ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်မယ့် အသင်းကို ခန့်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပျူတာ
|စူပါ ကွန်ပျူတာ ရဲ့ တွက်ချက်မှုတွေ အရ လီယွန်နယ် မက်ဆီ ရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ဟာ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်မှာ ထိပ်တိုက် တွေ့ဆုံမှာ ဖြစ်ပြီး အာဂျင်တီးနား အသင်းက
၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ သိရှိရပါတယ်၊ စူပါ ကွန်ပျူတာ ဟာ EA SPORT FIFA 2023 ဂိမ်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေနဲ့ နောက်ဆုံး ၄ ကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ အတွင်း ကစားခဲ့တဲ့ အုပ်စု ပွဲစဉ်ပေါင်း
၁၉၂ ပွဲနဲ့ ရှုံးထွက် ပွဲပေါင်း ၆၄ ပွဲ တို့ကို အခြေခံပြီး တွက်ချက်ခဲ့ရာ အာဂျင်တီးနား နဲ့ ပေါ်တူဂီ အသင်းတို့က ဗိုလ်လုပွဲကို တတ်ရောက်လာမှာ ဖြစ်ပြီး အသင်း နှစ်သင်းက ပင်နယ်တီ အဆုံးအဖြတ် ထိ ကစားရမှာ ဖြစ်ပြီး အာဂျင်တီးနား အသင်းက အနိုင်ရ ဗိုလ်စွဲလိမ့်မယ်လို့ တွက်ချက်ထားခဲ့ပါတယ်။
ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲဟာလည်း လက်ရှိ ကမ္ဘာ့ဖလား ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦး ဖြစ်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တာကြောင့် သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားသမား တစ်ဦးဦးကိုတော့ ဆုဖလား ကိုင်မြှောက် သွားတာမျိုး
ဖြစ်စေချင် နေကြပြီး စူပါ ကွန်ပျူတာ ရဲ့ တွက်ချက်မှု အရ ဆိုရင်တော့ မက်ဆီ က world cup winner ဖြစ်လာနိုင်မယ့် အလားအလာမှာ ရှိနေပါတယ်၊ လက်ရှိ အခြေအနေ အရ ဆိုရင်လည်း နည်းပြ စကာလိုနီ လက်ထက် ပွဲဆက် များစွာ ရှုံးပွဲ မရှိထားတဲ့ အာဂျင်တီးနား ဟာ မက်ဆီ၊ စကာလိုနီ တို့ရဲ့
ဦးဆောင်မှုနဲ့ အတူ ကာတာ ကမ္ဘာ့ဖလားမှာ တစ်ခုခု လုပ်ပြနိုင်မယ့် အနေအထားမှာ သေချာပေါက် ရှိနေသလို ဗိုလ်စွဲနိုင်မယ့် အသင်း အဖြစ်နဲ့ပါ ရေပန်းစားနေပါတယ်၊ ယခု စူပါ ကွန်ပျူတာ တွက်ချက်ထားသလို GOAT ကြီး နှစ်ဦးက ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံဖို့ ဆိုတာက
လက်တွေ့မှာ မလွယ်လောက် ပေမယ့်လည်း တကယ်သာ အဲ့ဒီလို ရင်ဆိုင်ရမယ် ဆိုရင်တော့ ကမ္ဘာတစ်ဝန်းလုံးက ဘောလုံး ပရိသတ်တွေ အတွက် အလွန် စိတ်လှုပ်ရှားစေမှာ အသေအချာပဲ ဖြစ်ပါတယ်၊ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင် ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။
credit