1-0 နဲ့ လွမ်းပြီး ပြန်စေခဲ့တဲ့ ဝက်စ်ဟမ်းကို သရဲနီတွေ ဘယ်လို တီးလွှတ်လိုက်သလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ်မှာ ဝက်စ်ဟမ်း အသင််းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ကစားခဲ့ပြီး တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နိုင်ပွဲရယူသွားနိုင် ခဲ့ပါတယ်၊ ဒါဟာ ရပ်ရှ်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ သွင်းဂိုး 100 ပြည့်မြောက်တဲ့




သွင််းဂိုးလည်း ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ တိုက်စစ်မှာ ရပ်ရှ်ဖို့၊ ရော်နယ်ဒို၊ အီလန်ဂါ တို့ကို ထည့်သွင်း ကစားစေခဲ့ပြီး ကွင်းလယ်မှာ ဘရူနို၊ အဲရစ်ဆင် နဲ့ ကက်စမဲရိုး တို့ကို ထည့်သွင်းခဲ့ကာ ခံစစ်ပိုင်းမှာတော့ ဒါလော့၊ ရှော၊ မက်ဂွိုင်းယား၊ မာတီနက်ဇ် နဲ့ ဒီဂီယာ တို့ကို ထည့်သွင်းခဲ့တာ




ဖြစ်ပါတယ်။ ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီိးနဲ့ ဂိုးပေါက် ကန်သွင်းမှုတွေ အများကြီး လုပ်ဆောင််နိုင်ခဲ့ကြပြန်ပါတယ်၊ ဒါပေမယ့် ဂိုးကတော့ တစ်ဂိုးသာ ရရှိခဲ့ပါတယ်၊ ဒါ့အပြင် ခံစစ် ကစားသမားတွေ ပုံစံကောင်း ပြသမှု၊ ဒီဂီယာ ရဲ့ လက်စွမ်းပြသမှုကြောင့်




အဖိုးတန် အနိုင် သုံးမှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဂ် ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် တို့ ရှစ်ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကောင်း ရယူနိုင်ခဲ့ကြတဲ့ အဆိိုပါ ပွဲစဥ်မှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးလိုက်ပါတယ်။




ဒီဂီယာ – 8 ပထမပိုင်းမှာ အလုပ် မရှုပ်ခဲ့ပေမယ့် ပွဲစဉ် ဒုတိယပိုင်း မှာတော့ ဂိုး ဖြစ်သွားနိုင်တဲ့ အံ့ဖွယ် ဂိုးပေါက် ကာကွယ်မှုတွေ လုပ်ပြသွားနိုင်ခဲ့ပါတယ်။

ဒါလော့ – 8 အီလန်ဂါ၊ မက်ဂွိုင်းယား တို့နဲ့ တွဲဖက် ကစားရတဲ့ ပွဲစဥ်မှာ တိုက်စစ်ရော၊ ခံစစ်ပါ ဖြည့်စွက် ကစားပေးနိုင်ခဲ့တဲ့ အပြင် ဂိုးအရှေ့မှာ ဘောလုံး ရှင်းထုတ်မှု တွေလည်း လုပ်ပြသွားနိုင် ခဲ့ပါတယ်။

မက်ဂွိုင်းယား – 6 ပထမပိုင်းမှာ လှုပ်ရှားမှုတွေ နှေးကွေးနေခဲ့ သလို ပေးပို့မှုတွေ လည်း စိုးထိတ်စရာ ဖြစ်ခဲ့ရပါတယ်၊ ဒုတိယပိုင်း မှာတော့ ကောင်းမွန်တဲ့ ရှင်းထုတ်မှုတွေ လုပ်ပြနိုင်ခဲ့ပါတယ်။




မာတီနက်ဇ် – 7 စကာမက္ကာ ကို ထိန်းချုပ်ဖို့ အခက်တွေ့ ခဲ့တာက လွဲရင် ပွဲကောင်း တစ်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ပြီး တည်ငြိမ်တဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့ ပြန်ပါတယ်။

လုခ်ရှော – 7 တိုက်စစ်ကို ပုံမှန် တက်ရောက် ကစားပေးခဲ့ပြီး ဖြတ်တင််ဘော တွေလည်း ကောင်းမွန်ခဲ့ပါတယ်၊ ဒါပေမယ့် ခံစစ်ပိုင်း ကစားပုံကတော့ စိတ်ချဖွယ် မဖြစ်ခဲ့ရပါဘူး။

ကက်စမဲရိုး – 6 မန်ချက်စတာ ယူနိုက်တက် အတွက် 8 ပွဲဆက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်၊ ဒါပေမယ့် အရင်ပွဲတွေ ကတော့ လွှမ်းမိုးမှု မလုပ် ဆောင်နိုင်ခဲ့ပါဘူး၊ အနားယူဖို့ လူစားလဲခံခဲ့ သင့်ပါတယ်။

အဲရစ်ဆင် – 8 ပွဲချိန် တစ်လျှောက်လုံး မနားတမ်း ကြိုးစား ကစားပေးခဲ့ပြီး ရပ်ရှ်ဖို့ရဲ့ သွင်းဂိုး အတွက်လည်း ဖန်တီးပေး သွားနိုင် ခဲ့ပါတယ်၊ ပေးပို့မှုတွေ ကောင်းမွန်ခဲ့ပါတယ်။




အီလန်ဂါ – 4 ရှားရှား ပါးပါး ပွဲထွက်ခွင့် ရရှိတာကို အကောင်းဆုံး ဖြစ်အောင် အသုံးမချ နိုင်ခဲ့ပါဘူး၊ စွမ်းဆောင်ရည်ပိုင်း များစွာ ညံ့လွန်းခဲ့ပါတယ်။

ဘရူနို – 5 ရပ်ရှ်ဖို့ ဂိုးသွင်းနိုင်ဖို့ အဲရစ်ဆင် ဆီကို ဘောလုံး ပေးပို့နိုင်ခဲ့ပါတယ်၊ အဲ့တာက လွဲရင် တစ်ကြိမ် ဂိုးပေါက် ကန်ပြီး တစ်ကြိမ်သာ အခွင့်အရေး ဖန်တီးနိုင်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ – 7 ပထမဆုံး ခေါင်းတိုက်ချက်က ဂိုးသမား တည့်တည့် ဖြစ်သွားခဲ့ပေမယ့် နောက်တစ်ကြိမ် မှာတော့ ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်၊ ကြိုးကြိုး စားစား ကစားပေးခဲ့ပါတယ်။




ရော်နယ်ဒို – 6 ပထမပိုင်း အတွင်းမှာ အသင်းနဲ့ ချိတ်ဆက် ကစားနိုင်ဖို့ အတော််လေး ကြိုးစားခဲ့ပြီး ကွင်းလယ်အထိ ဘောလုံး ဆင်းယူခဲ့ပါတယ်၊ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ ပြန်ပါဘူး။ လူစားဝင် ကစားသမားများ- တော်မီနေး – 6၊ ဖရက်ဒ် – 6 တို့ပဲ ဖြစ်ပါတယ်။

credit