ယူရိုပါလိဂ် ပွဲစဉ် မော်လ်ဒိုဗန် ကလပ် Sheriff Tiraspol နှင့် ပွဲ မတိုင်မီ မန်ချက်စတာ ယူနိုက်တက် မှ ထွက်ပေါ်လာတဲ့ ထူးထူးခြားခြား သတင်းများ
|မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒို ဟာ ၎င်းရဲ အပြုအမူ အရ နည်းပြ Erik ten Hag က တစ်ယောက်တည်း လေ့ကျင့်ဖို့ အမိန့်ထုတ်ခံရပြီးနောက် ယခု အခါမှာတော့ အသင်းနဲ့ အုပ်စုလိုက် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တော့တင်ဟမ် ဟော့ စပါး နဲ့ ပွဲမှာ လူစားလဲ ကစားဖို့ ငြင်းဆိုခဲ့ပြီး ပွဲမပြီးခင် အဝတ်လဲခန်းဆီ ထွက်ခွာသွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့နဲ့ နည်းပြ အဲရစ် တန်ဟင်ဂ် က အပြစ်ပေးခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က
ချဲလ်ဆီး နဲ့ ၁-၁ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာလည်း ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ Erik Ten Hag က သူရဲ့ လုပ်ရပ် အတွက် “အကျိုးဆက်များ” ရှိရမည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ရော်နယ်ဒို နှင့် Ten Hag အကြား ဆက်သွယ်မှုများ ရှိနေကြောင်း
သိရှိရပါတယ်။ ယခု အခါမှတော့ ပေါ်တူဂီသား ကြယ်ပွင့်ဟာ ကြာသပတေးနေ့မှာ ကစားမည့် ယူရိုပါလိဂ် အုပ်စု E အဖြစ် အိမ်ကွင်းမှာ မော်လ်ဒိုဗန် ကလပ် Sheriff Tiraspol နှင့် ယှဉ်ပြိုင်ကစားရန် လေ့ကျင့်မှုတွင် ပါဝင်နေပြီလို့ သတင်း အရင်းအမြစ်များက အခိုင်အမာ ဖော်ပြသွားပြီ ဖြစ်ပါတယ်။
တဆက်ထဲမှာပဲ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား နှင့် ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒီဘီခ် တို့လည်း မကြာသေးမီက ဒဏ်ရာ ပြဿနာများကြောင့် အနားယူနေရာမှ အင်္ဂါနေ့က လေ့ကျင့်ရေး ပြန်ဆင်းပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
credit