ဂါနာချိုရဲ့ ပွဲထွက်ခွင့် နည်းပါးမှုမှာ နောက်ကွယ်က အကြောင်းအရင်းကြောင့် ဖြစ်ကြောင်း ရှင်းပြသွားတဲ့ Ten Hag

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ နံနက်က ယူရိုပါလိဂ် အုပ်စု ပွဲစဥ် (5) အဖြစ် အိုးလ်ထရပ်ဖို့ဒ်မှာ မော်လ်ဒိုဗာ အခြေစိုက် ရှရှိဖ်ကို ဧည့်ခံ ကစားခဲ့ရပြီး 3-0 ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲကို ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်ချင်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ ရပ်ရှ်ဖို့ ဆန်ချို တို့ကို အနားပေးခဲ့ပြီး




တိုက်စစ်မှာ ရော်နယ်ဒို၊ အန်တိုနီ နဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဂါနာချို တို့ကို ပွဲထွက် ကစားစေခဲ့ပါတယ်၊ ဂါနာချိုဟာ ဒီပွဲ မတိုင်ခင်က ဘရိုက်တန်၊ ရီးယဲဆိုဆီဒက်၊ ရှရှိဖ် နဲ့ ပွဲစဥ်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် လူစားဝင် ကစားပေးခွင့် ပိုင်ဆိုင်ခဲ့ဖူး ပါသေးတယ်၊ ဒါပေမယ့် ဒါဟာ




သူ့ အတွက် မန်ချက်စတာ ယူနိုက်တက် စီနီယာ ကစားသမားဘဝ ပထမဆုံး ပွဲထွက် ကစားခွင့် ရရှိခြင်းပဲ ဖြစ်ပါတယ်၊ ဒီမတိုင်ခင် ဂါနာချိုဟာ ရာသီကြို ပွဲစဥ်တွေမှာ အသင်း အတွက် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ ပါသေးတယ်၊ အဆိုပါ အချိန််တုန်းက သူဟာ ဒီရာသီ စီနီယာအသင်းမှာ ကစားချိန်




မိနစ်များစွာ ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် လက်တွေ့မှာ စီနီယာ အသင်းကြီး အတွက် ပွဲထွက်ခွင့် စတင် ရရှိနိုင်ဖို့ (15) ပွဲထိ စောင့်ဆိုင််း ခဲ့ရပါတယ်၊ အခုတော့ နည်းပြ အဲရစ် တန်ဟက်ဂ် က ရှရှိဖ် နဲ့ ပွဲမှာ ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ ဂါနာချိုကို ပွဲထွက်ခွင့် မပေးခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။




သူ့ဆီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်၊ သူကကျွန်တော် မျှော်လင့်ထားခဲဲ့သလို လုပ်ပြနိုင်ခဲ့တယ်လေ၊ ပထမဆုံးအနေနဲ့ ပြောရရင် သူက ပြီးခဲ့တဲ့ တစ်ပါတ်ထဲက အသင်းကြီးအတွက် အခွင့်အရေးရရှိဖို့ ထိုက်တန်ခဲ့တာပါ၊ ဒီရာသီမှာ သူ့ရဲ့စတင်ပုံက အနည်းငယ် ခက်ခဲပါတယ််။




ကျွန်တော် အစတုန်းက သူနဲ့ ပတ်သက်လို့ မပျော်မရွှင် ဖြစ်ခဲ့တယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်က စတင်ပြီး သူနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင် ခဲ့ရပါတယ်၊ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်တွေ ပိုပြီး ခိုင်မာ ပြတ်သား လာခဲ့တယ်၊ ပြီးတော့ သူဟာ ထိုးဖောက်ဖို့ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ကြားမှ





ဘောလုံးကိုင် ကစားနိုင်တဲ့ ပါရမီ ရှိနေတယ် ဆိုတာကို မြင်တွေ့ခဲ့ရတယ်၊ သူက ပြိုင်ဘက်ကို ကျော်ဖြတ်် နိုင်သလို အလိမ်အခေါက် စွမ်းရည်လည်း ကောင်းပါတယ်၊ သူ့ရဲ့ ဖြတ်ကျော်ပုံတွေက တကယ့်ကို ကောင််းမွန်ခဲ့တယ်၊ အထူးသဖြင့်ခံစစ် ကျစ်လျစ်အောင် ကစားလိုတဲ့ ပြိုင်ဘက်တွေကို




ထိုးဖောက်ရတာ နှစ်သက်သူ တစ်ဦးပါ၊ သူ့ အနေနဲ့ အသင်းမှာ ပွဲထွက်ခွင့် ရရှိနိုင်ဖို့ အတွက် ဒီထက် ပိုကောင်းအောင် ကြိုးစားရမယ် ဆိုတဲ့ အတွေးရှိနေဖို့ အရေးကြီးပါတယ်၊ ဖန်တီးမှုတွေ လုပ်ဆောင်ရင်း အသင်းအဖွဲ့ တစ်ခု အတွက် ကစားနေတယ် ဆိုတာကို မမေ့ဖို့လည်း လိုအပ်ပါတယ်၊ လူငယ်တွေ

အနေနဲ့ ရင့်ကျက်ဖို့၊ ပါဆင်နယ်လတီ ပိုမိုကောင်းဖို့ အရမ်း လိုအပ်ပါတယ် ဘောလုံးမှာ စကေးပြနေတာ ဂိုးတွေ သွင်းယူတာကပဲ အရာရာတိုင်း မဟုတ်ဘူး ဆိုတာကို သူတို့ နားလည်ဖို့ လိုအပ်ပါတယ်။ လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ရှင်းပြရင်း အနာဂတ်မှာ ဘာက အရေးကြီးတယ် ဆိုတာ သတိပေး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit