အန်တိုနီ တယောက် အသိတရား ဝင်သွားအောင် တယောက်ယောက်က ကန်ပေးဖို့ လိုနေပြီလို့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေကို တိုက်တွန်းလိုက်ပြန်တဲ့ ပေါလ်စခိုး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တစ်ဦး ဖြစ်သူ ပေါလ်စခိုးလ် က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အေဂျက်စ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာတဲ့




တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီ ဟာ မလိုအပ်ဘဲ စကေး ပြနေတာကို လျှော့ဖို့ လိုအပ်‌နေကြောင်းနဲ့ အန်တိုနီ တယောက် စကေး ပြတာ ရပ်သွားအောင် တယောက်ယောက်က သူ့ကို ကန်ပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ




ထုတ်ဖော် ပြောကြားသွား ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာပြီးနောက် ချက်ချင်း ဆိုသလိုပဲ အသင်းနဲ့ အထိုင်ကျခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ




၁၁ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ ဂိုး သွင်းယူ ထားနိုင်ခဲ့ပါတယ်။ အန်တိုနီက ဘရာဇီးလ်သား တဦး ပီပီ ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ၃၆၀ ဒီဂရီ လှည့်ကွက်လို့ တင်စားခံထားရတဲ့ ဘောလုံးကို ခြေခွင်နဲ့ ထိန်းပြီး




ခန္ဓာကိုယ် တပတ် လှည့်ပြတဲ့ အလှ ပြကွက်ကိုလည်း ပွဲတိုင်းလိုလို လုပ်ပြ တတ်သူပါ။ ကစားသမား ဘဝမှာ ရိုးရှင်းစွာသာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖြစ်သူ ပေါလ်စခိုးလ် ကတော့ အန်တိုနီ တယောက် အခုလိုမျိုး အလှ ပြကွက်တွေ ပြတာကို




သဘောမကျဘဲ ပေါလ်စခိုးလ်က အန်တိုနီ ဟာ သူ့ရဲ့ အသုံးမဝင်တဲ့ အလှပြကွက် အစား ပြိုင်ဘက်တွေကို ဖြတ်ကျော်နိုင်စွမ်း ရှိတဲ့ အလှ ပြကွက်မျိုးကို ပြောင်းလဲ လေ့ကျင့်သင့်ကြောင်းနဲ့ သူ့တုန်းက အလှပြကွက်ပဲ ပြချင်နေတဲ့ ရော်နယ်ဒိုကို လေ့ကျင့်ရေး ကွင်းမှာ ပိတ်ကန်ပြီး




အလှ ပြကွက်ထက် အသင်းအတွက် အသုံးဝင်တဲ့ လှုပ်ရှားမှု မျိုးတွေပဲ လုပ်ဆောင်ဖို့ ပညာပေးခဲ့သလို အန်တိုနီကိုလည်း ပညာပေးမယ့် လူတယောက်ယောက် လိုအပ်နေပြီလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။ ပေါလ်စခိုးလ် က- အန်တိုနီ တယောက် အလှ ကစားနေတာကို




မြင်ရတာ တကယ်ကို ရယ်ချင်စရာ ကောင်းပါတယ်၊ သူ့ရဲ့ အကွက်က အလှပြရုံ သက်သက်ပါပဲ၊ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး၊ ကျွန်တော် ကတော့ အန်တိုနီ တယောက် အသိတရား ဝင်သွားအောင် တယောက်ယောက်က သူ့ကို ကန်ပေးဖို့ လိုနေပြီလို့ပဲ ထင်ပါတယ်။

အန်တိုနီရဲ့ အလှပြကွက်က ဘာမှ အသုံးမဝင်ပါဘူး၊ ဘာမှကို အသုံးမဝင်တာပါ၊ ဒါကြောင့် ကျွန်တော် ကတော့ အန်တိုနီ တယောက် အလှပြချင်ရင် ဒီထက် ပိုကောင်းတဲ့ အသင်းအတွက် တခုခု လုပ်ပေးနိုင်မယ့် အလှပြကွက် တခုကို လိုအပ်နေပြီလို့ပဲ ပြောချင်ပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit