အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကို တရားဝင် ထုတ်ပြောလာတဲ့ တန်ဟက်ဂ်

0
6817

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ နံပါတ်တစ် ရည်မှန်းချက်ဟာ ပွဲတိုင်း အနိုင်ကန်ဖို့ ဖြစ်ကြောင်း ယနေ့ည ၁၀ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင် ကစားရမယ့် ဝက်စ်ဟမ်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ည ၁၀ နာရီ ၄၅ မိနစ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် မှာ ဖျက်မြင်းအသင်း ဝက်စ်ဟမ်း ကို ဧည့်ခံ ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် က အဆိုပါ ပွဲမှာသာ အနိုင်ရလဒ် ရရှိခဲ့ရင် အမှတ်ပေးဇယား အဆင့် ၅ နေရာကို




တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ နယ်သာလန် ထိပ်သီး နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက််စ် ကနေ မန်ချက်စတာ ယူနိုက်တက် ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဆက်တိုက်




ဆိုသလို ရလဒ်ကောင်းတွေ ရရှိထားသလို နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိထားပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီအစမှာ ဘရိုက်တန် နဲ့ ဘရန့်ဖို့ဒ် ကို ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ကစားခဲ့တဲ့ ၁၄ ပွဲမှာ ဆိုစီဒက် နဲ့ မန်ချက်စတာ စီးတီး ကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့ ၁၂ ပွဲမှာ ၁၀ ပွဲနိုင်




၂ ပွဲသရေ ရလဒ်ကို ရရှိထားပါတယ်၊ ဒါကြောင့် နည်းပြသစ် တစ်ဦး အနေနဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ စွမ်းဆောင်ရည် ဟာ ကျေနပ်စရာ အနေအထား တရပ်မှာ ရှိနေပြီး အဲရစ် တန်ဟက်ဂ် ကတော့ သူ့ရဲ့ နံပါတ် ၁ ရည်ရွယ်ချက်က ပွဲတိုင်းကို အနိုင်ရဖို့ ဖြစ်ပြီး နံပါတ် ၂ ရည်ရွယ်ချက်ဟာ မန်ချက်စတာ ယူနိုက်တက် ကို




အရင်လို အောင်မြင်တဲ့ အသင်း တစ်သင်း ဖြစ်အောင် ပြန်လည် တည်ဆောက်ဖို့ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အဲရစ် တန်ဟက်ဂ် က- ကျွန်တော့်ရဲ့ ပထမဦးဆုံး ရည်ရွယ်ချက်က ပွဲတိုင်း အနိုင် ကစားဖို့ပါ၊ ဒုတိယ ရည်ရွယ်ချက်က မန်ချက်စတာ ယူနိုက်တက် အသင်းကို အရင်ကလို




အောင်မြင်မှုတွေ ပြန်လည် ရရှိလာအောင် ကမ္ဘာ့ ထိပ်သီးအသင်း တစ်သင်း ပြန်ဖြစ်လာအောင် ဦးဆောင်ပေးဖို့ ဖြစ်ပါတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ယနေ့ညမှာ ကစားရမယ့် ဝက်စ်ဟမ်း ပွဲ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ စုစုပေါင်း ပြိုင်ပွဲစုံမှာ

၅ ပွဲ အထိ ကစားရဖို့ ရှိနေသေးပြီး အဆိုပါ ၅ ပွဲမှာ အဲရစ် တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ဘယ်လို ရလဒ်ကောင်းတွေ ရယူနိုင်မလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်သွား ရပါမယ်။

credit