ရော်နယ်ဒို အသင်းမှာ ရှိခြင်း မရှိခြင်းက ဘာတွေ ကွာခြားသွား‌စေမလဲ ထုတ်ပြောလိုက်တဲ့ ဒါလော့

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒါလော့ က သူတို့ အသင်းမှာ ရော်နယ်ဒို ပါဝင် ကစားရင် ပွဲစဉ်ဟာ ပိုပြီး ကောင်းမွန်လာ တယ်လို့ ဖွင့်ဟ လိုက်ပါတယ်၊ ရော်နယ်ဒို ဟာ စပါးနဲ့ ပွဲမှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့ပြီး နောက် ချဲလ်ဆီးနဲ့ ပွဲမှာ ချန်လှပ်ခံခဲ့ရပြီး ရှာရစ်ဖ်နဲ့ ယူရိုပါလိဂ် ပွဲမှာမှ




ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်၊ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ရှာရစ်ဖ်နဲ့ ပွဲမှာ ကစားကွက်က တဆင့် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ သူ့ရဲ့ ပထမဆုံး အိမ်ကွင်း သွင်းဂိုးကို ရရှိခဲ့တာပါ၊ ဒီလို ဂိုးသွင်းယူနိုင်ခဲ့တဲ့ အပြင် ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်ဒိုရဲ့ တိုက်စစ် အတွဲ




ခြေစွမ်းကို အဲရစ် တန်ဟက်ဂ် က လေ့လာစောင့်ကြည့် ခဲ့တယ်လို့ သိရပြီး ပေါ်တူဂီသားကို အခုထက် ပိုပြီးတော့ နေရာ ပေးလာဖွယ်ရာ ရှိနေပါတယ်၊ ဒီအချိန်မှာပဲ ဒါလော့က- ရော်နယ်ဒို ရှိနေတဲ့ အတွက် ကျနော်တို့ အရမ်းပျော်ရွှင် နေတာပါ၊ မနေ့ကဆို သူ တဂိုးသွင်းခဲ့တယ်၊ ဒါက သူနှစ်ပေါင်း ၂၀ လုံးလုံး




လုပ်ပြခဲ့တာတွေ ဖြစ်ပြီး ကွင်းထဲမှာ သူ ရှိနေချိန်တိုင်းမှာ ကူညီ ပေးနေတာပါ၊ သူ ပါဝင် ကစားတဲ့ အချိန်ဆိုရင် အသင်းက ပိုပြီးတော့ ကောင်းလာတယ်၊ သူ ဒီမှာ ရှိနေရုံနဲ့ကို ကျနော်တို့ ပျော်ရွှင်နေရတာပါ” လို့ Sky Sports သတင်းမီဒီယာက တဆင့် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အန်တိုနီရဲ့




လှည့်ကွက်ဆန်းနဲ့ပ တ်သက်ပြီး တော့ ဒါလော့က အခုလို ပြောခဲ့ပါတယ်။ သူက နည်းနည်းလေး ဖျော်ဖြေပေးချင် ခဲ့တာပါ၊ သူ့ရဲ့ ပွဲပါ ဒါက သူ့ရဲ့ ကစားပုံ တစိတ်တပိုင်းလို့ ကျနော်ထင်တယ်၊ ကျနော့်အတွက်တော့ သူ အချိန်နည်းနည်းလေး ထပ်ယူရဦးမှာပါ၊ သူ ဘောလုံးရချိန်တွေ မှာလည်း ပြေးလွှားပုံနဲ့ အတူ နေရာလွတ်တွေ ရအောင် လုပ်ပေးရင် ပိုကောင်းမှာပါ၊ သူ ရှိနေတာကလည်း ကျနော်တို့ အတွက် ကျေနပ်စရာ ကောင်းပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။




credit