မစ်ဒယ်ဘရော့ အသင်းရဲ့ တရားဝင် နည်းပြသစ် ဖြစ်လာတဲ့ အပေါ် ရင်ဖွင့်လာတဲ့ မိုက်ကယ် ကာရစ်

ယနေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ကစားသမား မိုက်ကယ် ကာရစ် ကို မစ်ဒယ်ဘရော့ အသင်းမှ အမြဲတမ်း မန်နေဂျာသစ် အဖြစ် ခန်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားပြီ ဖြစ်ပါတယ်။




အသက် 41 နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ မိုက်ကယ် ကာရစ်ဘဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမား အဖြစ် 12 ရာသီကြာ ကစားခဲ့ပြီး ဟိုဆေး မော်ရင်ဟို နဲ့ အိုလီဂန်နာ ဆိုးလ်ရှား တို့ လက်ထက်မှာ နည်းပြဘ၀ကို စတင်ခဲ့တာ ဖြစ်ပါတယ်။




အိုလီဂန်နာ ဆိုးလ်ရှား ထွက်ခွာပြီး နောက်ပိုင်းမှာ သူဟာ ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ဗီလာရီးယဲလ်နဲ့ အာဆင်နယ် တို့ကို အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ် သုံးပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နှုတ်ဆက် အနားယူခဲ့တာ ဖြစ်ပါတယ်။




ဒီကနေ့မှာတော့ မစ်ဒယ်ဘရော့ နည်းပြ ရာထူး ရယူလိုက်ပြီ ဖြစ်ပြီး မိုက်ကယ် ကာရစ် က- ယခုလို ပြောကြားသွားခဲ့ပါတယ်၊ “နက်နဲတဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာ ရှိတဲ့ ကလပ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတာ အရမ်း စိတ်လှုပ်ရှားမိပါတယ်”လို့ Carrick က Boro ၏ ဝဘ်ဆိုက်မှာ ထုတ်ဖော် ရေးသားခဲ့ပြီး




ဆက်လက်ပြီး Carrick က “Middlesbrough အသင်းက ကျွန်တော် ကိုးနှစ်သား အရွယ်မှာ စတင် ကစားခဲ့တဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ကလပ် ဖြစ်ပြီး နည်းပြချုပ် အဖြစ် ဒီကို ပြန်လာရတာက အရမ်းကို ထူးခြားတဲ့ ခံစားချက်ပါ။

“ကျွန်တော့် အတွက် တကယ့်ကို အခွင့်ထူးပါပဲ၊ အသင်းကို ဖွံ့ဖြိုး တိုးတက်အောင် ကူညီပေးပြီး အသင်းကို ရှေ့ဆက်သွားနိုင်ဖို့နဲ့ အားပေးသူတွေ ဂုဏ်ယူရဖို့ အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားသွားမှာပါ၊ စတင်ဖို့ မစောင့်နိုင်တော့ဘူး။”လို့ ပြောကြားသွားခဲ့ပါတယ်။

credit