လွန်ခဲ့တဲ့ ခြောက်လက ရော်နယ်ဒိုနဲ့ လျှို့ဝက် စကားပြောဆိုခဲ့ပြီး ဖွင့်ချစရာရှိကြောင်း ထုတ်ပြောလိုက်တဲ့ ဒွိုက်ယော့ခ်
|မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ဒွိုက်ယော့ခ် က သူ့ အနေနဲ့ လွန်ခဲ့တဲ့ ခြောက်လက ရော်နယ်ဒို နဲ့ လျှို့ဝှက် စကားပြောဆိုမှု ရှိခဲ့ကြောင်း၊ ပြန်လည် ဖွင့်ချစရာ အချက်အလက်တွေ ရှိနေကြောင်း ထုတ်ပြောလိုက်ပါတယ်။
ဒီ အကြောင်း အရာတွေဟာ မန်ချက်စတာ ယူနိုက်တက် အပြင်ကို သတင်းပြန်မ ပေါက်ကြားစေလိုတဲ့ အကြောင်း အရာတွေ ဖြစ်တာကြောင့် သူ့ကို တိတ်ဆိတ်နေဖို့ ပိုက် ဆံပေးဖွယ်ရှိ ကြောင်း ပြောကြားသွား ခဲ့ပါတယ်။ ရော်နယ်ဒိုက ပြီးခဲ့တဲ့ ရာသီ ဒုတိယ ရာသီဝက်က စလို့ ယာယီ နည်းပြဟောင်း
ရန်းနစ် လက်ထက် အဆင်မပြေခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်၊ ရန်းနစ်က သူ့ရဲ့ Pressing ကစားဟန်မှာ ရော်နယ်ဒိုက အံမဝင်နိုင်ဘူးလို့ ယုံကြည်ခဲ့သလို ရော်နယ်ဒို ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီမှာ တည်းက မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ရောင်းချဖို့ တောင်းဆိုခဲ့သူပါ။ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ
မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာခွင့် တောင်းဆို ခဲ့ပေမယ့် အသင်းပြောင်းဖို့ အဆင်မ ပြေခဲ့ဘဲ လက်ရှိ အသင်းမှာပဲ ဆက်ရှိနေ ခဲ့တာပါ၊ ဒီလိုမျိုး ရော်နယ်ဒို နဲ့ လွန်ခဲ့တဲ့ ခြောက်လ ဧပြီလ အတွင်းမှာ စကားပြောဆိုခဲ့တဲ့ ဒီအထဲမှာ လျှို့ဝှက် ချက်များစွာ ပါဝင်ကြောင်း ဒွိုက်ယော့ခ်က ယခုလို ထုတ်ပြောခဲ့ပါတယ်။
ဒွိုက်ယော့ခ် က- ကျနော် ခရစ္စတီယာနို ရော်နယ်ဒို နဲ့ စကားပြော ဖြစ်ခဲ့ပါတယ်၊ သူ ပြောခဲ့တဲ့ အကြောင်း အရာတွေ ထဲမှာ ပြန်ဖွင့်ချချင်ရင် ဖွင့် ချလို့ရတဲ့ အကြောင်း အရာတွေ လည်း ပါပါတယ်၊ ကျနော့် အထင် မန်ချက်စတာ ယူနိုက်တက် က ကျနော့်ကို တိတ်ဆိတ် နေအောင်လို့ ပေါင် ငါးသန်း ပေးကောင်း ပေးနိုင်ပါတယ်။ လို့ ပြောကြားသွား ခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag နဲ့ မကြာ ခဏ အဖုအထစ်တွေ ဖြစ်ပေါ်နေပြီး ရော်နယ်ဒို က အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးသန့် အင်တာဗျူး လုပ်သွားမယ်လို့ ပြောခဲ့ဖူးပြီး လက်တွေ့မှာ အကောင်ထည် ပေါ်ခြင်း မရှိပါဘူး။
credit