ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် က သူ့ကို ရယ်ရအောင် လုပ်နေတဲ့ အကြောင်း ရှင်းပြသွားတဲ့ တော့တင်ဟမ် ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ

0
1566

တော့တင်ဟမ် ဟော့စပါး နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီက လက်ရှိ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်းတို့က အကူးအပြောင်း ကာလမှာ ရောက်နေတယ် ဆိုတဲ့ အပေါ် ပြက်ရယ်ပြု ပြောကြားသွားခဲ့ပါတယ်။ အန်တိုနီယို ကွန်တီ ရဲ့ စပါး အသင်းဟာ




ရာသီအဖွင့်မှာ ရလဒ် ကောင်းခဲ့ပေမယ့် နောက်ပိုင်း ရလဒ်ပိုင်း တော်တော်လေး ယိမ်းယိုင် လာခဲ့ပါတယ်၊ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကပဲ မန်ချက်စတာ ယူနိုက်တက် ကို အိုးလ်ထရက်ဖို့ဒ်မှာ ဘယ်လိုမှ မယှဥ်နိုင်ခဲ့ဘဲ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရ ပါသေးတယ်။ စပါး အသင်းဟာ ချန်ပီယံလိဂ်မှာ




နောက်တဆင့် တက်ရောက်ဖို့ အတွက်လည်း အရေးကြီးတဲ့ ကာလကို ရောက်ရှိနေပြီး ဒီကနေ့ ညမှာ စပို့တင်းလစ္စဘွန်း ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာလည်း ဖြစ်ပါတယ်၊ ဒီပွဲမတိုင်ခင်မှာ အန်တိုနီယို ကွန်တီက ချဲလ်ဆီး က လွန်ခဲ့တဲ့ ၂ နှစ်ကမှ ချန်ပီယံလိဂ်ဖလား ရထားတာပါ၊ ပြီးခဲ့တဲ့ ရာသီကမှ




ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးထားတာ အဲ့ဒါကို အကူးအပြောင်း ကာလတဲ့လား? မန်ချက်စတာ ယူနိုက်တက် ကလည်း လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရထားတယ်လေ၊ ငွေကြေး အများအပြား ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဒီအသင်းတွေက အခုနေမှာ အကူးအပြောင်း ကာလဆိုရင် ဘယ်အသင်းက




ချန်ပီယံဆုကို စိန်ခေါ်မှာလဲ ဆိုတာ ကျနော်လည်း မသိတော့ဘူး၊ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ကျနော်တို့ အဆင့် ၉ မှာ ကွန်ဖရင့်လိဂ် ကစားခဲ့ရတယ်၊ အဲ့ဒါကိုမှ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့က အကူးအပြောင်း ကာလ ရောက်နေတယ်လို့ ပြောနေကြတာလား။ ရော်နယ်ဒို၊ ဆန်ချို၊ ဗာရန်း တို့နဲ့




အကူးအပြောင်း ကာလတဲ့လား? ကျနော့်ကို ရယ်ရအောင် မလုပ်ပါနဲ့၊ ကျနော်လည်း အဲ့ဒီလိုမျိုး ပုံစံနဲ့ အကူးအပြောင်း လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်ဗျာလို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ အန်တိုနီယို ကွန်တီ ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ မှာလည်း အသင်းကို ကြီးမားတဲ့ ပြင်ဆင် အားဖြည့်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်ထားပြီး ဒါကိုလည်း




အသင်းတာဝန် ရှိသူတွေက သိရှိထားကြောင်း ဆိုပါတယ်။ ကွန်တီ ဟာ သူ့အတွက် လိုအပ်တဲ့ ပြင်ဆင် အားဖြည့်မှုတွေ မပြုလုပ်ပေးဘူး ဆိုရင် ရာထူးကနေ နှုတ်ထွက်ဖို့ ဝန်လေးတဲ့ လူတစ်ယောက်လည်း မဟုတ်တာကြောင့် စပါး နဲ့ ကွန်တီ တို့ရဲ့ အနာဂတ်က စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

credit