အိုးလ်ထရက်ဖို့က ရှာရှစ်ဖ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ မန်ချက်စတာ ယူနိုက်တက် အသင်းသားများရဲ့ စွမ်ဆောင်ရည်

0
259

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရိုပါလိဂ် အုပ်စု ပွဲစဥ် 5 အဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲ ရှရိဖ် အသင်းကို ဧည့်ခံကစားခဲ့ရပြီး ဒါလော့၊ ရပ်ရှ်ဖို့၊ ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေနဲ့ 3 ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။




ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီိး ရယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်တွေလည်း မကြာခန ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ပထမပိုင်းအတွင်းမှာ ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြခဲ့သလို ဂိုးကံလည်း ခေခဲ့ပါတယ်။




အဲ့ဒီနောက် ပွဲချိန် 44 မိနစ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို အဲရစ်ဆင် ရဲ့ ဖန်တီးပေးမှုမှ တဆင့် ဒါလော့ ဟာ ခေါင်းတိုက် သွင်းယူသွား နိုင်ခဲ့ပါတယ်၊ အဲ့ဒီနောက် ဒုတိိယပိုင်းမှာ ရပ်ရှ်ဖို့၊ မက်ဂွိုင်းယား၊ လုခ်ရှော နဲ့ တွမ်မီနေး တို့ ဝင်ရောက် လာခဲ့ကြပါတယ်၊ အဲ့ဒီနောက် 3 မိနစ် အကြာမှာပဲ




လုခ်ရှော ရဲ့ ဖန်တီးပေးမှုက တဆင့် ရပ်ရှ်ဖို့ ဟာ ခေါင်းတိုက် ဂိုး သွင်းယူနိုင်ခဲ့ လိုက််ပါတယ်၊ ပွဲချိန် 81 မိနစ်မှာတော့ မကြာခန ဂိုးကံခေ နေခဲ့တဲ့ ရော်နယ်ဒို  က အဆုံးသတ်ဂိုး သွင်းယူပေးသွား နိုင်ခဲ့ပါတယ်၊ ရော်နယ်ဒို၊ ဂါနာချို၊ လင်ဒီလော့ဖ် နဲ့ မာလာစီယာ တို့ ပွဲထွက် လာခဲ့ကြတဲ့ အဆိုပါ ပွဲစဥ်မှာ ဘယ်သူတွေ ကောင်းခဲ့ကြသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။




ဒီဂီယာ – 6 “ ဂိုးပေါက် အရှေ့မှာ ရပ်ပြီး ပွဲကြည့် ပရိသတ် တစ်ဦးလိုပဲ ရှိနေခဲ့ရပါတယ်။”

ဒါလော့ – 7 “ ပွဲချိန် မိနစ် 40 အတွင်း အသင်းရဲ့ ကစားကွက်ထဲ ပိုပြီး ပါဝင်ပတ်သက် နိုင်ခဲ့သင့်ပါတယ်၊ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။”

လင်ဒီလော့ဖ် – 7 “ တည်ငြိမ်တဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့ပါတယ်၊ ဘောလုံံး လုယူမှုတွေလည်း သေသပ် ကောင်းမွန်ခဲ့ပါတယ်။”




မာတီနက်ဇ် – 6 “ သိပ်ပြီး ခက်ခက်ခဲခဲ မကစားခဲ့ရပါဘူး၊ အနားယူဖို့ လိုအပ််နေတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ ရပါတယ်။”

မာလာစီယာ – 6 “ အသင်း အတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲစဥ်မှာ တက်တက်ကြွကြွ ကစားပေးနိုင် ခဲ့ပါတယ်၊ ဒါလော့ ထွက်သွားတဲ့နောက် ညာဘက်မှာ ကစားပေးခဲ့ရပါတယ်။”

ကက်စမဲရိုး – 7 “ ဘောလုံး ပေးပို့မှုတိုင်းဟာ အရင်လိုပဲ အဓိပ္ပါယ် ရှိနေခဲ့ပါတယ်၊ ဝက်စ်ဟမ်း နဲ့ ကစားရဖို့ ရှိသေးတာကြောင့် 62 မိနစ်မှာ လူစားလဲ ခံခဲ့ရပါတယ်။”




အဲရစ်ဆင် – 8 “ အိုးလ်ထရက်ဖို့ဒ် ကွင်းထဲက အကောင်းဆုံး ကစားသမားပါပဲ၊ ဘောလုံးကိုင် ကစားတာ ကောင်းခဲ့သလို ပေးပို့မှုနဲ့ ဖန်တီးမှုတွေလည််း ကောင်းမွန်ခဲ့ပါတယ်၊ အဖွင့်ဂိုး အတွက် ဖန်တီး‌ ပေးခဲ့ပါတယ်။”

အန်တိုနီ – 6 “ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ထိရောက်မှု နည်းပါးခဲ့ပါတယ်၊ ခြေယောင်ပြတာ အလှပြတာ ပိုများနေခဲ့ပါတယ်။”

ဘရူနို – 6 “ ပထမပိုင်း ကစားပုံ ကောင်းခဲ့ပါတယ်၊ အန်တိုနီ မရှိတဲ့နောက် ညာတောင်ပံဘက်မှာ ကစားခဲ့ရပြီး ရော်နယ်ဒိုရဲ့ ဂိုးကို ရရှိစေနိုင်ခဲ့ပါတယ်။”

ဂါနာချို – 7 “ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်၊ တကိုယ်တော် အစွမ်းတွေ ပြနိုင်ခဲ့သလို ပြိုင်ဘက် ခံစစ်ကိုလည်း ထိုးဖောက်နိုင်ခဲ့ပါတယ်။”




ရော်နယ်ဒို – 7 “ အခွင့်အရေးတွေ အသုံးချနိုင်ဖို့ အခက်တွေ့ ခဲ့ရပါတယ်၊ ဂိုးရခဲ့ပေမယ့် လူကျွံခဲ့ပါတယ်၊ ဒါပေမယ့် အဆုံးသတ်မှာ လိုအပ်နေတဲ့ ဂိုးကို သွင်းယူ သွားနိုင်ခဲ့ ပါတယ်။” လူစားဝင် ကစားသမားများ – မက်ဂွားယား 6၊ ရပ်ရှ်ဖို့ 7၊ တွမ်မီနေး 6၊ ရှော 7၊ ဗန်ဒီ ဘိခ် 6၊ တို့ပဲ ဖြစ်ပါတယ်။

credit