ရက်ရှ်ဖိုဒ့် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိုးလ်ထရက်ဖိုဒ်မှာ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 1-0 ဝက်စ်ဟမ်း ပွဲပြီး သုံးသပ်ချက်

0
182

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်စ်ဟမ်းကို ရင်ဆိုင်ဖို့ အတွက် ပုံမှန် အသုံးပြုနေကျ ကစားသမား စာရင်းကို အပြောင်းအလဲ အချို့ ပြုလုပ်ခဲ့ပါတယ်၊ ဗာရန်း၊ အန်တိုနီ တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ မက်ဂွိုင်းယား၊ ရော်နယ်ဒို တို့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အီလန်ဂါ ပါဝင်လာခဲ့ပါတယ်။




ဆန်ချို ကိုလည်း အရန်ခုံမှာပဲ ထားခဲ့ပြီး ကွင်းလယ်မှာ ကက်စမဲရိုး၊ အဲရစ်ဆင်၊ ဘရူနို ဖာနန်ဒက်စ် တို့ ပွဲထွက်လာခဲ့ပါတယ်၊ ဝက်စ်ဟမ်း ကလည်း အန်တိုနီယို ကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဒီပွဲမှာ မပါဝင်နိုင်ဘူးလို့ သတင်းထွက်ခဲ့တဲ့ ဘိုဝင်ကလည်း စကာမာကာ၊ ဘန်ရာမာ၊ ဆိုချက်ခ်၊ ဒီကလန်ရိုက်စ် တို့နဲ့ အတူ ပွဲထွက်လာခဲ့ပါတယ်။




ပွဲစဥ် အစပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ရော်နယ်ဒို ရဲ့ကန်ချက် ရပ်ရှ်ဖို့ဒ် ရဲ့ ခေါင်းတိုက်ချက်တွေက ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယန်စကီးဆီပဲ တည့်တည့် ရောက်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ ဝက်စ်ဟမ်းက ဖိအားပေးဖို့ ပြန်လည် ကြိုးစားလာခဲ့ပေမယ့် အပိုင် အခွင့်အရေးတွေတော့ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။




၃၇ မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ တစ်လုံးတည်းသော သွင်းဂိုးကို ရရှိခဲ့ပြီး အဲရစ်ဆင်၊ ဘရူနို ဖာနန်ဒက်စ် တွဲလုံးက တဆင့် အဲရစ်ဆင် ဖြတ်တင် ပေးလိုက်တဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ်က ခေါင်းတိုက် အဆုံးသတ် သွင်းယူခဲ့ပါတယ်၊ ဒီဂိုးဟာ ရပ်ရှ်ဖို့ဒ် အတွက်လည်း သွင်းဂိုး ၁၀၀ ပြည့် ဖြစ်ခဲ့ပြီး




အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ် လာကြည့်တဲ့ ပွဲမှာ သမိုင်းမှတ်တိုင် တခုကို စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်၊ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းက ချေပဂိုးရဖို့ အရှိန်မြှင့် လာခဲ့ပါတယ်၊ အမြင့်ဘောတွေကို အဓိက ဦးတည် ကစားခဲ့ရပြီး ဒါလော့ရဲ့ အမြင့်ဘော ရှင်းထုတ် နိုင်စွမ်းကလည်း ချီးကျူးစရာပါ။




ပွဲပြီးကာနီး ဖရက်ဒ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့သလို ဝက်စ်ဟမ်း ဘက်က လူစားဝင် ကစားသမား  အန်တိုနီယိုရဲ့ ကန်ချက်၊ ဒီကလန်ရိုက်စ် ရဲ့ကန်ချက်နဲ့ ဇူးမားရဲ့ ခေါင်းတိုက်ချက် တို့ကို ဒီဂီယာ လက်စွမ်းပြ ကာကွယ် နိုင်ခဲ့တာကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် တို့ ကံကောင်းခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့

တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ အနိုင် ရရှိသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးကို ကျော်တက်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

credit