အဲရစ် တန်ဟက်ဂ် ကို ချီးကျူးသလိုနဲ့ သူတို့ အသင်း ဘာလဲ ဆိုတာ မသိမသာ ထုတ်ပြောသွားတဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ဂွာဒီယိုလာက မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုးတက်လာမှု တာကို အသိအမှတ်ပြု ပြောဆိုခဲ့ပြီး ဒီလို တိုးတက်လာမှုတွေက နည်းပြသစ် Erik Ten Hag ကြောင့် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ Erik Ten Hag ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးကို




ယခုရာသီမှ တာဝန်ယူခဲ့တာ ဖြစ်ပြီး အဖွင့် နှစ်ပွဲမှာ ဘရိုက်တန်၊ ဘရန့်ဖိုဒ့် တို့ကို ရှုံးနိမ့်ပြီး မျက်နှာပန်းမလှ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ခြေပြန်မှန်လာပြီး မန်စီးတီးနဲ့ ပွဲကလွဲရင် ကျန်တဲ့ ပွဲတွေမှာ ကစားပုံနဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် (၆) နေရာမှာ တစ်ပွဲလျော့ ကစားထားပြီး ရပ်တည်နေကာ အဆင့် (၄) နဲ့ (၁) မှတ်သာ ကွာဟနေပါတယ်။




ဒီတပတ် ကစားမယ့် လက်စတာနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂွာဒီယိုလာ က မန်ချက်စတာ ယူနိုက်တက် အသင်းက Erik Ten Hag လက်အောက်မှာ လမ်းကြောင်းမှန်
ပြန်တွေ့နေပြီ ထင်ကြောင်း ဆိုလိုက်ပြီး ၎င်းက မန်ချက်စတာ ယူနိုက်တက် ပြန်လာပြီ ဆိုတဲ့ ခံစားချက်မျိုး ရနေပါတယ်၊ နောက်ဆုံးတော့ သူတို့ ပြန်လာပါပြီ။




ဒီလို ခံစားမှု မျိုးကို မနေ့က ရှရစ် ကို ၃-၀ နဲ့ နိုင်တဲ့ ကြာသပတေးနေ့ ညက ရလိုက်တာပါ၊ ပြီးတော့ ချဲလ်ဆီးနဲ့ သရေ ကျတဲ့ ပွဲက ပထမပိုင်း ကစားပုံရောပေါ့။ သူတို့ကို ကြည့်မိလိုက်ချိန် သဘောကျနေတဲ့ ခံစားချက် ဖြစ်ခဲ့တယ်၊ ဒီနှစ် အမှတ်ပေးဇယားကို အသင်းတွေ အများအပြား ပြိုင်ဆိုင် လာကြတော့မှာပါ၊ ချန်ပီယံလိဂ် ဝင်ခွင့်ရော




အမှတ်ပေး ချန်ပီယံ အတွက် အားပြိုင်မှုတွေပါ ပိုမို ပြင်းထန်လာတော့ မှာပါ၊ အဖွင့် (၁၀) ပွဲလောက်နဲ့ ပရီးမီးယားလိဂ် မရနိုင်ပါဘူး။ ဒါပေမယ့် အမှားလုပ်မိခဲ့ရင် နောက်ကျ ကျန်တတ် ပါတယ်၊ ပြန်လိုက်ဖို့ အချိန်တွေ ရှိပါသေးတယ်၊ နယူးကာဆယ် ကိုပဲ ကြည့်၊ သူတို့ စပါးနဲ့ ကစားတဲ့ ပွဲကို ကျွန်တော် ကြည့်ဖြစ်ခဲ့တယ်၊ သူတို့လည်း အရှိန်ပြန် ရနေပြီလို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်၊ မန်စီးတီးဟာ




နောက်ဆုံး (၅) နှစ်မှာ ပရီးမီးယားလိဂ် ဖလား (၄) ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း (၃) နှစ်ဆက် ချန်ပီယံဆု အတွက် အားကောင်းတဲ့ အနေအထားမှာ ရပ်တည်နေပြီး အဆင့် (၁) က အာဆင်နယ်ကို အပတ်စဉ် ဖိအား ပေးနေခဲ့ပါတယ်၊ ဂွာဒီယိုလာက သူ့ အသင်းသားတွေရဲ့ အတောမသတ် အနိုင်ယူလိုစိတ်၊ ထပ်ခါထပ်ခါ အောင်မြင်လိုတဲ့ စိတ်ဆန္ဒ ပြင်းပြမှု တို့ကို ချီးကျုး ပြောဆိုသွားခဲ့ပါတယ်။




မနှစ်တုန်းက အဓိက ကစားသမား တချို့ ပုံစံ နည်းနည်း လျော့တိလျော့ရဲ ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်လည်း သူတို့ကို ပြောတာပါပဲ၊ လေ့ကျင့်ခန်းတွေ ကလည်း ပြင်းထန်ပါတယ်၊ ဒါပေမယ့် စိတ်တိုင်း မကျဘူးလို့ ခံစားခဲ့ရပါတယ်၊ အခုရာသီမှာတော့ ရာသီမစခင် တည်းက စိတ်တိုင်း ကျနေခဲ့ရတာပါ။

လေ့ကျင့်ရေးကို အချိန်မှန် လာကြတယ်၊ အာရုံစိုက် ကြတယ်၊ အချင်းချင်း ဖလှယ်မှုတွေ ပိုကောင်းလာ ကြပါတယ်၊ ဒါကြောင့် သူတို့ကို အမြဲ ချီးကျုးနေရတာပါ၊ အခုဆိုရင် ကျွန်တော် ဝင်ပါစရာတောင် မလိုတော့ဘူးလို့ တွေးမိတဲ့ထိ ဖြစ်နေပါပြီ၊ တကယ်ဆိုရင် ကျွန်တော့ လူတွေက ဒီမှာ ချန်ပီယံ (၄) ကြိမ် ဖြစ်ထားပြီးပါပြီ။




ထပ်ဆင့် ချန်ပီယံ ဆုတွေလည်း ပါခဲ့တာပါ၊ ဒါတွေကို ငြီးငွေ့ပြီး ချန်ပီယံလိဂ် လောက်ကိုပဲ အာရုံစိုက်မယ်လို့ ထင်ချင်စရာပါပဲ၊ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလို မဟုတ်နေပါဘူး၊ သူတို့ရဲ့ အောင်ပွဲ ဆာလောင်စိတ်တွေက တကယ့်ကို အံ့မခန်း ပါပဲ၊ လို့ ဂွာဒီယိုလာက ပြောဆို ချီးကျုးသွားခဲ့ပါတယ်။

credit