မန်ချက်စတာ ယူနိုက်တက် Vs ဝက်ဟမ်း ပွဲစဉ် နဲ့ ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ခန့်မှန်းပေးလိုက်တဲ့ ခရစ္စဆက်တန်
|ကြားရက်က ဥရောပ ပွဲစဉ်များ အပြီးမှာတော့ အားလုံး စောင့်မျှော်နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ထုံးစံအတိုင်း ဘောလုံးပွဲ ခန့်မှန်းနေကျ ခရစ်စ္စဆက်တန် ရဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် တဆင့် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
လက်စတာ Vs မန်ချက်စတာ စီးတီး
ဟာလန်း အနေနဲ့ ဒီ ပွဲစဉ်ကို ၀င်ကစားဖို့ အတွက် ကြံ့ခိုင်မှု ပြည့်၀ပါ့မလား ဆိုတာ မသိပါဘူး၊ သူမပါဘူး ဆိုရင် မန်စီးတီး အနေနဲ့ ကစားပုံကို အများကြီး ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်၊ လက်စတာ က တစ်ပတ်လုံး နားရက် ရထားပြီး ခံစစ်ပိုင်းလည်း အများကြီး ပိုကောင်းလာပါတယ်။
ဒါ့အပြင် မက်ဒီဆင် နဲ့ ဟာဗီဘန်း တို့ကလည်း ပုံစံကောင်း ပြန်ရနေပါတယ်၊ ဒီ နှစ်သင်းကြား လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကလောက် ကွာဟမှု မရှိတော့ဘူးလို့ ကျွန်တော် ခံစားမိပါတယ်၊ ဒါပေမယ့် မန်စီးတီး အသင်းက လက်စတာ အတွက် အရမ်းကို အင်အားကြီးနေဆဲ ပါပဲ။
ခန့်မှန်းချက်- လက်စတာ 1-3 မန်ချက်စတာ စီးတီး
ဘုန်းမောက် Vs တော့တင်ဟမ် ဟော့စပါး
ဒီအချိန်မှာ စပါးကို ဘယ်လို မျှော်လင့်ရမလဲ ဆိုတာ မသိတာကြောင့် ခန့်မှန်းရ ခက်တဲ့ ပွဲလို့ ဆိုရမှာပါ၊ ကြားရက်က စပို့တင်းကို သရေကျခဲ့တဲ့ ပွဲမှာလည်း စပါးဟာ ပထမပိုင်း ညံ့ခဲ့ပေမယ့် ဒုတိယပိုင်းမှာ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒီလို ရလဒ်ကြောင့် စပါးက နောက်တဆင့် တက်ဖို့
အတွက် မာဆေး နဲ့ ပွဲမှာ အနည်းဆုံး သရေ တစ်မှတ် လိုအပ်ခဲ့ပြီး အန်တိုနီယို ကွန်တီ အတွက်လည်း ဖိအားတွေ တိုးလာပါတယ်၊ လက်ရှိ စပါးရဲ့ ခြေစွမ်း အပေါ် အားမရပေမယ့် သူတို့ ဘရိုက်တန် ကို ဒီလ အစမှာ 1-0 နဲ့ နိုင်ခဲ့တဲ့ ပုံစံမျိုး နိုင်သွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက်- ဘုန်းမောက် 0-1 စပါး
ဘရိုက်တန် Vs ချဲလ်ဆီး
ဘရိုက်တန် ကို ကိုင်တာ ၅ ပွဲရှိပြီ ဖြစ်ပေမယ့် နည်းပြသစ် ဒီဇာဘီက နိုင်ပွဲ မရသေးပါဘူး၊ အခုဆိုရင် ဒီဇာဘီက ဒီကလပ်ကို သူ့ထက် ပိုကောင်းအောင် ကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်း ဂရေဟမ် ပေါ်တာ နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်၊ ဒီအချိန်မှာ ပေါ်တာက ချဲလ်ဆီး ကို ကိုင်တွယ်ထားတဲ့ ၉ ပွဲမှာ
ရှုံးပွဲ မရှိသေးပါဘူး၊ ဒါပေမယ့် ဒီပွဲဟာ ချဲလ်ဆီး အတွက် လွယ်ကူမယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဘရိုက်တန်က ပြီးခဲ့တဲ့ အပတ်က မန်စီးတီးကို ရှုံးခဲ့တဲ့ ပွဲမှာ ခြေစွမ်း ကောင်းခဲ့ပါတယ်၊ အသင်း တော်တော် များများကို မန်စီးတီးက လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ဘရိုက်တန်ဟာ မန်စီးတီးကို အပြန်အလှန် တုန့်ပြန်နိုင်ခဲ့ပြီး ဒီပွဲမှာ ဒီလိုမျိုး လုပ်နိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ခန့်မှန်းချက်- ဘရိုက်တန် 1-1 ချဲလ်ဆီး
လီဗာပူး Vs လိဒ်
