ကမ္ဘာ့ဖလားကို လွဲချော်မယ့် ကစားသမားတွေ အတွက် ခြေစမ်းပွဲ တစ်ပွဲ စီစဉ်ပေးထားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကျင်းပနေတဲ့ အချိန်ကာလ အတွင်းမှာ စပိန် လာလီဂါ ကလပ် ကာဒစ်ဇ် အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်လိုက်ပြီ ဖြစ်ကြောင်း အသင်းရဲ့ တရားဝင် တွစ်တာ စာမျက်နှာ ပေါ်က တဆင့် ထုတ်ပြန် လိုက်ပါတယ်။




ကာတာ နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ အထိ တစ်လနီးပါး ကျင်းပသွားမှာ ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကမ္ဘာ့ဖလားကို လိုက်ပါ ဆင်နွဲခွင့် မရှိတဲ့ ကစားသမားတွေနဲ့ ခြေစမ်းပွဲ တစ်ပွဲ ကစားဖို့ အတွက်




မန်ချင်စတာ ယူနိုက်တက် အသင်းဘက်က ပြင်ဆင်လာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ နိုဝင်ဘာ ၁၃ ရက်နေ့ ဖူလ်ဟမ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ကစားပြီးတာနဲ့ world cup ကြောင့် ဒီဇင်ဘာ ၂၈ ရက် နေ့မှသာ နော်တင်ဟမ် ဖောရက်စ် နဲ့ ပြန်လည် ကစားရမှာတော့ ဖြစ်လို့




world cup မှာ ပါဝင်ခြင်း မရှိတဲ့ ကစားသမားတွေနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာဒစ်ဇ် နဲ့ လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကာဒစ်ဇ် အိမ်ကွင်းမှာ ခြေစမ်းပွဲ တစ်ပွဲ ကစားသွားမှာ ဖြစ်ပြီး ဒီခြေစမ်း ပွဲစဉ်က ဒီဇင်ဘာလ နှောင်းပိုင်း




ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အပြီး ပရီးမီးယားလိဂ် ပြန်လည် မစတင်ခင်မှာ အဲရစ် တန်ဟက်ဂ် နဲ့ အတူ ကမ္ဘာ့ဖလားမှာ ပါဝင်ခြင်း မရှိတဲ့ ကစားသမား တချို့က တစ်ပတ်ကြာ ဆောင်းရာသီ လေ့ကျင့်ခန်း အတွက် အခုလို စီစဉ်လိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်၊ လက်ရှိ အခြေအနေတွေ အရဆိုရင်




ဒီဂီယာ၊ မာရှယ်၊ ဆန်ချို၊ ဗန်ဒယ်ဘိခ် တို့လို ထိပ်တန်း ကစားသမားတွေက သူတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေနဲ့ လက်ရွေးစင် အသင်းတွေရဲ့ ချန်လှပ်မှု တွေကြောင့် ကမ္ဘာ့ဖလားကို လွဲချော်ရဖို့ ရှိနေရသလို တွမ်မီနေး၊ လင်ဒီလော့၊ အီလန်ဂါ တို့ လက်ရွေးစင် အသင်းတွေဟာလည်း




ကမ္ဘာ့ဖလားကို ခြေစစ်ပွဲ မအောင်ထား ခဲ့တာကြောင့် ကာဒစ်ဇ်နဲ့ ခြေစမ်းပွဲမှာ ပါဝင်လာရဖို့ ရှိနေပါတယ်၊ ဒါ့အပြင် ဒဏ်ရာ ပြသာနာ ရှိနေရတဲ့ နောက်ခံလူ ဗာရန်းလည်း ကမ္ဘာ့ဖလားနဲ့ လွဲချော်ရနိုင်ဖွယ် ရှိနေလို့ တကယ်လို့သာ ဒေ့ရှောင့်က ဗာရန်းကို ပြင်သစ် လူစာရင်းကနေ ချန်လှပ်ခဲ့ မယ်ဆိုရင် ဗာရန်းလည်း ကာဒစ်ဇ်နဲ့ ပွဲမှာ ပါဝင်လာနိုင်ပါတယ်။

credit