မန်ချက်စတာ ယူနိုက်တက် အောင်မြင် ကြီးပွားဖို့ ခေါ်ယူဖို့ အကြံပေးခဲ့တဲ့ ကစားသမားတွေရဲ့ အမည်ကို ထုတ်ပြောလာတဲ့ Ralf Rangnick

မန်ချက်စတာ ယူနိုက်တက် အသင်း ယာယီ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဝါရင့် နည်းပြကြီး Ralf Rangnick က လူးဝစ် ဒီရက်ဇ်၊ အယ်ဗာရို မိုရာတာ နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ အပါအဝင် သူ မန်ချက်စတာ ယူနိုက်တက် အသင်း အောင်မြင် ကြီးပွားဖို့ ခေါ်ယူရန် အတွက် တိုက်တွန်းခဲ့တဲ့




ကစားသမား ၆ ဦးရဲ့ အမည်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ Ralf Rangnick ဟာ နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှားလ် ထုတ်ပယ် ခံခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက် ရဲ့ ယာယီနည်းပြ ဖြစ်လာသူ ဖြစ်ပေမယ့် ၆၄ နှစ်အရွယ် နည်းပြကြီးဟာ အသင်းရဲ့ ခြေစွမ်းကို တိုးတက်အောင်




မလုပ်ပေးနိုင်ခဲ့ဘဲ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၆ သာ ရရှိခဲ့ပြီးနောက် မေလမှာ အသင်းကနေ ထွက်ခွာ သွားခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ နည်းပြ Ralf Rangnick တာဝန်ယူထားတဲ့  ကာလ ဖြစ်တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းအတွက် ကစားသမားသစ် ခေါ်ယူခြင်း




မရှိခဲ့ဘဲ နည်းပြ အဲရစ် တန်ဟက်ဂ် ရောက်လာမှသာ ပေါင် သန်း ၂၂၀ ကျော် သုံးစွဲပြီး အန်တိုနီ၊ လီဆန်ဒရို မာတီနက်ဇ် နဲ့ ကက်စမဲရိုး တို့အပါဝင် ကစားသမားသစ်တွေ ခေါ်ယူခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကို တာဝန်ယူခဲ့တဲ့ နောက်ဆုံး ကာလတွေမှာ Ralf Rangnick ဟာ အသင်းရဲ့




လူစာရင်းကို အများကြီး တိုးတက်ဖို့ လိုသေးကြောင်းနဲ့ ဘယ်လို ကစားသမားတွေကို ခေါ်ယူဖို့ လိုအပ်တယ် ဆိုတာကိုလည်း ပြောသွားခဲ့ပါတယ်၊ ဒါပေမယ့် သူ အကြံပေးခဲ့တဲ့ ကစားသမားတွေကိုတော့ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေက ခေါ်ယူဖို့ ငြင်းဆန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။




Ralf Rangnick က “အားလုံးသိတဲ့ အတိုင်း သူတို့ဆီမှာ လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိတယ်၊ အဲ့ဒါကြောင့်လည်း လိုက်ပ်ဇစ်က ဂျိုစ်ကို ဂျီဗာဒီယိုလ် နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တိုလို ကစားသမားတွေ နဲ့ ဆွေးနွေးခဲ့တာပါ၊ ဒီ ကစားသမားတွေက ကျွန်တော် သူတို့ကို အကြံပေးခဲ့တဲ့ ကစားသမား




စာရင်းထဲမှာ ပါ ပါတယ်၊ ဒီနှစ်ယောက် အပြင် အယ်ဗာရို မိုရာတာ၊ ဒူဆန် ဗလာဟိုဗစ် နဲ့ အဲ့ဒီတုန်းက ဈေးကွက်ထဲမှာ ခေါ်ယူလို့ရသေးတဲ့ အာလင်း ဟာလန်း တို့ ပါဝင်ပါတယ်၊ ဒါပေမယ့် အသင်းကတော့  နည်းပြသစ် လက်အောက် ရောက်မှပဲ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ”လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

credit