လိဒ်ဟာ ပုံံစံကောင်း ပျောက်နေပြီး ဂျယ်စီမက်ခ်ျ တစ်ဦးတည်း အပေါ် မူတည်ခြင်း မရှိပါဘူး၊ သူ့အပေါ် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေက အနည်းငယ် ပြင်းထန်တယ်လို့ ထင်ပါတယ်၊ သူတို့ အန်ဖီးမှာ ရလဒ်ကောင်း လိုအပ်နေပါတယ်၊ လီဗာပူးဟာ ဒီရာသီမှာ ခြေစွမ်း အတော် မငြိမ်တဲ့ အသင်းပါ၊ မန်စီးတီး နဲ့ ၀က်ဟမ်း တို့ကို နိုင်ခဲ့ပေမယ့် ဖောရက်စ် ကို ရှုံးခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာ သူတို့ အိမ်ကွင်း ကစားရမှာ ဖြစ်ပြီး ကြားရက် အိုင်ယက် နဲ့ ပွဲမှာလည်း တကယ်ကောင်းတဲ့ performance ကို ပြသခဲ့ပါတယ်။ လီဗာပူးတို့ ဒီပွဲမှာ သက်တောင့် သက်သာ အနိုင်ယူပြီး လနဲ့ချီ ပျောက်ဆုံးနေတဲ့ ထက်မြက်မှုကို ပြန်လည် ရှာတွေ့မယ်လို့ ထင်ပါတယ်၊ အကယ်လို့ ဒီလို လုပ်နိုင်ခဲ့မယ် ဆိုရင် ဒါဟာ မက်ခ်ျ အတွက် သတင်းဆိုးပါ၊ ဘာလို့လဲ ဆိုတော့ လိဒ်ရဲ့ ခံစစ် ကစားပုံက လုံး၀ မကောင်းလို့ပါပဲ။
ခန့်မှန်းချက်- လီဗာပူး 6-1 လိဒ်
အာဆင်နယ် Vs နော့တင်ဟမ် ဖောရက်စ်
ထိပ်ဆုံး အသင်းနဲ့ အောက်ဆုံး အသင်းရဲ့ တွေ့ဆုံမှုပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ဒီနှစ်သင်းရဲ့ ရလဒ်တွေက ကျွန်တော့်ကို အနည်းငယ် စဉ်းစားစေခဲ့ပါတယ်၊ အာဆင်နယ် တို့ အနိုင်ရမယ်လို့ပဲ ကျွန်တော် ရွေးချယ် သွားဦးမှာပါ၊ ဂန်းနားတို့က ဆောက်သမ်တန် နဲ့ ဒုတိယပိုင်းမှာ အနည်းငယ် ပွဲပန်းနေတဲ့ပုံ ပေါ်ခဲ့ပါတယ်၊ ဒါ့အပြင် ယူရိုပါလိဂ် ပွဲစဉ်ကိုလည်း
သူတို့ ကစားခဲ့ရပါတယ်၊ ဖောရက်စ်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ခံစစ်ကို ပိုမိုလုံခြုံအောင် ကစားလာခဲ့ပြီး နှစ်ပွဲဆက် clean sheet ရယူခဲ့တာပါ၊ သူတို့ရဲ့ ခံစစ်ကစားပုံက ငြိမ်လာခဲ့ကာ အာဆင်နယ် အနေနဲ့ ဒါကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်၊ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ် ဘက်ကပဲ ရှိနေရမှာပါ၊ ကမ္ဘာ့ဖလား မတိုင်မီ လာမည့် ရက်သတ္တပတ်တွေမှာ အာဆင်နယ် ရဲ့ လူစာရင်း တောင့်တင်းမှု ရှိသလား ဆိုတာ စမ်းသပ်ခံရမယ့် အပတ် ဖြစ်ပါတယ်။
ခန့်မှန်းချက်- အာဆင်နယ် 2-0 နော့တင်ဟမ် ဖောရက်စ်
မန်ချက်စတာ ယူနိုက်တက် Vs ၀က်ဟမ်း
ရာဖေးလ် ဗာရန်း ဒဏ်ရာ ရခဲ့တာက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပေမယ့် အဲရစ် တန်ဟက်ဂ် အနေနဲ့ ဒါကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်၊ ၀က်ဟမ်းဟာ မာကျောတဲ့အသင်း ဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ဟာ မန်ချက်စတာ ယူနိုက်တက် ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ န်ချင်စတာ ယူနိုက်တက် အသင်းဟာ အဲရစ် တန်းဟက်ဂ် လက်အောက်မှာ
တိုးတက်လာခဲ့ ပေမယ့် ရော်နယ်ဒိုရဲ့ ပြသနာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်၊ သူက ကြီးကျယ်တဲ့ ကစားသမား ဖြစ်ပေမယ့် သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ အသင်းရဲ့ တိုးတက်မှုကို အနှောက်အယှက် ဖြစ်စေပါတယ်၊ ဒီပွဲစဉ်မှာလည်း သူပါ၀င်ကစားဖို့ မသေချာပါဘူး၊ ဒါပေမယ့် ပုံစံကောင်း ရနေတဲ့ ရပ်ရှ်ဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်က နိုင်ပွဲရယူဖို့ လုံလောက်ပါတယ်။
ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် 2-1 ၀က်ဟမ်း
အခြားပွဲစဉ်များ- ဘရန့်ဖို့ဒ် 2-1 ဝုဖ်၊ ပဲလေ့စ် 2-1 ဆောက်သမ်တန် ၊ နယူးကာဆယ် 2-0 အက်စတွန်ဗီလာ ၊ ဖူဟမ် 1-1 အဲဗာတန် တို့ပဲ ဖြစ်ပါတယ်။
credit