အသင်းနဲ့ နည်းပြရဲ့ အကောင်းဆုံး အရာတွေကို ကျော်လွန်ပြီး နှစ်ကြိမ်တိတိ ဘောလုံးလောက စာမျက်နှာမှာ နေရာ ရယူသွားတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ပြီးခဲ့တဲ့ အပတ်က တော့တင်ဟမ် ဟော့စပါး နဲ့ ပွဲစဉ်အပြီး ပထမ အသင်းကနေ ထုတ်ပယ် ခံခဲ့ရတဲ့ ခရစ်စတီယာနို ရော်နယ်ဒို ဟာ အင်္ဂါနေ့က အဲရစ် တန်ဟက်ဂ် နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ရက်အနည်းငယ် အလုပ်များခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုလ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီး ကို ဒါဘီ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး အံ့အားသင့်ဖွယ် ကောင်းတဲ့ အပြောင်းအလဲ တစ်ခုကို ဖန်တီးနိုင်ခဲ့သော်လည်း ခေါင်းစီး သတင်းအားလုံးကိုတော့ ခရစ်စတီယာနို ရော်နယ်ဒို လွှမ်းမိုးကြီးစိုး သွားခဲ့ပါတယ်။




သရဲနီများဟာ ပြီးခဲ့သည့် အပတ်က တော့တင်ဟမ် ဟော့စပါးကို 2-0 ဖြင့် အနိုင်ရရှိခဲ့သော ပွဲမှာ ၎င်းတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို စွမ်းဆောင်နိုင် ခဲ့သော်လည်း စီရော်နယ်ဒိုက အဝတ်လဲခန်းဆီ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အာရုံစိုက်မှု အများဆုံး ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် နည်းပြ




Erik ten Hag နှင့် ဆွေးနွေးမှုများ အပြီး အင်္ဂါနေ့က ပထမအသင်း လေ့ကျင့်ရေးမှာ ပြန်လည် ပူးပေါင်းခွင့် ရရှိပြီးနောက် ခေါင်းစီး သတင်းများမှာ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာပါတယ်၊ ရော်နယ်ဒို ဟာ Ten Hag နှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ပထမအသင်း လေ့ကျင့်ရေးကို




အမြန် ပြန်လာခဲ့ပြီး ယခုအခါ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ နေရာရယူရန် ရည်မှန်း ထားသောကြောင့် ကြာသပတေးနေ့မှာ Sheriff နှင့် စတင် ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

credit