ပေါလ်စခိုးလ်ရဲ့ ပြစ်တင် ရှုံ့ချမှုကို ပြန်လည် တုန့်ပြန်လိုက်တဲ့ အန်တိုနီ
|ဘရာဇီးလ် ကြယ်ပွင့် မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ က ရှရစ်ဖ်နဲ့ ယူရိုပါလိဂ် အိမ်ကွင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ ၃၆၀ ဒီဂရီ လှည့်ကွက် အပေါ် ဝေဖန်နေကြတဲ့ ဘောလုံးဝေဖန် သုံးသပ်သူတွေကို ပြန်လည် တုံ့ပြန်လိုက်ခဲ့ပါတယ်၊ အန်တိုနီ ဟာ ပြီးခဲ့တဲ့ နွေရာသီက
မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့ပြီး ဘရာဇီးလ် ကြယ်ပွင့်ဟာ မန်ချက်စတာ ယူနိုက်တက် ကို မရောက်ခင် ကတည်းက အေဂျက်စ် မှာရော၊ ဘရာဇီးမှာပါ အခါအခွင့်သင့်ရ င်သင့်သလို အခုလိုမျိုး ကွင်းထဲမှာ ဘောလုံးနဲ့ အတူ ၃၆၀ ဒီဂရီ
လှည့်ပတ်ပြီး စကေး ပြသကာ ပရိသတ်တွေကို ဖျော်ဖြေလေ့ ရှိသူ ဖြစ်ပါတယ်၊ ရှရစ်ဖ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာလည်း အန်တိုနီ ဟာ ဒါမျိုး အကွက်ကို စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းထဲမှာ လုပ်ပြခဲ့ပါ သေးတယ်။ အခု ရှရစ်ဖ်နဲ့ ပွဲ ပထမပိုင်းမှာတင် အန်တိုနီက ဒါမျိုး ထပ်မံ
လုပ်ပြခဲ့တာ ဖြစ်ပြီး ဘောလုံးဝေဖန် သုံးသပ်သူတွေ အဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်၊ ရော်ဘီဆားဗေ့ချ်၊ ဟားဂရေ့ဗ်စ် တို့လို ဂန္တဝင် ကစားသမားဟောင်း တွေက အန်တိုနီ ကို ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်၊ အန်တိုနီ အနေနဲ့ အသင်း အနိုင်မရသေးခင်မှာ ဒါမျိုး မလုပ်သင့်ကြောင်း၊ အဓိပ္ပာယ် ရှိတဲ့
လုပ်ရပ် မဟုတ်ကြောင်း အနိုင်ရနေချိန်မှာတောင် ပြိုင်ဘက်ကို လှည့်စားမှုနဲ့ ဒါမျိုး မလုပ်သင့်ကြောင်း ဝေဖန် ပြစ်တင်ခဲ့ကြတာပါ၊ ဒါပေမယ့် အန်တိုနီ ကတော့ သူ့ရဲ့ အင်စတာဂရမ် စတိုရီက တဆင့် ကျနော်တို့ရဲ့ ကိုယ်ပိုင် အနုပညာကြောင့် ကျနော်တို့ကို လူတွေ သိနေတာပါ၊ ကျနော့်ကို ဒီနေရာ အထိ
ရောက်လာစေခဲ့တဲ့ အရာကို မလုပ်တော့ဘဲ ကျနော် ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး။ လို့ ရေးသား တုံ့ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်၊ ရှရစ်ဖ်ကို မန်ချက်စတာ ယူနိုက်တက် တို့ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဥ်မှာ အန်တိုနီ တယောက် ပထမပိုင်း အပြီးမှာတင် လူစားလဲ ခံခဲ့ရပါတယ်။
ဆော်ပေါ်လို အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ အန်တိုနီ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာလည်း သူ့ရဲ့ ဒီလိုမျိုး ကစားပုံနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အပေါ် ဂရု မစိုက်ကြောင်း တုံ့ပြန်ခဲ့ဖူးပါတယ်၊ လက်ရှိ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း အန်တိုနီ အခုလို လုပ်နေတာနဲ့
ပတ်သက်လို့ အသင်း အတွက် အကျိုး ရှိနေသရွေ့ သု အနေနဲ့ တားမြစ်သွားမှာ မဟုတ်ကြောင်း၊ တားမြစ်စရာ မလိုကြောင်း ဘောလုံးက အားကစားတခု ဖြစ်သလို အနုပညာ တရပ်လည်း ဖြစ်ပြီး အသင်းကို မထိခိုက်စေခဲ့ရင် တားမြစ်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။
credit