ဒါလော့ နဲ့ ယှဉ်ပြိုင်ရန် မန်စီးတီး အကယ်ဒမီထွက် 21 နှစ်အရွယ် လေဗာကူဆင် ကြယ်တစ်ပွင့်ကို စောင့်ကြည့်နေတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် ဖြစ်လာတဲ့ Jeremie Frimpong ဟာ ​​ထူးချွန် ထက်မြက်တဲ့ အရည်အချင်းရှိသူ ဖြစ်တယ်လို့ ၎င်းရဲ့ နည်းပြဟောင်းက ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ Diogo Dalot နှင့် ယှဉ်ပြိုင်ရန် ရှာဖွေမှု အတွက်




လက်ရှိမှာ ယခုရာသီ 11 ပွဲ ကစား 5 ဂိုး သွင်းယူထားသည့် Frimpong ကို မန်ချက်စတာ ယူနိုက်တက် က ကင်းထောက်နေကြောင်း နာမည်ကြီး ဂျာမန် ဂျာနယ်လစ် တစ်ဦးက ဖော်ပြသွားခဲ့ပါတယ်။ အသက် 21 နှစ် အရွယ်ရှိ Frimpong ဟာ ဘွန်ဒက်လီဂါ ကြယ်ပွင့်တစ်ဦး ဖြစ်လာရန် ဆက်တိုက် ဆိုသလို တိုးတက်လာခဲ့ပြီး




မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ခြင်းဖြင့် အဆင့်သစ် တစ်ခုကို ရောက်ရှိလာနိုင်ပြီး ထို လူငယ် ကစားသမားလေး ဟာ မန်စီးတီး အကယ်ဒမီမှာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ပြီး ဆဲလ်တစ်က ပေါင် 300,000 နဲ့ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်တစ် အသင်းဟာ ၎င်းကို စကော့တလန်မှာ 18 လကြာ ကစားစေခဲ့ပြီးနောက်




လေဗာကူဆင်က ပေါင် 11 သန်း နဲ့ ခေါ်ယူ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ နည်းပြဟောင်းက Frimpong နဲ့ ပတ်သက်ပြီး ယခုလို ပြောကြားသွားခဲ့ပါတယ်။ Lennon က The Sun နဲ့ တွေ့ဆုံရာမှာ- “Frimpong က ဘယ်လို ကစားသမားလဲ ဆိုတာ မင်းတို့ တွေ့နိုင်တယ်၊ သူက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အကောင်းမွန်ဆုံးသော ကလေးများထဲမှ တစ်ဦး ဖြစ်ပါတယ်။




ခံစစ်၊ ထိုးစစ် အဆုံး ကစားပွဲထဲမှာ သူဆီက ရရှိနိုင်တာတွေက အကောင်းဆုံး စွမ်းဆောင်ရည်တွေပဲ ဖြစ်ပါတယ်၊ သူက ထူးချွန်တဲ့ အရည်အချင်း တစ်ခုကို ပိုင်ဆိုင်ထားသူပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ လေဗာကူဆင် အားကစားဒါရိုက်တာ Simon Rolfes ကတော့- “သူဟာ နည်းပညာပိုင်း အရ




အားကောင်းပြီး၊ မယုံနိုင်လောက်အောင် မြန်ဆန်ပြီး တိုက်စစ်ကို ဦးစားပေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်၊ သူ့မှာ ကြီးမားတဲ့ အလားအလာ ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက် တစ်သင်းတည်းကပဲ သူ့ကို အာရုံစိုက်နေတာ မဟုတ်ပါဘူး၊ ဘိုင်ယန်မြူးနစ် ကလည်း ယခုနှစ် အစောပိုင်းက Frimpong ကို ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ၎င်းကို စောင့်ဆိုင်း ရဖွယ် ရှိနေပါတယ်၊ ငွေရေးကြေးရေးကြောင့် ဂျရမီ ဖရိုင်ပွန် ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ရဲ့ လမ်းကြောင်းက မရိုးရှင်းပါဘူး၊ နွေရာသီ အပြောင်းအရွှေ့ ကြီးကြီးမားမား သုံးစွဲခဲ့ပြီးနောက် ဇန်န၀ါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ငွေကြေးသုံးစွဲဖို့ အကတ်အသတ် ရှိနေနိုင်ပါတယ်။

credit