ရော်နယ်ဒို နဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကို မေးခွန်းထုတ်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း ဖြစ်သူ ဖာဒီနန်က ဒီရာသီ မတိုင်မီ နည်းပြ Erik Ten Hag အနေနဲ့ ရော်နယ်ဒိုကို ဘယ်လို နေရာပေးမလဲ ဆိုတာ ကြိုတင် ဆွေးနွေးမှု လုပ်ခဲ့ရဲ့လား ဆိုတာ သံသယ ဖြစ်မိကြောင်း ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ အိုးလ်ထရပ်ဖို့ဒ်မှာ တော့တင်ဟမ် ဟော့ စပါး ကို 2-0 နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဥ်အတွင်း လူစားဝင်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာ မရေရာတဲ့ အနေအထားကို ရောက်သွားခဲ့ရပါတယ်။




အဲ့ဒီနောက်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag က Ballon D’ Or 5 လုံး ဆွတ်ခူးထားတဲ့ ကမ္ဘာ့အကောင််းဆုံး ကစားသမား တစ်ဦးကို သက်ညှာမှု မပေးပဲ အရေးယူတဲ့ အနေနဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ တစ်ဦးထဲ လေ့ကျင့်စေခဲ့ပြီး ချဲလ်ဆီးနဲ့ ပွဲစဥ်မှာလည်း မပါဝင်စေခဲ့ပါဘူး။




ယခုတော့ ရော်နယ်ဒို ဟာ Erik Ten Hag နဲ့ တွေ့ဆုံပြီးပြီလို့ သတင်းထွက်လာပြီး အချိန်မှာတော့ ပေါ်တူဂီသား ဟာ ကာရင်တန် လေ့ကျင့်ရေး ကွင်းဆီ ပြန်လာတဲ့ ပုံရိပ်တွေကို ဆိုရှယ်မီဒီယာ အထက်မှာ ပြန်လည် ပျံ့လွင့်လာခဲ့ပါတယ်၊ ဒါ့အပြင်် ယူရိုပါလိဂ် ပွဲစဉ်မှာ ပါဝင်ခွင့် ရမယ်လို့လည်း သတင်းထွက် နေခဲ့ပါပြီ။




ဘယ်လိုပဲ ဖြစ်နေပါစေ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဖာဒီနန်က Erik Ten Hag က ရာသီသစ် မတိုင်ခင် တည််းက ရော်နယ်ဒို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ထားသလဲ ဆိုတာ ကစားသမားနဲ့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ရဲ့လား သံသယဝင်နေမိကြောင်း ဖွင့်ဟလိုက်ပါတယ်။




နွေတုန်းက ဒီမန်နေဂျာက သူ့ကို လိုချင်သလား? မလိုချင််ဘူးလား? ဘယ်လိုပဲဖြစ်ပါစေ သူတို့တွေ အကြား ဆက်သွယ်မှု ပြုလုပ်ခဲ့သင့်ပါတယ်၊ Erik Ten Hag က မင်းမပါဘူး၊ မင်းကို အသင်းမှာ ဆက်ရှိစေချင်တယ်၊ ဒါပေမယ့် ပွဲချိန် အနည်းငယ်လောက််ပဲ ကစားရမယ် ဆိုတာမျိုး ပြောခဲ့သင့်ပါတယ်။




သူ ဒီလို ပြောခဲ့ဖူးသလား? ဒါမျိုးတွေ ဖြစ်ပျက်ခဲ့လိမ့်မယ်လို့ ကျွန်တော်တော့ အတွေးကို မဝင်မိပါဘူး၊ ခရစ္စတီယာနို လို အသင်းရဲ့ တစ်နှစ်တာ ဂိုးသွင်း အများဆုံး ကစားသမားကို ဒီရာသီ ဘယ်လို ပုံစံနဲ့ အသင်းမှာ ရှိရမလဲ ဆိုတာ ကြိုပြောထားရင် သူလည်း ဘာလုပ်ရမလဲ သိနိုင်မှာပါ။

Erik Ten Hag က မင်းဒီမှာ 5 မိနစ် ဟိုမှာ 10 မိနစ် ကစားရမယ် ဆိုတာမျိုး ပြောခဲ့သလား? ဒါမှမဟုတ် မင်းကို ကစားခွင့် ပေးမယ် မင်းက ငါ့တို့ရဲ့ နံပါတ် 9 ပဲ ဆိုတာမျိုး ပြောခဲ့သေးလား? ဒါမှမဟုတ် မာရှယ် ရပ်ရှ်ဖို့ဒ် တို့ရဲ့ အရန်လူ အဖြစ်ရမယ် ဆိုတာမျိုး ပြောခဲ့သလားပေါ့။

အဲ့လိုသာ ပြောခဲ့ရင် စပါးနဲ့ ပွဲကလို အဖြစ်အပျက်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး၊ ကျွန်တော်သာဆို ဒါတွေ သူတို့ကို ပေးသိမှပါ၊ ဖုံးကွယ်မှာ မဟုတ်ပါဘူး၊ ပွဲပြီးဖို့ 5 မိနစ််လောက် လိုတဲ့ အချိန်မှာ သူ့ကို ဒီလို ထွက်တာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး၊ လို့ ဖာဒီနန် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit