အသင်းမှာ ဆက်ရှိနိုင်ပေမယ့် အဲရစ် တန်ဟက်ဂ် အစီစဉ် အရ နံပါတ်တစ် ဂိုးသမား နေရာကို စွန့်လွတ်ရတော့မယ့် ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့ နေရာကို အစားထိုးနိုင်မယ့် ထိပ်တန်း ဂိုးသမား တဦး ခေါ်ယူ ချင်နေကြောင်း ယုံကြည်ရတဲ့




သတင်းရင်းမြစ်တွေက ဖော်ပြသွား ကြပါတယ်။ ၃၁ နှစ်အရွယ် စပိန်ဝါရင့် ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ ၂၀၁၁ ခုနှစ်ထဲက အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ဂိုးသမားတစ်ဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ပြောင်းရွှေ့လာသူ




ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း အနည်းငယ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။ ဒီဂီယာ ဟာ ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်တဲ့ ဂိုးသမား ဖြစ်ပေမယ့် ဘောလုံး ပေးပို့မှုနဲ့ နေရာယူမှု တို့မှာ အားနည်းချက်တွေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ




အဲရစ် တန်ဟက်ဂ် က ဒီဂီယာ ကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးပြီး စာချုပ်သစ် ချုပ်ဆိုမယ့် အစား ဘောလုံး ပေးပို့မှု ကောင်းမွန်တဲ့ ထိပ်တန်း ဂိုးသမား တစ်ဦးအား ခေါ်ယူရန် စိတ်ဝင် စားနေပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ ဝှိုက်ဝဲလ် ရဲ့ ဖော်ပြချက် အရ




မန်ချက်စတာ ယူနိုက်တက် ဟာ ကစားသမားတွေရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး အဲရစ် တန်ဟက်ဂ် ကို လုပ်ပိုင်ခွင့် အပြည့် ပေးထားကာ အဲရစ် တန်ဟက်ဂ် က ဒီဂီယာ ကို စာချုပ်သစ် ချုပ်ဖို့ ဆန္ဒရှိပေမယ့် စာချုပ်သစ်မှာ လုပ်ခလစာ လျှော့ယူခိုင်းဖို့ စဉ်းစားထားသလို စာချုပ်ကို




ကာလတို စာချုပ်အနေနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်၊ အဲရစ် တန်ဟက်ဂ် က ဒီဂီယာ ရဲ့ အသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိမှုနဲ့ ခေါင်းဆောင်စိတ် အပြည့် ရှိပုံကို သဘောကျပေမယ့် ဒီဂီယာ ရဲ့ အသက်အရွယ်နဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းအတွက် အားကိုးရမယ့်

ထိပ်တန်း ဂိုးသမား တစ်ဦးကို ခေါ်ယူဖို့ လျာထားပြီး ဂိုးသမားသစ် ရောက်လာခဲ့ရင် ဒီဂီယာ ဟာ အရန် ဂိုးသမား ဖြစ်သွားမယ် လို့လည်း ဝှိုက်ဝဲလ် က ဆိုပါတယ်၊ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် က ပေါ်တို ဂိုးသမား ကော်စတာ နဲ့ ဘီလ်ဘာအို ဂိုးသမား အူနိုင်း ဆိုင်မွန်တို့ ၂ ဦးကို




စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး သက်သာသလို လတ်တလော လက်စွမ်းကောင်းတွေ ရနေတဲ့ ကော်စတာ ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေ က ဖော်ပြထားကြပါတယ်။

credit