အဆင့်လေးအောက်မှာ နေကမယ့် ထိပ်သီး အသင်းတချို့ကို ထုတ်ပြောလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် ရပ်တည့်မှာ အမှတ်ပေးဇယားရဲ့ ဘယ်နေရာလဲ ဆိုတာ အသိပေး ထုတ်ပြန်လိုက်တဲ့ ဂယ်ရီနဗီးလ်
|ဂယ်ရီနဗီးလ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူး၊ ချဲလ်ဆီးနဲ့ စပါး တို့ရဲ့ အထက်မှာ ရပ်တည်နိုင်ပြီး ဒီရာသီ အဆင့်လေး ၀င်ဖို့ အခွင့်အရေးကောင်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
Erik Ten Hag ရဲ့ အသင်းဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ်မှာ ၀က်ဟမ်းကို 1-0 နဲ့ အနိုင်ရရှိခဲ့ ပြီးနောက် အမှတ်ပေး ဇယားရဲ့ အဆင့် 5 နေရာကို ရောက်ရှိလာခဲ့ပါတယ်၊ ကလပ်အတွက် ရပ်ရှ်ဖို့ဒ် သွင်းယူပေးခဲ့တဲ့ ရာပြည့်ဂိုးဟာ နှစ်သင်းကြား ခြားနားမှုကို ဖြစ်စေခဲ့ပြီး မန်ချင်စတာ ယူနိုက်တက် ဟာ
Erik Ten Hag ရဲ့ လက်အောက်မှာ အရှိန်အဟုန် ကောင်းကို ဆက်ထိန်း ထားနိုင်ခဲ့ပါတယ်၊ မန်ချင်စတာ ယူနိုက်တက် ဟာ ဒီရာသီ အဆင့်လေး နေရာအတွက် ယှဉ်ပြိုင်သွားမယ့် အသင်းတွေထဲက တစ်သင်း အဖြစ် ရှိနေပြီး တတိယနေရာက စပါး နဲ့ အဆင့် ၆ နေရာက ချဲလ်ဆီး တို့ကြား ရမှတ်
ကွာဟမှုက ငါးမှတ်ပဲ ရှိနေပါတယ်၊ လီဗာပူးကတော့ အိမ်ကွင်းမှာ လိဒ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်ကိုး နေရာကို ရောက်သွားပြီး အဆင့်လေး နေရာနဲ့ ရှစ်မှတ် အကွာမှာ ရှိနေပါတယ်၊ ဇယားထိပ် ဦးဆောင်နေတဲ့ အာဆင်နယ် နဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး တို့ဟာ ကျန် ပြိုင်ဘက်တွေကို နောက်မှာ ချန်ပြီး
အမှတ်ပေးဖလား အတွက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး နဗီးလ်က မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့်လေး ၀င်လိမ့်မယ်လို့ ထောက်ခံသွားပါတယ်၊ နဗီးလ်ဟာ Erik Ten Hag ရဲ့ လက်အောက်မှာ သူ့ အသင်းဟောင်း ပြသနေတဲ့ စိတ်ဓာတ်ပိုင်း အပေါ် အားရ ကျေနပ်လျက် ရှိနေပြီး
မန်ချက်စတာ ယူနိုက်တက် ဟာ ခြေစွမ်းပိုင်း မငြိမ် ဖြစ်နေတဲ့ လီဗာပူး၊ ချဲလ်ဆီး နဲ့ စပါး တို့ရဲ့ မရေမရာ ဖြစ်နေမှုကို အခွင့်ကောင်း ယူနိုင်တယ်လို့ ယူဆနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ အဆင့်လေး အခွင့်အရေးကို မေးမြန်းရာမှာ နဗီးလ်က ကျွန်တော် ကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အခုဆိုရင်
အဆင့်လေး ၀င်ဖို့ အရမ်းကောင်းတဲ့ အခွင့်အရေး ရှိနေတယ်လို့ ထင်ပါတယ်၊ ချဲလ်ဆီး၊ လီဗာပူး နဲ့ စပါးတို့ ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ပြီး မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဒီအသင်းတွေကို ကျော်ဖြတ်နိုင်မယ် ဆိုတဲ့ ယုံကြည်မှု ရနိုင်ပါတယ်၊ လွန်ခဲ့တဲ့ လေးပတ် ငါးပတ်လောက်က ကျွန်တော် ဒီလိုမျိုး လုံး၀ မတွေးခဲ့ပါဘူး။
ခင်ဗျားတို့ မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်ပိုင်းကို ကြည့်လိုက်ပါ၊ သူတို့ ဒီအချိန်မှာ ပြိုင်ဘက် တွေထက် အားနည်းနေဟန် ရှိနေပေမယ့် Erik Ten Hag ရဲ့ စွမ်းဆောင်မှုကြောင့် သူတို့ အရမ်းကို ကောင်းတဲ့ စ်ိတ်ဓာတ်ပိုင်းကို ပြသနေပြီ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်၊ အင်္ဂလန် ကွင်းလယ်လူဟောင်း
ဂျေမီရက်နက် ကလည်း မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ လီဗာပူး ရဲ့ အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပါတယ်၊ အားလုံးက မန်စီးတီး နဲ့ လီဗာပူး ဟာ ဒီရာသီမှာလည်း နောက်တစ်ကြိမ် ပြိုင်ဘက်တွေကို အပြတ် ဖြတ်ထားနိုင်မယ်လို့ ယူဆခဲ့ကြပါတယ်၊ လီဗာပူး တို့ အခုလို ဖြစ်ပျက်နေ တာတွေကို လူ တော်တော်များများ
ထင်ထားခဲ့မှာ မဟုတ်ပါဘူး၊ ကျွန်တော်လည်း ဒီ အတိုင်းပါပဲ၊ လီဗာပူး တို့ အဆင့်တစ် နဲ့ နှစ် တစ်ခုခုပဲလို့ ကျွန်တော် ထင်ထားခဲ့တာပါ၊ အခုဆိုရင် သူတို့ဟာ အဆင့်လေး ၀င်ဖို့ အတွက်တောင် အတော်လေး တိုက်ပွဲ၀င်ရ တော့မှာပါ၊ မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူး ထက် ပိုကောင်းတဲ့ ပုံ ရှိနေပါတယ်။
ဒါက ထင်ရှားပါတယ်၊ လီဗာပူး အသင်းကတော့ အဖြေထက် မေးခွန်း ထုတ်စရာတွေက ပိုများနေပါတယ်၊ ကျွန်တော် ကတော့ လီဗာပူးတို့ အဆင့်လေး ၀င်မယ်လို့ လုံးဝ မထင်မိပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ကတော့ လီဗာပူး ကို ကျော်ပြီး အဆင့်လေး ၀င်နိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit