အဆင်သင့် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ကြာသပတေး ညမှာ ရှရစ်ဖ် အသင်းနဲ့ ယူရိုပါလိဂ် အိမ်ကွင်း ပွဲစဥ်ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဟယ်ရီ မက်ဂွိုင်းယားသာ
ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် ဒီပွဲစဥ်မှာ ပွဲထွက် ဒါမှမဟုတ် လူစားဝင် ကစားသမား အဖြစ် ပါဝင်ခွင့် ရလလာနိုင်ပါတယ်၊ ပရီးမီးယားလိဂ်လိုမျိုး အရေးကြီးပွဲတဲ့ စဥ်တွေမှာ ပွဲထွက်ခွင့် ရဖို့ အတွက်ကတော့ ဟယ်ရီ မက်ဂွိုင်းယား တစ်ယောက် လင်ဒီလော့ဖ်နဲ့ ပြိုင်ဆိုင်ရဖွယ် ရှိပါတယ်၊ လက်ရှိ အချိန်မှာတော့
ရာဖေး ဗာရန်း နဲ့ လီဆန်ဒရို မာတီနက်ဇ် အတွဲက အဲရစ် တန်ဟက်ဂ် အတွက် တကယ်ကို အားကိုး အားထားရတဲ့ အတွဲ ဖြစ်နေပြီး ဗာရန်း ဒဏ်ရာရသွားခဲ့တာက နစ်နာစရာ ဖြစ်ခဲ့ပါတယ်၊ သို့သော်လည်း ဟယ်ရီရဲ့အဆိုအရ သူ အကောင်းဆုံး ပြန်လာမယ်လို့ သိရပါတယ်။
credit