အသင်း အများအပြားကို မန်ယူ အားကစား ဒါရိုက်တာ ကိုယ်တိုင် တားယူရတဲ့ထိ ဖြစ်လာနေတဲ့ လာမယ့် ဇန်နဝါရီ ဈေးကွက် အတွက် ကြိုတင် ကလှမ်းချက်များ

မန်ချက်စတာ ယူနိုက်တက် ဘောလုံး အားကစား ဒါရိုက်တာ John Murtough က အိုးလ်ထရက်ဖို့ဒ် ကနေ ကစားသမား တစ်‌ယောက်ယောက်ကို ခေါ်ယူဖို့ အခွင့်အရေး လွယ်လွယ်နဲ့ ရရှိမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အပြောင်းအရွှေ့ဟာ လာမယ် ဇန်နဝါရီမှာ များများစားစား ဖြစ်ပေါ်ဖွယ် မရှိကြောင်း




အတည်ပြု ထုန်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးမီ လများအတွင်း မန်ချက်စတာ ယူနိုက်တက် ကစားသမား အများအပြားဟာ အခြား ကလပ်အသင်းများ အတွက် အပြောင်းအရွှေ့ ပစ်မှတ်များ ဖြစ်လာခဲ့ပြီး ဂိုးသမား ဒေးဗစ် ဒီဂီယာ အနေနဲ့တော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး 12 လတွင် ရှိနေတာကြောင့်




အက်သလက်တီကို မက်ဒရစ် ထံ ပြန်သွားနိုင်မည် ဖြစ်ကြောင်း Red Devils အကြီးအကဲတွေရဲ့ အဆိုအရ ပေါ်တိုက Diogo Costa နဲ့ Athletic Bilbao ရဲ့ Unai Simon တို့ထဲက တစ်ဦးကို အစားထိုးဖို့ အလားအလာ ရှိနေတယ်လို့ ယူဆရပါတယ်။ စပို့တင်းလစ္စဘွန်း နည်းပြ ရူဘင်အာမိုရီက ကလပ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ပြန်လည် ဆုံစည်းဖို့




ကြိုးစားမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နာပိုလီကလည်း ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သိရပြီး ပေါ်တူဂီ တိုက်စစ်မှူး အတွက် ရွေးချယ်ခွင့်က ဒီနှစ်သင်းသာ ရှိနေတာ ဖြစ်ပါတယ်။ Aaron Wan-Bissaka ကတော့ ဒေးဗစ် မိုယက်စ် အတွက် ရရှိနိုင်သော ခံစစ် ရွေးချယ်မှုများ အတွက် တိုးတက်စေရန်




ဝက်စ်ဟမ်း အသင်းရဲ့ ဆန်ခါတင် စာရင်းမှာ ပါဝင်နေကြောင်း သိရှိရပြီး၊ Diogo Dalot ကိုတော့ မကြာသေးမီကပဲ မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူရန် ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေပြီး ညာနောက်ခံလူ အတွက်တော့ ရွေးချယ်စရာ များစွာ ရှိနေခဲ့ပါတယ်။ Diogo Dalot ကို ခေါ်ယူလိုတဲ့ ကလပ်အသင်း များကတော့




စပိန် လာလီဂါ ကလပ် ဘာစီလိုနာ၊ စီရီးအေ ကလပ် ဂျူဗင်တပ်စ်၊ အက်သလက်တီကို မက်ဒရစ်၊ အေစီမီလန် နဲ့ ရိုးမား တို့ပဲ ဖြစ်ပါတယ်။ အေစီမီလန် ဟာ ၎င်းတို့ထံ အငှားဖြင့် ကစားခဲ့ဖူးတဲ့ ဒါလော့ကို ကောင်းစွာ သိထားပြီး မော်ရင်ညို ကလည်း အသက် ၂၃ နှစ် အရွယ် ကစားသမားကို ရိုးမားဆီ ခေါ်ဆောင်သွားလိုပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ




တာဝန် ထမ်းဆောင်စဉ် အတွင်းက အတူ လက်တွဲ လုပ်ဆောင်ခဲ့ဖူးတာကြောင့် ဒ့လော့ကို ခေါ်ယူနိုင်ဖို့ အတွက် အပြင်းအထန် ကြိုးစားလာနိုင်ချေ ရှိနေပါတယ်။ ဒီအချက်တွေ ရှိနေပေမဲ့ ဒါလော့ကို ရရှိနိုင်ဖို့ အပြင်းထန်ဆုံး တွန်းအားပေး ကြိုးစားနေတာ ကတော့ Barca ပဲ ဖြစ်ပါတယ်၊ ဘာစီလိုနာ နည်းပြ Xavi ဟာ လက်ရှိ အချိန်မှာ ခံစစ်ရဲ့ ညာခြမ်းမှာ




ပြဿနာ ရှိနေပါတယ်၊ သူဟာ ဒီရာသီမှာ ဆာဂျီယို ရောဘတ်တို၊ ရော်နယ် Araujo ဒါမှမဟုတ် Jules Kounde တို့ကို အသုံးပြုသွားရမှာ ဖြစ်ပါတယ်။ ရောဘတ်တို ဟာ ဗဟို ကွင်းလယ်မှာ လည်ပတ် ကစားခြင်းကို နှစ်သက်ပြီး Araujo နဲ့ Kounde တို့က ဗဟိုခံစစ်ပိုင်း နှစ်ခုစလုံးကို နှစ်သက်ကြသူ ထြစ်ပါတယ်၊ စပိန် အခြေဆိုက် Sport Sport ရဲ့ အဆို အရ Barca က ‘အထူးကျွမ်းကျင်သူ’ တစ်ဦးကို




‘အချေအတင် ဆွေးနွေးပြီး အပြောင်းအရွှေ့ အဆုံးသတ်ရန်’ အလိုရှိနေတယ်လို့ သိရပါတယ်။ Dalot ဟာ ၎င်းတို့ အတွက် အဓိက ပစ်မှတ် ဖြစ်ပြီး ဒါပေမယ့် ဘာစီလိုနာဟာ သူ့ကို မန်ချက်စတာ ယူနိုက်တက် ကနေ ခေါ်ယူဖို့ မယုံနိုင်လောက်အောင် အခက်အခဲ ရှိနေပုံပါပဲ။

Barca ဟာ Dalot ကို ရရှိနိုင်မှုနဲ့ ပတ်သက်ပြီး Erik ten Hag ရဲ့ အဖွဲ့ထံ စုံစမ်းမေးမြန်းမှု တစ်ခု ပေးပို့ခဲ့ပြီး ဒါပေမယ့် ပေါ်တူဂီသားက အသင်းကို စွန့်ခွာဖို့ ရည်ရွယ်ချက် ရှိ မရှိ အတည်ပြုပေးခြင်း မရှိခဲ့သေးပါဘူး။

credit