အန်တိုနီရဲ့ 360 spin trick အပေါ် ဝေဖန်လာသူတွေကို တုန့်ပြန်လိုက်တဲ့ Erik Ten Hag
|မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ် တန်ဟက်ဂ် က ဝေဖန်ခံနေရတဲ့ အန်တိုနီ ရဲ့ 360 spin trick ဟာ အသင်း အတွက် အကျိုးရှိနေတယ် ဆိုရင် သူ့ အနေနဲ့ လက်ခံတယ်လို့ ပြောဆိုလိုက်ပါတယ်၊ ရှာရှစ်ဖ် နဲ့ ပွဲစဥ်မှာ ပြသခဲ့တဲ့
ဒီ အကွက်ကြောင့် အန်တိုနီ ကို ပေါလ်စခိုး၊ ရော်ဘီ ဆားဗေ့ချ် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က ဝေဖန် ပြစ်တင်ခဲ့ကြပြီး အကျိုးမရှိတဲ့ လုပ်ရပ်လို့ သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟက်ဂ် ကတော့
သူ လုပ်ပြနေတာက အသင်း အတွက် အသုံးဝင်နေတယ် ဆိုရင် ကျနော့် အတွက် ဘာပြသနာမှ မရှိဘူး၊ သူ့ကို ပြိုင်ဘက် ခံစစ်ဇုန်ထဲကို ပိုတိုးဝင်ဖို့ ဧရိယာထဲထိ တိုးဖို့ ဘောလုံးနဲ့ အတူ ဆွဲပြေးတာတွေ လုပ်ဖို့တော့ ကျနော့်ဘက်က တောင်းဆိုထားတယ်။
သူ လုပ်ပြနေတာက အသင်းအတွက် အသုံးဝင်ပါတယ်၊ ဘောလုံးလည်း မဆုံးရှုံးဘူး ဆိုရင် အဆင်ပြေပါတယ်၊ ပြီးတော့ သူက ဘရာဇီလ်သားလေ၊ သူတို့က ဘောလုံးမှာ တီထွင်ဉာဏ် ရှိကြပြီး ခေတ်ရှေ့ပြေးလေ့ ရှိပါတယ်၊ အသင်းကို မထိခိုက်ရင် တားဆီးစရာ မလိုပါဘူး။
ဒါမျိုးက ပြိုင်ဘက် ကစားသမားတွေကို ဆွဲဆောင် နိုင်တာမျိုးလည်း ဖြစ်လို့ အသုံးဝင်ပါတယ်၊ ဒါပေမယ့် ဒီလို လုပ်ပြချင်ရုံ သက်သက်နဲ့ လျှောက်လုပ် နေရင်တော့ ကျနော့် ဘက်က ပြင်ဆင်ပေးရမှာပါ၊ ရော်နယ်ဒို နဲ့ ရက်ရှ်ဖို့ဒ် တို့ တွဲဖက် ကစားတာကို ကြည့်ချင်လို့
သူ့ကို ကျနော် ရက်ရှ်ဖို့ဒ် နဲ့ လူစားလဲခဲ့တာ ဖြစ်ပြီး အခြား အကြောင်းအရာ တစ်စုံတရာကြောင့် မဟုတ်ပါဘူးလို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပြောဆိုသွားခဲ့ တာပဲ ဖြစ်ပါတယ်။ အန်တိုနီ ဟာ ပထမပိုင်း အပြီးမှာပဲ
လူစားလဲ ခံခဲ့ရတာ ဖြစ်ပြီး သူ ခြေစွမ်း မပြနိုင်တာကြောင့်လို့ အားလုံးက ယူဆခဲ့ကြပါတယ်၊ အေဂျက်စ်က ရောက်လာပြီးနောက် အန်တိုနီက ပထမဆုံး ၃ ပွဲ ဆက်တိုက် ၃ ဂိုး သွင်းယူခဲ့သူ ဖြစ်ပြီး အဓိက ကစားသမား အဖြစ် နေရာရနေသူ ဖြစ်ပါတယ်၊ အခုလည်း သူ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တဲ့နောက် အဲရစ် တန်ဟက်ဂ် က အခုလို ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit