မန်ချက်စတာ ယူနိုက်တက် ကို 1-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ယူ ကြယ်တစ်ပွင့်ကြောင့် ဆဲရေးတိုင်းထွာ မိတဲ့ထိ ဖြစ်ခဲ့ရတဲ့ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်
|မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတဝာ ယူနိုက်တက် နဲ့ ဝက်စ်ဟမ်း အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ ဒေးဗစ် ဒီဂီယာ ရဲ့ လက်စွမ်းပြ မှုတွေကြောင့် ဧည့်သည် အသင်း ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ် တယောက် ကွင်းအတွင်းမှာတင် အံ့အားသင့်စွာ ကျိန်ဆဲခဲ့ရပါတယ်။
ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ရပ်ရှ်ဖို့ဒ် ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက် သွင်းဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ရရှိဖို့ အကြိမ်ကြိမ် ကြိုးစားအား ထုတ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် နံပါတ်တစ် ဂိုးသမား
ဒီဂီယာ က မှော်ဝင် လက်စွမ်းတွေနဲ့ အတူ ဝက်စ်ဟမ်း အသင်းကို ရှုံးပွဲ ကြုံတွေ့စေခဲ့ပါတယ်၊ ဒေးဗစ် ဒီဂီယာ ဟာ အန်တိုနီယို ရဲ့ ကန်ချက်၊ ဇူးမား ရဲ့ ခေါင်းတိုက်ချက် နဲ့ ဒကလန်ရိုက်စ် တို့ရဲ့ ကန်ချက်တွေကို အံ့အားသင့်ဖွယ် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ထွက်ပေါ်လာတဲ့
ရုပ်သံ မှတ်တမ်းတွေ အရ မိုယက်စ် ဟာ သူ့ အသင်း သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ဒေးဗစ် ဒီဂီယာ က အကောင်းဆုံး ကာကွယ်ပြ နိုင်ခဲ့ပြီးနောက် သူ့ရဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး (What a F******Save) ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကာကွယ်မှုလဲကွာ လို့
ရေရွတ်ခဲ့တာပဲ ဖြစ်ပါတယ်၊ မိုယက်စ် ရဲ့ ဒီ ရုပ်သံဖိုင် ကလည်း ပရိသတ်တွေ အကြားမှာ ပွဲပြီးပြီးချင်း တော်တော်လေး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲစဥ်ရဲ့ ဒုတိယပိုင်းမှာ ပုံံစံကောင်းမပြနိုင်တော့ဘဲ ဝက်စ်ဟမ်း ကသာ ဂိုးရဖို့ ဖိအားပေး ကြိုးစားခဲ့တာပါ။
ပွဲပြီးခါနီး မှာတော့ အပိုင် အခွင့်အရေးတွေ ရရှိခဲ့တာ ဖြစ်ပြီး ဒီဂီယာ ရဲ့ လက်စွမ်းပြမှုတွေ ကြောင့်သာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒေးဗစ် ဒီဂီယာ ဟာ ကမ္ဘာ့ဖလား အတွက် စပိန် လက်ရွေးစင် အသင်းရဲ့ ဆန်ခါတင် ကစားသမား ၅၅ ယောက် စာရင်းမှာတောင် ထည့်သွင်း ရွေးချယ်ခံရခြင်း မရှိပါဘူး။
ဒါပေမယ့် ဒီပွဲစဥ်မှာ ပြသခဲ့တဲ့ သူ့ရဲ့ လက်စွမ်းတွေကြောင့် ဒီဂီယာ အနေနဲ့ လူးဝစ် အင်းနရစ် ရဲ့အသင်းမှာ အနည်းဆုံးတော့ ဆန်ခါတင် စာရင်း ပါဝင်သင့်တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
credit