ကက်စမဲရိုးကို နာမည်ပြောင် ပေးထားကြောင်း ထုတ်ပြောလိုက်တဲ့ အန်တိုနီ

မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီ က အိုးလ်ထရပ်ဖို့ဒ် ရောက််တည်းက ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဘရာဇီး  လက်ရွေးစင် အသင်းဖော် ကက်စမဲရိုး ကို နာမည်ပြောင် ပေးထားကြောင်း ထုတ်ပြောလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေတုန််းက




ဘရာဇီးသားနှစ်ဦး ခေါ်ယူခဲ့ပြီး ကက်စမဲရိုး အတွက် ပေါင် သန်း 60 ပေးခဲ့ရသလို အန်တိုနီ အတွက် ပေါင် 85 သန်း ပေးချေခဲ့ရပါတယ်၊ ယခုတော့ သူတို့ နှစ်ဦးဟာ မန်ချက်စတာမှာ အထိုင်ကျနေကြပြီ ဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ ရရှိနေပြီး




အခုတော့ အန်တိုနီ က ချဲလ်ဆီး နဲ့ ပွဲစဥ်မှာ ဂိုးသွင်းယူပြီး ခပ်ကြမ်းကြမ်း အောင်ပွဲခံခဲ့တဲ့ လက်ရွေးစင် နဲ့ ကလပ်် အသင်းဖော်ကို ကွင်းထဲ အလေးအနက် ကစားသူ ဖြစ်ကြောင်း သူဟာ ကွင်းလယ်ကို စောင့်ရှောက်ပေးတဲ့ အစောင့်ခွေးလို လူစားဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ််၊ သူဟာ ကျွန်တော်တို့




ကွင်းလယ်ကို စောင့်ရှောက်ပေးတဲ့ အစောင့်ခွေးပဲလို့ ကျွန်တော် အမြဲလို ပြောဖြစ်ပါတယ်၊ သူဟာ အဓိပ္ပါယ် မရှိတာတွေ မလုပ်တတ်ပါဘူး၊ တကယ့်ကို အလေးအနက်ထား ကစားသူပါ။ သူ့ရဲ့ သွင်းဂိုးက ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေ အောင်ပွဲခံဖို့ အတွက်ပဲဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်လို့




အန်တိုနီက ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အခြားတဖက်မှာတော့ ချဲလ်ဆီး နဲ့ ပွဲစဥ်မှာ သရေ တစ်မှတ် ရရှိစေခဲ့တဲ့ ဂိုးကို သွင်းယူထားနိုင်ခဲ့တဲ့ ကက်စမဲရိုး က သူ့အတွက် ဦးစားပေးက တိုက်စစ်လိုက်ဖို့ထက် ခံစစ်လုံအောင်နဲ့ အသင်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ရေး အတွက် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။




သွင်းဂိုးတွေ ဆိုတာက သဘာဝကျကျ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော့်ရဲ့ အလုပ်က ဘာလဲ လူတိုင်းသိကြပါတယ်၊ ကျွန်တော့်ရဲ့ အလုပ််က ခံစစ်ကစားဖို့နဲ့ အသင်းဖော်တွေကို ကူညီပေးဖို့ပါ။ ပြီးရင် ခံစစ်ကနေ ဘောလုံးလုယူပြီး တိုက်စစ်ဆင်နိုင်အောင် လုပ်ဆောင်ဖို့ပါပဲ။

ပထမ အနေနဲ့ ခံစစ်ကစားတယ်၊ နောက် အသင်းရဲ့ ဟန်ချက်ကို ထိန်းပေးမယ်၊ ဘောလုံံး လုယူမယ်၊ ပြီးရင် ခံစစ်ကစားရင်းနဲ့ အသင်းရဲ့ ဟန််ချက်ကို ထိန်းပေးမယ်၊ ဒါ ကျွန်တော့် အလုပ်ပါ၊ ဘယ်မှာ ဂိုးသွင်းသွင်း ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော့် အလုပ်က ခံစစ် ကစားဖို့ပါ လို့ ပြောကြလိုက်တာပဲ ဖြစ်ပါတယ်။

credit