ရီးရဲလ်မက်ဒရစ်က ကက်စမဲရိုးနဲ့ မန်ချက်စတာ ယူနိုက်တက် က ကက်စမဲရိုးရဲ့ ကွာဟမှုကို ထုတ်ပြောလာတဲ့ ဂယ်ရီနဗီးလ်
|ရီးရဲလ်မက်ဒရစ် ကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ် ကစားသမား ကက်စမဲရိုး ကို မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီးလ် က အရမ်း သဘောကျနေပြီး ဘရာဇီးလ်သားဟာ တွဲဖက် ကစားတဲ့ အသင်းဖော်တွေကို ခြေစွမ်း ပိုမို ကောင်းမွန် လာစေတယ်လို့ ယူဆနေပါတယ်။ ကက်စမဲရိုး ရဲ့ စွမ်းဆောင်ရည်ကို
နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း အထင်ကြီး သဘောကျနေပြီး နောက်ဆို ပိုပြီး ကောင်းတဲ့ ခြေစွမ်းတွေ မြင်ရဦးမယ်လို့ မျှော်မှန်းနေကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီးလ် ကတော့ ဘရာဇီးလ်သားနဲ့ ပက်သက်ပြီး ယခုလို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ကက်စမဲရိုး က အသင်းဖော်
ကစားသမားတွေကို တိုးတက် လာစေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ ကြည့်လိုက်ရင် အဲရစ်ဆင်၊ ကက်စမဲရိုး၊ ဖာနန်ဒက်စ် တစ်ယောက်မှ မလျင်မြန်ပါဘူး၊ စစ်မှန်တဲ့ ကွင်းလယ်ခံစစ် ကစားသမားတွေလို ခေါ်လို့ မရဘူး၊ ဒါပေမယ့် ခရူးစ်၊ မိုဒရစ် တို့နဲ့ ရီးရဲလ်မက်ဒရစ် မှာ ကက်စမဲရိုး ပါဝင် ကစားခဲ့တဲ့ ကွင်းလယ်ကို တွေးမိတယ်။ ပြီးတော့ အဲရစ်ဆင်
ဖာနန်ဒက်စ် တို့နဲ့ တွဲ ကစားနေတဲ့ သူ့ကို ကြည့်တယ်၊ ခရူးစ် နဲ့ မိုဒရစ် က အများကြီး ပိုကောင်းတဲ့ ကစားသမားတွေပါ၊ ဒါပေမယ့် ဒီမှာ ကျွန်တော်တို့ မြင်တွေ့နေရတာ တွေနဲ့ တူညီတဲ့ ပုံစံလေးတွေ ရှိနေပါတယ်၊ အဲ့ဒီ ၃ ယောက်က ဥရောပ ကို နှစ်များစွာ ကြီးစိုးခဲ့ပြီး အကြီးမားဆုံး ပွဲတွေမှာ ကစားခဲ့တာပါ။
ပြိုင်ဘက်တွေကို ကောင်းကောင်း ထိန်းချုပ်ခဲ့တယ်၊ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ကက်စမဲရိုး နဲ့ အခု ဒီက ကက်စမဲရိုး မှာ တူညီတဲ့ တစုံတရာ ရှိပါတယ်၊ အဲဒါက ညက်ညောမှု၊ ပြေပြစ်တဲ့ ကစားဟန်ပါပဲ၊ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပိုကောင်းတဲ့ လမ်းကြောင်း တစ်ခု သူပေး နေပါတယ်။
မန်စီးတီး နဲ့ အဝေးကွင်း ပွဲမှာ သူတို့ နည်းနည်း ရုန်းကန် ခဲ့ရပေမယ့် အိမ်ကွင်းမှာ မန်စီးတီး လာကစားတဲ့ အခါ အဲ့ဒီ သုံးယောက်ကို အဲရစ် တန်ဟက် ဂ် အသုံးပြုမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းမှာပါ၊ ဒါက တကယ်ကို စမ်းသပ်မှု ဖြစ်လိမ့်မယ်။ လို့ ဂယ်ရီနဗီးလ် က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကတော့ ဘရာဇီးလ်သားနဲ့ ပက်သက်ပြီး
ယခုလို ဖွင့်ဟ သွားခဲ့ပါတယ်။ Erik Ten Hag က- ကျွန်တော့် အတွက် ကက်စမဲရိုး က သိပ်တော်ပါတယ်၊ သူဘာကြောင့် ချန်ပီယံလိဂ် ၅ ကြိမ် အောင်မြင်ခဲ့ပြီး ထိပ်တန်း အဆင့်မှာ အကြာကြီး စွမ်းဆောင် နိုင်နေလဲ ဆိုတာ ခင်ဗျားတို့ မြင်နိုင်ကြမှာပါ။ ကျွန်တော်တို့ ပွဲတိုင်း လေ့ကျင့်ရေးတိုင်းမှာ ဒါကို မြင်နေရတယ်၊ သူက ပိုပိုပြီး ကောင်းလာဖို့ပဲ ရှိတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit