ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဲရစ် တန်ဟက်ဂ် ခေါ်ယူမယ့် ထိပ်ဆုံး ပစ်မှတ် သုံးဦး ပေါက်ကြားလာ
|မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik ten Hag က ယခုအခါမှာ ပစ်မှတ် Joao Felix ထက် ရှေ့တန်း ကစားသမား (၃) ဦးကို ခေါ်ယူရန် ပိုမို ဆန္ဒရှိနေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ အက်သလက်တီကို မက်ဒရစ် ကစားသမား ဖီးလစ်ထက် ၎င်း အမှန်တကယ် ခေါ်ယူလိုတဲ့ တိုက်စစ်မှူး သုံးဦးကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဖီးလစ်ဟာ တစ်ချိန်က ဥရောပ ဘောလုံးလောကမှာ
အလားအလာ အကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရသော်လည်း ယခုအချိန်မှာ Erik ten Hag ရဲ့ အပြောင်းအရွှေ့ ဆန္ဒ စာရင်းမှာ ထိပ်ဆုံး ၃ ဦးပင် မပါဝင်တော့ကြောင်း သိရပါတယ်။ အထူးသဖြင့် အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒို ၏ နောက်ဆုံး လုပ်ရပ် အပေါ် ဒေါသ ထွက်နေခြင်းကြောင့် ၎င်း၏ တိုက်စစ်ပိုင်း ရွေးချယ်မှုများကို အားကောင်းစေရန်
စိတ်အားထက်သန်နေကာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ အသက် ၃၇ နှစ်အရွယ် ကစားသမားကို ဇန်နဝါရီ နောက်ပိုင်း အသင်းတွင် ဆက်ရှိနေဦးမည်လားဟု သံသယရှိစရာ ပိုများလာနေပြီး ငါးကြိမ် Ballon d’Or ဆုရှင်ဟာ Erik Ten Hag ၏ အမြင်တွင် လိုအပ်တဲ့ အပြုအမူများထက် ပိုလျှံသည်ဟု ရှုမြင်နေပါတယ်။တော့တင်ဟမ် ဟော့ စပါး ကို ၂-၀ နဲ့
အနိုင်ရခဲ့တဲ့ နောက်ဆုံးအခေါက်မှာ ရော်နယ်ဒိုက လူစားဝင်ဖို့ ငြင်းဆန်ခဲ့ပြီး အချိန်ပြည့် ဝီစီမမုတ်ခင် မိနစ်ပိုင်း အလိုမှာ အိုးလ်ထရက်ဖို့ဒ် ဥမင်လိုဏ်ခေါင်း အတွင်း ထွက်ခွာသွားခဲ့ပြီး သူတို့ရဲ့ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ အပတ်က အဆင်မပြေ ဖြစ်ခဲ့ကြပါတယ်။ တစ်ဖန်၊ Erik Ten Hag က ရော်နယ်ဒိုကို ပထမအသင်းနဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ယာယီ ပိတ်ပင်ဖို့
ဆုံးဖြတ်ခဲ့ပြီး စနေနေ့က ချဲလ်ဆီးနှင့် 1-1 သရေကျသည့် ပွဲတွင်လည်း ချန်လှပ်ခဲ့ပြီး တစ်ယောက်တည်း လေ့ကျင့် နေစေရန် ဆုံးဖြတ်ခဲ့သွားခဲ့ပါတယ်။ Erik Ten Hag နှင့် Ronaldo တို့ နှစ်ဦးရဲ့ မပြေလည်မှာဟာ ရေရှည်မှာ မသင့်တော်ကြောင်း သတင်းမီဒီယာများက ပြန်လည် အဆင်ပြေဖို့ ခက်ခဲဖွယ်ရှိကြောင် ဖော်ပြခဲ့ကြပြီး ထို့ကြောင့် နယ်သာလန်သားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အစားထိုး ဝင်ရောက်မည့် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ နိုင်ငံဖော် Felix ဟာ အလားအလာ ရှိသော ရွေးချယ်မှုတစ်ခုလအဖြစ် ချီးကျူးခံရပြီး 2019 ‘Golden Boy’ ဆုလက်ခံရရှိသူဟာ အက်သလက်တီကိုမှာ ဒီယေဂို ဆီမြွန်နီ လက်အောက် ၎င်း၏ ကိုယ်ပိုင်ရုန်းကန်မှုများကို ထည့်သွင်း စဉ်းစားရန် အပြောင်းအရွှေ့ အတွက် စိတ်အားထက်သန်နေပြီး သို့သော်လည်း Erik Ten Hag က
မတူညီသော အခန်းကဏ္ဍ များစွာမှာ အသုံးချနိုင်သော ရှေ့တန်းမှ မဟုတ်ဘဲ ဂိုးဆာလောင်နေသော ရိုးရာတိုက်စစ်မှူးကို ပိုမိုနှစ်သက်ဖွယ်ရှိတယ်လို့ ကောလာဟလများ ထွက်ပေါ်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြရဲ့ အမြင်မှာ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ လူ ၃ ယောက် ကတော့ Lille ရဲ့ Jonathan David ၊ Bayer Leverkusen မှ Patrik Schick နဲ့ Lyon ကြယ်ပွင့် Moussa Dembele တို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ၃ ယောက်ထဲမှ Felix ကဲ့သို့ စွဲမက်ဖွယ်ကောင်းသည့် ရွေးချယ်မှုမျိုး မရှိသော်လည်း Erik Ten Hag က ၎င်းတို့က နည်းဗျူဟာ အရ ပိုသင့်လျော်သည်ဟု ယူဆပါနေပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အကျိုးအမြတ်များကို ရရှိနိုင်မည်လို့ ယုံကြည်နေပါတယ်။
credit