ကြယ်ငါးလေးကို သုံးလုံးသွင်းပြီး သုံးမှတ် ရယူသွားတဲ့ သခင်ကြီးတို့ Skill ကြမ်းခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက် 3-0 ရှာရှစ်ဖ် ပွဲပြီး သုံးသပ်ချက်
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရဲ့အလုပ်ကို ကောင်းကောင်း လုပ်ခဲ့ကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ ပုံစံကောင်း ကို ဆက်လက် ထိန်းထား နိုင်ခဲ့ ပြီး Sheriff ကို သုံးလုံးသွင်းကာ 3 မှတ်စလုံး ရယူပြီးနောက်
မန်ချက်စတာ ယူနိုက်တက် ဟာ အဆုံးအဖြတ် ပွဲစဉ် ရီးရဲလ်ဆိုစီဒက် နှင့် အုပ်စု ခေါင်းဆောင်အဖြစ် အရည်အချင်းပြည့်မီရန် တိုက်ပွဲဝင်ရန်သာ လိုအပ်ပါတော့တယ်။ သရဲနီတွေဟာ ပထမပိုင်း တစ်လျှောက်လုံး ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ အခွင့်အရေး များစွာ ဖန်တီးခဲ့ကြပေမယ့်
Erik Ten Hag က တဖက်အသင်းရဲ့ ခံစစ်ပိတ်လွန်းသော ကစားနည်းကြောင့် ၎င်းရဲ ကစားသမားများအား အကွက်အစွန်းမှ ကံစမ်းရန် တောင်းဆိုခဲ့ပေမယ့် Sheriff ဂိုးသမားက လက်စွမ်ပြ ကာကွယ်မှု များစွာ ပြုလုပ်သွား နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ ဘန်နို ဖာနန်ဒက်စ် က
အနီးကပ် ကန်သွင်းခဲ့ပေမယ့် ဂိုးသမား တည့်တည့်ကို ကန်သွင်းခဲ့ခြင်း ဖြစ်ပါတယ်၊ ငါးမိနစ် အကြာမှာလည်း Eriksen ဟာ တူညီတဲ့ အနေအထားကနေ Koval ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ယူကရိန်း အသင်းက ချေဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဧည့်သည် ဂိုးသမားရဲ့
ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားပေမယ့် ပွဲရဲ့ ပထမဂိုးကို တားဆီးဖို့ တော့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ အဲရစ်ဆင်ရဲ့ ထောင့်ကန် ဘောကနေ ဒါလော့က အပိုင် ကန်သွင်းယူနိုင်ခဲ့ပြီး သရဲနီတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ တော့ အဲရစ် တန်ဟက်ဂ် ဟာ
လီဇန်ဒရို နဲ့ အန်ထော်နီ တို့ကို ရက်ဖို့ဒ် နဲ့ မက်ဂွိုင်းယား တို့နဲ့ အစားထိုးခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ် က အိမ်ကွင်းမှာ ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်၊ Eriksen ဟာ Shaw ကို ဘယ်ဘက် အခြမ်းမှာ တွေ့ရှိခဲ့ပြီး အင်္ဂလန် နောက်ခံလူက ရက်ရှ်ဖို့ဒ် ကို ချစ်စရာကောင်းတဲ့
ဖြတ်တင်ဘောနဲ့ ပေးပို့နိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်က ခေါင်းတိုက်ချက်နဲ့ အနိုင်ယူခဲ့ပါတယ်။ တစ်ပွဲလုံး ဂိုးသွင်းဖို့ ကြိုးစားပြီး နောက်မှာတော့ ရော်နယ်ဒိုက ကိတ်မုန့်ပေါ်မှာ ရေခဲမုန့်ကို တင်နိုင်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ညာဘက်ခြမ်းက ဖြတ်တင်ဘောကနေ ပေါ်တူဂီသားရဲ့ ခေါင်းတိုက်ချက် တဖက် ဂိုးသမားကြောင့် ပြန်ထွက်ခဲ့ပေမယ့် အလျင်အမြန် ပိတ်သွင်း ရယူနိုင်ခဲ့ပါတယ်။
credit