ကက်စမဲရိုးကို အာဆင်နယ် ကြယ်တစ်ပွင့်နဲ့ နှိုင်းယှဉ်နေတဲ့ အပေါ် တုန့်ပြန်ရင်း အဲရစ် တန်ဟက်ဂ် ကို ခနဲ့လိုက်တဲ့ ရီယို ဖာဒီနန်
|ယခုရာသီမှာ သောမတ်စ် ပါတေး ဟာ ကက်စမဲရိုးထက် ပိုမို ခြေစွမ်းပြနေပြီး ကောင်းကောင်း ကစားနေနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က တုန့်ပြန်သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ ကက်စမဲရိုးကို ပေါင် သန်း ၆ဝ နဲ့ ခေါ်ယူခဲ့ပြီး
ဘရာဇီး လက်ရွေးစင်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ၁၂ ပွဲ ပါဝင် ကစားထားပါတယ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ လူစာရင်းထဲ ပါဝင် ကစားခွင့် ရဖို့ ကက်စမဲရိုးဟာ ပရီးမီးယားလိဂ် ၅ ပွဲ အထိ စောင့်ခဲ့ရပါသေးတယ်။ ပါတေး ကတော့ ဒီရာသီ ခြေစွမ်းပြ ပုံစံကောင်း ရနေတဲ့ အာဆင်နယ် အသင်းနဲ့ အတူ အထင်ကြီးဖွယ် စွမ်းဆောင်နိုင်ခဲ့ပြီး
၎င်းတို့ ခေါ်ယူခဲ့တဲ့ သောမတ်စ် ပါတေး ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ အဓိက အသင်းသား အဖြစ် ပါဝင်နေပြီ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ပါတေးကို အရင်က ချိန်ရွယ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပါတယ်၊ ပါတေးက ပိုကောင်းနေတယ် ဆိုတဲ့ သုံးသပ်မှုတွေ အပေါ်တော့
ဖာဒီနန်က- ပါတေးက တကယ် ကောင်းတဲ့ ကစားသမားပါ၊ ခြေစွမ်းကောင်းပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်မှာ အထိုင် ကစားဖို့ဆိုရင်တော့ သူက မှန်ကန်တဲ့သူ မဟုတ်ပါဘူး။ ကျနော်တို့က ဘယ် ကစားသမားက ဘယ်ကြေးနဲ့ ဘယ်လို တန်တယ် ဘယ်လောက် ရှိတယ် ပြောဆိုနေကြတယ်၊ ဘာနဲ့တူလဲ ဆိုရင် ဖရက်နဲ့ တော်မီနေး မတိုင်ခင်
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ခံစစ် အတွက် ပါတေးကို မခေါ်ချင်ဘူးလားလို့ လာမေးနေသလိုပါပဲ၊ ဟုတ်ပြီ အဲဒီလိုဆို ခေါ်မှာပေါ့ ဒါပေမယ့် အဲဒီကျတော့ရော ဘာထူးသွားမလဲ? ကျနော်က ကက်စမဲရိုး နဲ့ ပါတေး နှိုင်းယှဉ် ပြောနေကြလို့ ပြောတာပါ၊ ဒါက ပြိုင်ပွဲတော့ မဟုတ်ဘူးလေ။ လို့ တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။ ကက်စမဲရိုးကို
ပွဲကစားခွင့်တွေ ပိုပေးဖို့ကိုလည်း ဖာဒီနန်က အဲရစ် တန်ဟက်ဂ် ကို ယခုလို တိုက်တွန်းသွားခဲ့ပါသေးတယ်၊ ဒီမှာ ပွဲကစားခွင့်ရတာ မိနစ်ပိုင်း နည်းနည်းလေးနဲ့ ကစားသမား တစ်ယောက်က ကိုယ့် အရည်အသွေးကိုယ် ဘယ်လို ပြသရမလဲ? သူက ဘာဖြစ်လို့ သူ့ခြေစွမ်းကို သက်သေပြရဦးမှာတဲ့လဲ။ သူ မန်စီးတီးကို ရောက်လာတာ မဟုတ်ဘူး၊ ဘိုင်ယန်မြူးနစ်လည်း
မဟုတ်ဘူး၊ တိုးတက်အောင် လုပ်နေရတဲ့ အသင်း တစ်သင်းကို ရောက်လာခဲ့တာပါ၊ ပြီးခဲ့တဲ့ လပိုင်းကမှ ချန်ပီယံလိဂ် ဗိုလ်စွဲထားသူ တစ်ယောက်ကို ခေါ်လာပြီး မင်း ဒီအသင်းမှာ ကိုယ့် အရည်အချင်းကိုယ် သက်သေပြလို့ ပြောစရာလားဗျာ။ ယခုက အရင်တုန်းက မန်ချက်စတာ ယူနိုက်တက် မဟုတ်တော့ပါဘူး။
ယူရိုပါလိဂ် ကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် ပါ၊ ကက်စမဲရိုးက ၁၈ နှစ်သား ကစားသမားလေး မဟုတ်ပါဘူး၊ သူ့ကို ခေါ်လာပြီ ဆိုရင် တံခါးဖွင့်ကြိုပြီး ပေးကစားရမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ သူဘာတွေ လုပ်နိုင်တယ် ဆိုတာ သိလို့ ခေါ်လာခဲ့တာလေလို့ ဖာဒီနန်က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit